ချာလ်တန်အသင်းမှ အသက် ၁၈ နှစ် အရွယ် တိုက်စစ်မှုးလေး မေဆန် ဘတ်စ်ထရို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲ ချယ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။
ဝုဗ် တောင်ပံတိုက်စစ်သမား ထရာအိုရေးဟာ အသင်းဟောင်း ဘာစီလိုနာ ထံ ရာသီကုန်ထိ အငှား သွားရောက် ကစားဖို့ စပိန်သို့ ရောက်ရှိ ဆေးစစ်နေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ က ထရာအိုရေးကို ယူရို သန်း ၃ဝ နဲ့ ခေါ်ယူခွင့်လည်း ရရှိထားပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ကို ခေါ်ယူဖို့ အတွက် တောက်လျောက် ချိတ်ဆက်မှုတွေ ရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ပြင်သစ် အင်အားကြီးကလပ်ဟာ အမ်ဘတ်ပီကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရရင် အစားထိုးဖို့ ရက်ဖို့ဒ်ကို ပစ်မှတ်ထားနေတာပါ။

ပြင်သစ်ဘက်က သတင်းတွေ အရ လာမယ့်နွေ ဦးစားပေး ပစ်မှတ် အဖြစ် ပီအက်စ်ဂျီက ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာကို သတ်မှတ်ထားကြောင်း သိရပါတယ်။ ပေါ့ဘာကလည်း နွေမှာ စာချုပ်ကုန်ဆုံးလို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမှာပါ။
ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်နဲ့ အဲဗာတန် အသင်းတို့ဟာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် သောမတ်စ် မူလာ ကို ခေါ်ယူဖို့ စောင့်ကြည့် ချိန်ရွယ်နေကြောင်း သတင်းထွက်လာပါတယ်။
လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ ချိတ်ဆက်နေတဲ့ ပေါ်တို တောင်ပံတိုက်စစ်သမား လူးဝစ် ဒီယက်စ် ကို ဒီရက်ပိုင်း အတွင်း ခေါ်ယူဖို့ လှုပ်ရှားနေပြီး ကိုလံဘီယာသားကို ရဖို့ များနေပါတယ်။

ချယ်ဆီးနဲ့ နွေမှာ လမ်းခွဲတော့မယ့် ခံစစ်မှုး ကွီတာကို ဘာစီလိုနာက ချိတ်ဆက်နေတဲ့ အပြင် ရီးရဲလ်မက်ဒရစ် ကပါ ပါဝင်လာပြီ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှုး အန်ဒီ ကာရိုးလ်ဟာ ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်း အသင်းထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူနေပြီ ဖြစ်ပါတယ်။
