ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (20/06/20)

စပါးနဲ့ သရေကျ ပြီးနောက် မန်ချက်စတာယူနိုက်တက်က နောက်တစ်ပွဲမှာ ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာပြီး အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် ချယ်ဆီးအသင်းကလည်း လက်ရှိနေရာကနေ ဖယ်မပေးအောင် ထိန်းထားဖို့ လုံလောက်မှု ရှိကြောင်း ဂျိုကိုးလ်က သုံးသပ်သွားပါတယ်။

ယူနိုက်တက်ဟာ နွေပစ်မှတ်အဖြစ် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ကို အဓိက ပစ်မှတ်ထားနေပေမယ့် ယူနိုက်တက် အသင်းသားဟောင်း ရွိုင်ယန်ဂစ်ကတော့ အသင်း လိုအပ်နေတာက အထောင်တိုက်စစ်သမား ဖြစ်ပြီး စိတ်ဓါတ် ပိုပြင်တဲ့သူကို အလိုရှိတယ်လို့ ဆိုခဲ့ပါတယ်။

စပါးနဲ့ ပွဲမှာ ပေါ့ဘာ ဝင်လာပြီးမှာ ယူနိုက်တက် ကစားပုံ ပိုကောင်းလာခဲ့သလို ပင်နယ်တီကနေလည်း ချေပဂိုး ရယူနိုင်ခဲ့တာကို ထောက်ပြပြီး အီဗရာကတော့ ပြင်သစ်သားကို ရောင်းစေချင်သူတွေ ပြန်စဉ်းစားသင့်ကြောင်း သတိပေးလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှာကလည်း စပါးနဲ့ပွဲမှာ ပေါ့ဘာရဲ့ ထောက်ပံ့နိုင်မှုတွေကို မြင်ခဲ့ရပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို သူ ပေးပို့ခဲ့တာက ဒီနေ့ရဲ့ အကောင်းဆုံး ပေးပို့မှုဖြစ်တယ်လို့ ပေါ့ဘာကို ချီးကျူးခဲ့ပါတယ်။

ညက ပရီးမီးယားလိဂ်ပွဲ မှာ VAR ကြောင့် နောက်ကျ ပင်နယ်တီ မရခဲ့တဲ့အပေါ် ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က စောဒက မတက်လိုခဲ့ပဲ နားလည်ကြောင်း ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှ ယူနိုက်တက်၊ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ဟာ လီဗာကူဆင် အသင်းမှ ပေါင် သန်း ၄၀ တန် တောင်ပံတိုက်စစ်သမား ဘိုင်လီကို အပြိုင် ကြိုးပမ်းလာကြပါတယ်။

ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းအပေါ် ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် ဆိုးရှားကတော့ ဒီဂီယာ နေရာမှာ ကိန်း ကိုယ်တိုင် ဝင်ဖမ်းတောင် ဒိထက် ပိုပြီး ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ကြောင်း စပိန်သားဘက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

Zawgyi – စပါးနဲ့ သရေကျ ပြီးနောက် မန်ချက်စတာယူနိုက်တက်က နောက်တစ်ပွဲမှာ ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာပြီး အဆင့် ၄ အတွင်း ၀င်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် ချယ်ဆီးအသင်းကလည်း လက်ရှိနေရာကနေ ဖယ်မပေးအောင် ထိန်းထားဖို့ လုံလောက်မှု ရှိကြောင်း ဂျိုကိုးလ်က သုံးသပ်သွားပါတယ်။





