လော့ဖ်တပ်ချိစ်ကို နေရာသစ်မှာ ကစားစေဖို့ စမ်းသပ်လေ့ကျင့်နေတဲ့ နည်းပြ လမ်းပတ်

ချယ်ဆီးနည်းပြ ဖရန့် လမ်းပတ်ဟာ အင်္ဂလန်သား ကွင်းလယ်ကစာသမား ရူဘန် လော့ဖ်တပ်ချိစ်ကို ဒီတစ်ကြိမ် ပွဲပြန်ကစားရင် ချယ်ဆီးအသင်းဟယ ဘယ်တောင်ပံ တိုက်စစ်နေရာ ဝင် ကစားစေဖို့ စမ်းသပ် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့နှစ် မေလတည်းက စလို့ ခြေဖနောင့် ဒဏ်ရာကြောင့် ကာလရှည် အနားယူ ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် ပွဲတွေ ပြန်စရင် ပြန်ကစားဖို့ အင်္ဂလန်သားက ကြံ့ခိုင်မှု အပြည့်နဲ့ အသင့် ဖြစ်နေပြီး ချယ်ဆီးကလည်း ဒီညမှာ ဗီလာနဲ့ ရင်ဆိုင် ကစားတော့မှာပါ။

The Athletic သတင်းဌာနရဲ့ အဆိုအရတော့ လော့ဖ်တပ်ချိစ်ဟာ ချယ်ဆီးအသင်းရဲ့ ရာသီသိမ်း ကောင်းမွန်စွာ အဆုံးသတ်နိုင်ဖို့ အထူးလေ့ကျင့် ပြင်ဆင်မှုများထဲမှာ နေရာသစ်က ကစားဖို့ လေ့ကျင့်ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီလ အစောပိုင်းက ကွင်းပိတ် ခြေစမ်းပွဲ တစ်ပွဲမှာလည်း လော့ဖ်တပ်ချိစ်က မိနစ် ၉၀ ပြည့် ပါဝင်ကစားသွားပြီး ၁ ဂိုးပါ သွင်းခဲ့ပါတယ်။

ဒါ့အပြင် QPR နဲ့ ခြေစမ်းပွဲမှာတော့ ဘယ်တောင်ပံက ပါဝင်ကစားသွားပြီး ၂ ဂိုးပါ သွင်းနိုင်ခဲ့ပါတယ်။ ဒဏ်ရာ မရခင်က လော့ဖ်တပ်ချိစ်ဟာ ကွင်းလယ်ဗဟိုက ကစားသူ ဖြစ်ပေမယ့် အခုလို တောင်ပံကပါ ကစားနိုင်တာကြောင့် လမ်းပတ်အတွက် ကစားကွက် အခင်းအကျင်း အပြောင်းအလဲတွေ ပို လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

လမ်းပတ်က လော့ဖ်တပ်ချိစ်ကို အလုပ်ဒဏ်ပိအောင်တော့ များများ ကစားခိုင်းဖို့ မရည်ရွယ်သေးဘဲ သတိနဲ့ ကိုင်တွယ်သွားဦးမယ်လို့ ပြောဆိုထားပါတယ်။

” သူ (လော့ဖ်တပ်ချိစ်) က ကြံ့ခိုင်မှု ပြည့်နေပြီ။ ထရိန်နင် ပွဲတွေမှာလည်း ဝင် ကစားတယ်။ သူကိုယ်တိုင်လည်း ပြန်ကစားနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစား အလုပ်လုပ်နေတာပါ။ သူ့အတွက် ဒဏ်ရာ ရခဲ့တာ မလွယ်ကူပါဘူး ကျနော်တို့လည်း တစ်ရာသီလုံး သူ့ကို လက်လွှတ်ထားရတာပါ။ အရမ်း ဝန်ပိအောင် မလုပ်သေးဘဲ သတိထားရမယ်။ ဒါပေမယ့် သူကတော့ ပွဲကစားဖို့ စောင့်နေပြီ။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ဟာ အဂၤလန္သား ကြင္းလယ္ကစာသမား ရူဘန္ ေလာ့ဖ္တပ္ခ်ိစ္ကို ဒီတစ္ၾကိမ္ ပြဲျပန္ကစားရင္ ခ်ယ္ဆီးအသင္းဟယ ဘယ္ေတာင္ပံ တိုက္စစ္ေနရာ ၀င္ ကစားေစဖို႔ စမ္းသပ္ ေလ့က်င့္မႈေတြ ျပဳလုပ္ေနပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမားဟာ ျပီးခဲ့တဲ့နွစ္ ေမလတည္းက စလို႔ ေျခဖေနာင့္ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူ ကုသမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ၾကိမ္ ပြဲေတြ ျပန္စရင္ ျပန္ကစားဖို႔ အဂၤလန္သားက ၾကံ႕ခိုင္မႈ အျပည့္နဲ႕ အသင့္ ျဖစ္ေနျပီး ခ်ယ္ဆီးကလည္း ဒီညမွာ ဗီလာနဲ႕ ရင္ဆုိင္ ကစားေတာ့မွာပါ။

The Athletic သတင္းဌာနရဲ႕ အဆိုအရေတာ့ ေလာ့ဖ္တပ္ခ်ိစ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ ရာသီသိမ္း ေကာင္းမြန္စြာ အဆံုးသတ္နုိင္ဖို႔ အထူးေလ့က်င့္ ျပင္ဆင္မႈမ်ားထဲမွာ ေနရာသစ္က ကစားဖို႔ ေလ့က်င့္ပါ၀င္ေနတယ္လို႔ သိရပါတယ္။ ဒီလ အေစာပိုင္းက ကြင္းပိတ္ ေျခစမ္းပြဲ တစ္ပြဲမွာလည္း ေလာ့ဖ္တပ္ခ်ိစ္က မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားသြားျပီး ၁ ဂိုးပါ သြင္းခဲ့ပါတယ္။

ဒါ့အျပင္ QPR နဲ႕ ေျခစမ္းပြဲမွာေတာ့ ဘယ္ေတာင္ပံက ပါ၀င္ကစားသြားျပီး ၂ ဂိုးပါ သြင္းနုိင္ခဲ့ပါတယ္။ ဒဏ္ရာ မရခင္က ေလာ့ဖ္တပ္ခ်ိစ္ဟာ ကြင္းလယ္ဗဟိုက ကစားသူ ျဖစ္ေပမယ့္ အခုလို ေတာင္ပံကပါ ကစားနုိင္တာေၾကာင့္ လမ္းပတ္အတြက္ ကစားကြက္ အခင္းအက်င္း အေျပာင္းအလဲေတြ ပို လုပ္နုိင္ေတာ့မွာ ျဖစ္ပါတယ္။

လမ္းပတ္က ေလာ့ဖ္တပ္ခ်ိစ္ကို အလုပ္ဒဏ္ပိေအာင္ေတာ့ မ်ားမ်ား ကစားခိုင္းဖို႔ မရည္ရြယ္ေသးဘဲ သတိနဲ႕ ကိုင္တြယ္သြားဦးမယ္လို႔ ေျပာဆိုထားပါတယ္။

” သူ (ေလာ့ဖ္တပ္ခ်ိစ္) က ၾကံ႕ခိုင္မႈ ျပည့္ေနျပီ။ ထရိန္နင္ ပြဲေတြမွာလည္း ၀င္ ကစားတယ္။ သူကိုယ္တိုင္လည္း ျပန္ကစားနုိင္ဖို႔ ျပင္းျပင္းထန္ထန္ ၾကိဳးစား အလုပ္လုပ္ေနတာပါ။ သူ႔အတြက္ ဒဏ္ရာ ရခဲ့တာ မလြယ္ကူပါဘူး က်ေနာ္တို႔လည္း တစ္ရာသီလံုး သူ႔ကို လက္လႊတ္ထားရတာပါ။ အရမ္း ၀န္ပိေအာင္ မလုပ္ေသးဘဲ သတိထားရမယ္။ ဒါေပမယ့္ သူကေတာ့ ပြဲကစားဖို႔ ေစာင့္ေနျပီ။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။