အဆင့် ၄ အတွင်း ဝင်ဖို့ ချယ်ဆီး၊ ယူနိုက်တက် ဘယ်အသင်းသာမလဲ ဂျိုကိုးလ် သုံးသပ်

ညက ပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက်က စပါးနဲ့ ၁ ဂိုး စီ သရေကျခဲ့သော်လည်း လူစုံတက်စုံ အင်အားပြည့်နေတဲ့ ယူနိုက်တက်ဟာ ပိုမို ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ခြေတက်လာနေတဲ့ ယူနိုက်တက်နဲ့ လက်ရှိ အဆင့် ၄ နေရာမှာ ရှိနေတဲ့ ချယ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ လုမယ့် အခြေအနေကို ဂျိုကိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။ ဂျိုကိုးလ်ကတော့ ယူနိုက်တက် ကောင်းလာနေပေမယ့် ချယ်ဆီးနေရာ ဝင်ယူနိုင်ဖို့ မလွယ်ဘူးလို့ ယူဆထားပါတယ်။

” ပြောရတော့ ခက်တယ်။ လောလောဆယ် ကြုံနေရတာက ကျနော်တို့ မမြင်ဖူး မကြုံဖူးတဲ့ အခက်အခဲ ကာလကြီး ဖြစ်နေတော့ ဘာတွေ ဖြစ်လာဦးမလဲတော့ မသိဘူး။ ဒါပေမယ့် ပေါ့ဘာက ယူနိုက်တက် အတွက် ပြန်ကောင်းလာတာ၊ ဘရူနို ဖာနန်ဒက်စ်ကလည်း နည်းနည်းချင်း ပို အထိုင်ကျလာတာ ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ သူတို့ ချယ်ဆီးကို အမှီလိုက်ဖို့ ကြိုးစားလိမ့်မယ်။

ယူနိုက်တက်က ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာပါလိမ့်မယ်။ ဒါပေမယ့် ဖရန့်လမ်းပတ်ကလည်း သူ့ရဲ့ လက်ရှိနေရာကို ထိန်းထားဖို့ လုံလောက်တဲ့ အင်အား ရှိတယ်။ ဖရန့်က အောင်နိုင်သူ ဖြစ်တယ် ဆိုတာ ကျနော် သိတော့ ဒီတော့ သူလည်း အက်ဖ်အေဖလားကို ယူဖို့ ကြိုးစားလိမ့်မယ်။ ဒါကလည်း ဆုဖလားတွေကို မြင်ချင်တဲ့ ချယ်ဆီး ပရိသတ်တွေ အတွက်ပါ။ ” လို့ ကိုးလ်က ဆိုပါတယ်။

စပါးကို သရေကျလိုက်တာက ယူနိုက်တက် အတွက် ပို အကြပ်တွေ့စေခဲ့ပြီး ချယ်ဆီးက အက်စတွန်ဗီလာကိုသာ အနိုင် ကန်လိုက်ရင် မန်ချက်စတာ ကလပ်အတွက် ပို ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ချယ်ဆီးက လက်စတာနောက် ငါးမှတ်အကွာနဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ယူနိုက်တက်ကတော့ ချယ်ဆီးထက် တစ်ပွဲ ပို ကစားကာ ၂ မှတ် အကွာမှာ ရှိပါတယ်။

Zawgyi – ညက ပရီးမီးယားလိဂ္ ပြဲမွာ ယူနုိက္တက္က စပါးနဲ႕ ၁ ဂိုး စီ သေရက်ခဲ့ေသာ္လည္း လူစံုတက္စံု အင္အားျပည့္ေနတဲ့ ယူနိုက္တက္ဟာ ပိုမို ေကာင္းမြန္တဲ့ ပံုစံနဲ႔ ျပန္လာနုိင္မယ္လို႔ ယံုၾကည္ရပါတယ္။

ေျခတက္လာေနတဲ့ ယူနိုက္တက္နဲ႕ လက္ရွိ အဆင့္ ၄ ေနရာမွာ ရွိေနတဲ့ ခ်ယ္ဆီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ လုမယ့္ အေျခအေနကို ဂ်ိဳကိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။ ဂ်ိဳကိုးလ္ကေတာ့ ယူနိုက္တက္ ေကာင္းလာေနေပမယ့္ ခ်ယ္ဆီးေနရာ ၀င္ယူနိုင္ဖို႔ မလြယ္ဘူးလို႔ ယူဆထားပါတယ္။

” ေျပာရေတာ့ ခက္တယ္။ ေလာေလာဆယ္ ၾကံဳေနရတာက က်ေနာ္တို႔ မျမင္ဖူး မၾကံဳဖူးတဲ့ အခက္အခဲ ကာလၾကီး ျဖစ္ေနေတာ့ ဘာေတြ ျဖစ္လာဦးမလဲေတာ့ မသိဘူး။ ဒါေပမယ့္ ေပါ့ဘာက ယူနိုက္တက္ အတြက္ ျပန္ေကာင္းလာတာ၊ ဘရူနို ဖာနန္ဒက္စ္ကလည္း နည္းနည္းခ်င္း ပို အထိုင္က်လာတာ ၾကည့္ရတာ အေျခအေန ေကာင္းပါတယ္။ သူတို႔ ခ်ယ္ဆီးကို အမွီလိုက္ဖို႔ ၾကိဳးစားလိမ့္မယ္။

ယူနိုက္တက္က ပိုျပီး သန္မာတဲ့ ပံုစံနဲ႕ ျပန္လာပါလိမ့္မယ္။ ဒါေပမယ့္ ဖရန္႔လမ္းပတ္ကလည္း သူ႔ရဲ႕ လက္ရွိေနရာကို ထိန္းထားဖို႔ လံုေလာက္တဲ့ အင္အား ရွိတယ္။ ဖရန္႕က ေအာင္နုိင္သူ ျဖစ္တယ္ ဆိုတာ က်ေနာ္ သိေတာ့ ဒီေတာ့ သူလည္း အက္ဖ္ေအဖလားကို ယူဖို႔ ၾကိဳးစားလိမ့္မယ္။ ဒါကလည္း ဆုဖလားေတြကို ျမင္ခ်င္တဲ့ ခ်ယ္ဆီး ပရိသတ္ေတြ အတြက္ပါ။ ” လို႔ ကိုးလ္က ဆိုပါတယ္။

စပါးကို သေရက်လိုက္တာက ယူနိုက္တက္ အတြက္ ပို အၾကပ္ေတြ႔ေစခဲ့ျပီး ခ်ယ္ဆီးက အက္စတြန္ဗီလာကိုသာ အနိုင္ ကန္လိုက္ရင္ မန္ခ်က္စတာ ကလပ္အတြက္ ပို ခက္ခဲသြားေစမွာ ျဖစ္ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ ခ်ယ္ဆီးက လက္စတာေနာက္ ငါးမွတ္အကြာနဲ႕ အဆင့္ ၄ ေနရာမွာ ရွိေနျပီး ယူနိုက္တက္ကေတာ့ ခ်ယ္ဆီးထက္ တစ္ပြဲ ပို ကစားကာ ၂ မွတ္ အကြာမွာ ရွိပါတယ္။