အာဆင်နယ်ရဲ့ အပယ်ခံ ကစားသမားကို ခေါ်ဖို့ အံ့ဖွယ် ချိန်ရွယ်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် အသင်းဟာ အာဆင်နယ် အသင်းရဲ့ အပယ်ခံ ခံစစ်မှုး ဝီလျံ ဆာလီဘာကို ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း စပိန်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

၂ဝ၁၉ ဇူလိုင်မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂ဝ အရွယ် ခံစစ်မှုးဟာ အခုထိ ဂန်းနားတွေ အတွက် အသင်းကြီးနဲ့ ပွဲမထွက်ရသေးဘဲ ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေက ရာသီကြိုမှာ နည်းပြ အာတီတာ အကြိုက်တွေ့အောင် မစွမ်းဆောင်ပြနိုင်တာောကာင့် ဆာလီဘာဟာ လက်ရှိမှာ လီဂူးဝမ်းကလပ် မာဆေးအသင်းမှာ အငှား ကစားနေပါတယ်။

ပြင်သစ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဆာလီဘာ ကို ရီးရဲလ်မက်ဒရစ်က မျက်စိကျလာနေပြီး လာမယ့်နွေ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားကြောင်း သတင်း ထွက်ပေါ်လာခဲ့တာပါ။

မက်ဒရစ်အသင်းဟာ သူတို့ရဲ့ ခံစစ်အင်အားကို ဖြည့်တင်းဖို့ ရည်ရွယ်နေပြီး ဆာလီဘာကို ခြေစွမ်း အပြင် သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် အမ်ဘတ်ပီနဲ့ ဘွန်ဒီမှာ ကြီးပြင်းလာတာချင်းလည်း တူညီတာကြောင့် ချိတ်ဆက် ဖို့လည်း အဆင်ပြေမယ်လို့ ယူဆထားတာပါ။

ဆာလီဘာက အာဆင်နယ်မှာ ပွဲမကစားရတာ အတွက် ကျေနပ်မှု မရှိကြောင်းကိုလည်း ဒီတလော အင်တာဗျူးမှာ ပြောဆိုထားပြီး နည်းပြ အာတီတာရဲ့ သဘောထား မပြောင်းလဲရင် အသင်းသစ် ရှာဖွေသွားဖွယ် ရှိနေပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ အသင္းဟာ အာဆင္နယ္ အသင္းရဲ႕ အပယ္ခံ ခံစစ္မႈး ဝီလ်ံ ဆာလီဘာကို ေခၚယူဖို႔ ျပင္ဆင္ ေနေၾကာင္း စပိန္က သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

၂ဝ၁၉ ဇူလိုင္မွာ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕လာခဲ့တဲ့ အသက္ ၂ဝ အရြယ္ ခံစစ္မႈးဟာ အခုထိ ဂန္းနားေတြ အတြက္ အသင္းၾကီးနဲ႕ ပြဲမထြက္ရေသးဘဲ ရွိေနပါတယ္။

ျပီးခဲ့တဲ့ေႏြက ရာသီၾကိဳမွာ နည္းျပ အာတီတာ အၾကိဳက္ေတြ႕ေအာင္ မစြမ္းေဆာင္ျပနိုင္တာောကာင့္ ဆာလီဘာဟာ လက္ရွိမွာ လီဂူးဝမ္းကလပ္ မာေဆးအသင္းမွာ အငွား ကစားေနပါတယ္။

ျပင္သစ္မွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ဆာလီဘာ ကို ရီးရဲလ္မက္ဒရစ္က မ်က္စိက်လာေနျပီး လာမယ့္ေႏြ သူတို႔ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားေၾကာင္း သတင္း ထြက္ေပၚလာခဲ့တာပါ။

မက္ဒရစ္အသင္းဟာ သူတို႔ရဲ႕ ခံစစ္အင္အားကို ျဖည့္တင္းဖို႔ ရည္ရြယ္ေနျပီး ဆာလီဘာကို ေျခစြမ္း အျပင္ သူတို႔ရဲ႕ ထိပ္တန္း ပစ္မွတ္ အမ္ဘတ္ပီနဲ႕ ဘြန္ဒီမွာ ၾကီးျပင္းလာတာခ်င္းလည္း တူညီတာေၾကာင့္ ခ်ိတ္ဆက္ ဖို႔လည္း အဆင္ေျပမယ္လို႔ ယူဆထားတာပါ။

ဆာလီဘာက အာဆင္နယ္မွာ ပြဲမကစားရတာ အတြက္ ေက်နပ္မႈ မရွိေၾကာင္းကိုလည္း ဒီတေလာ အင္တာဗ်ဴးမွာ ေျပာဆိုထားျပီး နည္းျပ အာတီတာရဲ႕ သေဘာထား မေျပာင္းလဲရင္ အသင္းသစ္ ရွာေဖြသြားဖြယ္ ရွိေနပါတယ္။