အသင်းပိုင်ရှင် မိုဗစ်ချ်ရဲ့ စိတ်အားထက်သန်စွာ ထောက်ပံ့ပေးမှုတွေအပေါ် လမ်းပတ် အားရနေ

ချယ်ဆီးအသင်း နည်းပြ လမ်းပတ်က ဇီယက်နဲ့ တီမိုဝါနာတို့ နှစ်ဦးကို ခေါ်ယူလိုက်တာက ထိပ်သီးတစ်နေရာကို ပြန်ရယူူဖို့ ရည်မှန်းချက်ကြီး ရှိကြောင်း အသင်း ဆန္ဒကို ပြသလိုက်တာလို့ ယုံကြည်နေပြီး ကစားသမား ဝယ်ယူဖို့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ရဲ့ စိတ်အားထက်သန်စွာ ထောက်ပံ့ပေးမှုတွေအပေါ် အားရကျေနပ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဇီယက်အတွက် ပေါင် ၃၇ သန်း၊ တီမိုဝါနာ အတွက် ပေါင် ၄၇.၅ သန်း ဝယ်ယူဖို့ အသီးသီး သုံးစွဲထားရပြီး ဖြစ်ကာ အသင်း ပိုင်ရှင်က လက်မတွန့်ဘဲ အပြောင်းအရွှေ့ အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးထားပါတယ်။ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူး တို့ကို အမှီလိုက်နိုင်ဖို့ အရှိန်နဲ့ ပြင်ဆင်အားဖြည့်နေပါတယ်။

ကစားသမား နှစ်ဦး ခေါ်ယူပြီးသည့်တိုင် လက်စတာမှ ဘန်ချေးဝဲလ်၊ လီဗာကူဆင်မှ ကိုင်ဟာဗက်ဇ်တို့ကိုပါ ဆက်လက် ခေါ်ယူဖို့ ပစ်မှတ်ထား နေပါတယ်။ နာမည်ကောင်း ရှိတဲ့ ကစားသမားတွေကို အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင်တည်းက လက်ဦးမှုယူထားတဲ့ ချယ်ဆီးအသင်းဟာ အသင်း ပိုင်ရှင်၊ ဒါရိုက်တာ မာရီနာ၊ နည်းစနစ် အကြံပေး ပီတာချက်နဲ့ နည်းပြ လမ်းပတ်တို့ အတွဲညီညီ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

” ကျနော် ဒီတလောမှာ အေဗရာမိုဗစ်ချ်နဲ့ စကားမပြောဖြစ်သေးဘူး။ ဒါပေမယ့် မာရီနာနဲ့ ပီတာတို့နဲ့တော့ အတော် ပြောဖြစ်တယ်။ ကျနော်တို့ အတူ ဆွေးနွေး ပြောဆိုဖြစ်တာတွေက ကောင်းတယ်။ ဒါတွေက အလုပ်ပြီးမြောက်ဖို့ အဓိက ကျတာပေါ့။

အသင်း ပိုင်ရှင် အကြောင်း ပြောရင် ကျနော် သူ့ကို ကောင်းကောင်း သိပါတယ်။ ဒီကလပ်အသင်း အတွက် သူ ဘာတွေ အလိုရှိလဲ ဆိုတာလည်း ကျနော် နားလည်တယ်။ ကစားသမား ဘဝမှာတည်းက သူ ရှိခဲ့တာ ဖြစ်တယ်။ သူ့ရဲ့ အားထုတ်မှု ထောက်ပံ့ပေးမှုတွေကို အမြဲ လိုလိုလားလား ပြသခဲ့တယ်။

အခုဆို အလုပ်ကိစ္စတချို့ ကြိုပြီး ပြီးမြောက်နေပြီ။ နောက်ရာသီမှာ ကျနေ်ာတို့ တော်တော် တိုးတက်လာမယ် မျှော်လင့်မိပါတယ်။ ရှေ့ဆက်လည်း သွားကြမှာ ဖြစ်တယ်။ ဒီကိစ္စတွေက ကျနော်တို့ အတူတကွ ဘယ်လို ပူးပေါင်း အလုပ်လုပ်တယ် ဆိုတာ ပြသနိုင်မှာ ဖြစ်တယ်။ ကျနော်တို့ ကတော့ ဒီအခြေအနေတွေကို သိပ် အကောင်း မြင်နေတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ လမ္းပတ္က ဇီယက္နဲ႕ တီမို၀ါနာတို႔ နွစ္ဦးကို ေခၚယူလိုက္တာက ထိပ္သီးတစ္ေနရာကို ျပန္ရယူူဖို႔ ရည္မွန္းခ်က္ၾကီး ရွိေၾကာင္း အသင္း ဆႏၵကို ျပသလိုက္တာလို႔ ယံုၾကည္ေနျပီး ကစားသမား ၀ယ္ယူဖို႔ အသင္းပိုင္ရွင္ ေအဗရာမိုဗစ္ခ်္ရဲ႕ စိတ္အားထက္သန္စြာ ေထာက္ပံ့ေပးမႈေတြအေပၚ အားရေက်နပ္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇီယက္အတြက္ ေပါင္ ၃၇ သန္း၊ တီမို၀ါနာ အတြက္ ေပါင္ ၄၇.၅ သန္း ၀ယ္ယူဖို႔ အသီးသီး သံုးစြဲထားရျပီး ျဖစ္ကာ အသင္း ပိုင္ရွင္က လက္မတြန္႔ဘဲ အေျပာင္းအေရႊ႕ အတြက္ လိုအပ္တဲ့ ေထာက္ပံ့မႈေတြ ေပးထားပါတယ္။ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီး၊ လီဗာပူး တို႔ကို အမွီလိုက္နိုင္ဖို႔ အရွိန္နဲ႕ ျပင္ဆင္အားျဖည့္ေနပါတယ္။

ကစားသမား နွစ္ဦး ေခၚယူျပီးသည့္တိုင္ လက္စတာမွ ဘန္ေခ်း၀ဲလ္၊ လီဗာကူဆင္မွ ကိုင္ဟာဗက္ဇ္တို႔ကိုပါ ဆက္္လက္ ေခၚယူဖို႕ ပစ္မွတ္ထား ေနပါတယ္။ နာမည္ေကာင္း ရွိတဲ့ ကစားသမားေတြကို အေျပာင္းအေရႊ႕ ေစ်းကြက္ မဖြင့္ခင္တည္းက လက္ဦးမႈယူထားတဲ့ ခ်ယ္ဆီးအသင္းဟာ အသင္း ပိုင္ရွင္၊ ဒါရိုက္တာ မာရီနာ၊ နည္းစနစ္ အၾကံေပး ပီတာခ်က္နဲ႕ နည္းျပ လမ္းပတ္တို႕ အတြဲညီညီ လႈပ္ရွားေနတာ ျဖစ္ပါတယ္။

” က်ေနာ္ ဒီတေလာမွာ ေအဗရာမိုဗစ္ခ်္နဲ႕ စကားမေျပာျဖစ္ေသးဘူး။ ဒါေပမယ့္ မာရီနာနဲ႕ ပီတာတို႔နဲ႕ေတာ့ အေတာ္ ေျပာျဖစ္တယ္။ က်ေနာ္တို႔ အတူ ေဆြးေႏြး ေျပာဆိုျဖစ္တာေတြက ေကာင္းတယ္။ ဒါေတြက အလုပ္ျပီးေျမာက္ဖို႔ အဓိက က်တာေပါ့။

အသင္း ပိုင္ရွင္ အေၾကာင္း ေျပာရင္ က်ေနာ္ သူ႔ကို ေကာင္းေကာင္း သိပါတယ္။ ဒီကလပ္အသင္း အတြက္ သူ ဘာေတြ အလိုရွိလဲ ဆိုတာလည္း က်ေနာ္ နားလည္တယ္။ ကစားသမား ဘ၀မွာတည္းက သူ ရွိခဲ့တာ ျဖစ္တယ္။ သူ႔ရဲ႕ အားထုတ္မႈ ေထာက္ပံ့ေပးမႈေတြကို အျမဲ လိုလိုလားလား ျပသခဲ့တယ္။

အခုဆို အလုပ္ကိစၥတခ်ိဳ႕ ၾကိဳျပီး ျပီးေျမာက္ေနျပီ။ ေနာက္ရာသီမွာ က်ေန္ာတို႔ ေတာ္ေတာ္ တိုးတက္လာမယ္ ေမွ်ာ္လင့္မိပါတယ္။ ေရွ႕ဆက္လည္း သြားၾကမွာ ျဖစ္တယ္။ ဒီကိစၥေတြက က်ေနာ္တို႔ အတူတကြ ဘယ္လို ပူးေပါင္း အလုပ္လုပ္တယ္ ဆိုတာ ျပသနိုင္မွာ ျဖစ္တယ္။ က်ေနာ္တို႔ ကေတာ့ ဒီအေျခအေနေတြကို သိပ္ အေကာင္း ျမင္ေနတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။