မန်ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အပါအဝင် ထိပ်သီးတွေ အပြိုင် ချိတ်ဆက်နေကြတဲ့ ပြင်သစ် ကွင်းလယ် သမားလေး

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ မိုနာကို အသင်းရဲ့ ကွင်းလယ် ကစားသမားလေး အော်ရီလီယန် ချူဝါမန်နီ ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ထိပ်သီး အသင်းတွေထဲ ပါဝင်နေပါတယ်။

ချူဝါမန်နီ က ပြင်သစ်လီဂူးဝမ်းမှာ အတောက်ပဆုံး လူငယ် ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ သူ့ရဲ့ ဒုတိယ ရာသီပြည့် မိုနာကိုနဲ့ အတူ ဖြတ်သန်းဖို့ စိတ်အားထက်သန်နေပါတယ်။

ပြီးခဲ့တဲ့ လတွေမှာပဲ ချူဝါမန်နီ က ပြင်သစ် လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံရခဲ့ပြီး အသင်းကြီးနဲ့ အတူ ဘော့စ်နီးယားနဲ့ ပွဲမှာ ကစားခွင့် ရခဲ့ပြီး ဖြစ်ပါတယ်။

ပြင်သစ်ဘက်က သတင်းတွေ အရ ချူဝါမန်နီ အတွက် မိုနာကို က အသင်းမှာ ဆက်ထိန်းထားချင်တောင် နွေမှာတော့ ဆက်လက် ခေါ်ထားဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။ ၎င်းကို ယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ ဂျူဗင်တပ်၊ ရီးရဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ က ချိတ်ဆက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာပါ။

မိုနာကို ဘက်ကတော့ ချူဝါမန်နီ အတွက် ဒီလထဲ တရားဝင် ကမ်းလှမ်းမှုတွေ မရထားဘူး ပြောဆိုထားပေမယ့် သူတို့ ထိပ်တန်း ကစားသမားကို ဈေးချိုချိုနဲ့ ရမှာ မဟုတ်ဘူးလို့တော့ အသင်း အားကစား ဒါရိုက်တာ ပေါမစ်ချယ်က ထုတ်ဖော် သတိပေးထားပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ မိုနာကို အသင္းရဲ႕ ကြင္းလယ္ ကစားသမားေလး ေအာ္ရီလီယန္ ခ်ဴဝါမန္နီ ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ ထိပ္သီး အသင္းေတြထဲ ပါဝင္ေနပါတယ္။

ခ်ဴဝါမန္နီ က ျပင္သစ္လီဂူးဝမ္းမွာ အေတာက္ပဆံုး လူငယ္ ၾကယ္ပြင့္ တစ္ဦး အျဖစ္ သတ္မွတ္ခံထားရျပီး အသက္ ၂၂ နွစ္ အရြယ္ ကစားသမားဟာ သူ႔ရဲ႕ ဒုတိယ ရာသီျပည့္ မိုနာကိုနဲ႕ အတူ ျဖတ္သန္းဖို႔ စိတ္အားထက္သန္ေနပါတယ္။

ျပီးခဲ့တဲ့ လေတြမွာပဲ ခ်ဴဝါမန္နီ က ျပင္သစ္ လက္ေရြးစင္ အသင္းအတြက္ ေရြးခ်ယ္ခံရခဲ့ျပီး အသင္းၾကီးနဲ႕ အတူ ေဘာ့စ္နီးယားနဲ႕ ပြဲမွာ ကစားခြင့္ ရခဲ့ျပီး ျဖစ္ပါတယ္။

ျပင္သစ္ဘက္က သတင္းေတြ အရ ခ်ဴဝါမန္နီ အတြက္ မိုနာကို က အသင္းမွာ ဆက္ထိန္းထားခ်င္ေတာင္ ေႏြမွာေတာ့ ဆက္လက္ ေခၚထားဖို႔ မလြယ္ေတာ့ဘူးလို႔ ဆိုပါတယ္။ ၄င္းကို ယူနုိက္တက္၊ ခ်ယ္ဆီး၊ လီဗာပူး၊ မန္စီးတီး၊ ဂ်ဴဗင္တပ္၊ ရီးရဲလ္ မက္ဒရစ္နဲ႕ ဘာစီလိုနာ တို႔ က ခ်ိတ္ဆက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တာပါ။

မိုနာကို ဘက္ကေတာ့ ခ်ဴဝါမန္နီ အတြက္ ဒီလထဲ တရားဝင္ ကမ္းလွမ္းမႈေတြ မရထားဘူး ေျပာဆိုထားေပမယ့္ သူတို႔ ထိပ္တန္း ကစားသမားကို ေစ်းခ်ိဳခ်ိဳနဲ႕ ရမွာ မဟုတ္ဘူးလို႔ေတာ့ အသင္း အားကစား ဒါရိုက္တာ ေပါမစ္ခ်ယ္က ထုတ္ေဖာ္ သတိေပးထားပါတယ္။