ကစားသမား ၅ ဦးထိ ထွက်ခွာဖွယ် ရှိခြင်း၊ အမျက်ထွက်နေတဲ့ လင်ဂတ်နဲ့ မန်ယူနိုက်တက် သတင်းတိုများ

ဝက်စ်ဟမ်းခံစစ်မှုး ခရစ် ဒေါ်ဆန်က မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးမိနစ်ထိ အလျှော့မပေးဘဲ ကြိုးစားကာ ဂိုးသွင်းနိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်း မာကျောမှု က ချီးကျူးစရာပဲ လို့ ဝန်ခံစကား ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ကိုဗစ်ကြောင့် ပွဲရွှေ့ဆိုင်းတဲ့ စည်းမျဥ်းတွေ ပြန်လည် ပြင်ဆင်ဖို့ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ကိုဗစ် ဖြစ်သူ တစ်ယောက်တည်း ရှိခဲ့တဲ့ အာဆင်နယ်က ပွဲရွှေ့ခဲ့တဲ့ ဖြစ်စဉ်ကြောင့် စည်းမျဉ်းရဲ့ အားနည်းချက်တွေကို ပြန် ညှိ ပြင်ဆင်ကြတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံး သီတင်းပတ်ထဲမှာ ကစားသမား ၅ ဦးထိ ထွက်ခွာဖို့ ခွင့်ပြုဖွယ် ရှိနေကြောင်း ESPN သတင်းက ဖော်ပြထားပါတယ်။

အန်တိုနီ မာရှယ်က ဆီဗီလာ အသင်းထံ အငှား ကစားဖို့ ထွက်ခွာပြီး ဖြစ်သလို လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဘိုင်လီ၊ ဒင်း ဟန်ဒါဆန် တို့ ယူနိုက်တက် ထွက်ခွာဖွယ် ရှိနေပါတယ်။

လူငယ်အသင်းတွေရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်ကို အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ရှိကြောင်း သိရပါတယ်။ ယူနိုက်တက် U18s အသင်းဟာ အဲဗာတန် U18s အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီလထဲမှာ အငှား ထွက်ကစားချင်နေပြီ ဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ တွန့်ဆုတ်နေမှုကြောင့် အခုထိ ထွက်ခွာခွင့် မရသေးတဲ့ အပေါ် လင်ဂတ်က စိတ်ပျက်နေပြီး အသင်းက သူ့ကို မလေးမစား လုပ်နေတယ်လို့ ယူဆနေပါတယ်။

Zawgyi

ဝက္စ္ဟမ္းခံစစ္မႈး ခရစ္ ေဒၚဆန္က မန္ခ်က္စတာ ယူနိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ေနာက္ဆံုးမိနစ္ထိ အေလွ်ာ့မေပးဘဲ ၾကိဳးစားကာ ဂိုးသြင္းနုိင္ခဲ့တဲ့ စိတ္ဓာတ္ပိုင္း မာေက်ာမႈ က ခ်ီးက်ဴးစရာပဲ လို႔ ဝန္ခံစကား ဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ ကိုဗစ္ေၾကာင့္ ပြဲေရႊ႕ဆိုင္းတဲ့ စည္းမ်ဥး္ေတြ ျပန္လည္ ျပင္ဆင္ဖို႔ ေဆြးေႏြးေတာ့မွာ ျဖစ္ပါတယ္။ ကိုဗစ္ ျဖစ္သူ တစ္ေယာက္တည္း ရွိခဲ့တဲ့ အာဆင္နယ္က ပြဲေရႊ႕ခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ စည္းမ်ဥ္းရဲ႕ အားနည္းခ်က္ေတြကို ျပန္ ညွိ ျပင္ဆင္ၾကေတာ့မွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ ေနာက္ဆံုး သီတင္းပတ္ထဲမွာ ကစားသမား ၅ ဦးထိ ထြက္ခြာဖို႔ ခြင့္ျပဳဖြယ္ ရွိေနေၾကာင္း ESPN သတင္းက ေဖာ္ျပထားပါတယ္။

အန္တိုနီ မာရွယ္က ဆီဗီလာ အသင္းထံ အငွား ကစားဖို႔ ထြက္ခြာျပီး ျဖစ္သလို လင္ဂတ္၊ ဗန္ဒီဘိခ္၊ ဘိုင္လီ၊ ဒင္း ဟန္ဒါဆန္ တို႔ ယူနိုက္တက္ ထြက္ခြာဖြယ္ ရွိေနပါတယ္။

လူငယ္အသင္းေတြရဲ႕ အက္ဖ္ေအဖလား ပဥၥမအဆင့္ ပြဲစဥ္ကို အိုးထရက္ဖို႔ဒ္မွာ ကစားဖို႔ ရွိေၾကာင္း သိရပါတယ္။ ယူနိုက္တက္ U18s အသင္းဟာ အဲဗာတန္ U18s အသင္းနဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ဒီလထဲမွာ အငွား ထြက္ကစားခ်င္ေနျပီ ျဖစ္ေပမယ့္ ယူနိုက္တက္ရဲ႕ တြန္႔ဆုတ္ေနမႈေၾကာင့္ အခုထိ ထြက္ခြာခြင့္ မရေသးတဲ့ အေပၚ လင္ဂတ္က စိတ္ပ်က္ေနျပီး အသင္းက သူ႔ကို မေလးမစား လုပ္ေနတယ္လို႔ ယူဆေနပါတယ္။