ဘရူနို ဖာနန္ဒက္စ္ကို စခိုးလ္နဲ႕ ႏိႈင္းတာ ျပစ္မႈက်ဴးလြန္တာပဲလို႔ အီဗရာ သတိေပး

ယူနိုက်တက် အသင်းသားဟောင်းကြီး ပက်ထရစ် အီဗရာက လက်ရှိ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို သူ့ အသင်းဖော်ဟောင်း ပေါစခိုးလ်နဲ့ နှိုင်းယှဉ် ပြောဆိုနေကြတာက ပြစ်မှုကျူးလွန်တာပဲလို့ သတိပေး ပြောဆိုလိုက်ပါတယ်။

ဖာနန်ဒက်စ်ကို စခိုးလ်နဲ့ နှိုင်းယှဉ် ချီးကျူးမှု အများအပြား ပြုလုပ်ထားကြပြီး နည်းပြ ဆိုးရှားလည်း အပါအဝင် ဖြစ်ပါတယ်။ ထိုသို့ နှိုင်းယှဉ် ပြောဆိုမှုကို အံ့အားသင့်ရပေမယ့် ဆိုးရှား ဆိုလိုတာကိုတော့ သဘောပေါက်ကြောင်း အီဗရာက ဆိုပါတယ်။

” အိုလေ (ဆိုးရှား)က ဖာနန်ဒက်စ်ကို ပေါစခိုးလ်နဲ့ နှိုင်းပြီး ပြောတာ ကြားတော့ ကျနော့်မှာ ရှော့ခ်ဖြစ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အတွေးက ပေါစခိုးလ်နဲ့ ကစားသမား တစ်ယောက်ယောက်ကို နှိုင်းပြောတာက ပြစ်မှု ကျူးလွန်တာလို့ပဲ မှတ်ယူထားတယ်။

ဆိုးရှား ဘာကို ဆိုလိုတယ်ဆိုတာတော့ ကျနော် သဘောပေါက်ပါတယ်။ သူက သူတို့ရဲ့ ပွဲကို လွှမ်းမိုးပုံကို ဆိုလိုချင်တာပဲ။ သူ ရောက်လာပြီးတည်းက အသင်းမှာ ကစားသမား တစ်ယောက် ဒီလို လွှမ်းမိုး ကစားတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲလေ။ ဖာနန်ဒက်စ် ကို ကြည့်လိုက်ရင် သူက အမြဲ နေရာမှန်မှာ ရှိတယ်။ ဘောလုံးတောင်းတယ် နေရာမှန် ကွက်တိယူပြီး ရိုးရိုးရှင်းရှင်း ကစားတယ်။

ဘရူနို ဖာနန်ဒက်စ် ရောက်လာပြီး အသင်းမှာ လုပ်ပြတာ မြင်ရတော့ ကျနော် တကယ်ကို အံ့အားသင့်မိခဲ့တာတော့ အမှန်ပါ။ ဘောလုံးပွဲတွေ မနားခင်လိုပဲ သူ ကစားတာကို ထပ်မြင်ရဖို့ မျှော်လင့်ထားတယ်။ ” လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီလကမှ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းအတွက် လျင်လျင်မြန်မြန်ပဲ အစွမ်းပြခဲ့ပြီး ၁၀ပွဲ ကစားပြီး ချိန်မှာ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ၆ ကြိမ်ထိ ရရှိထားပါတယ်။

Zawgyi – ယူနိုက္တက္ အသင္းသားေဟာင္းၾကီး ပက္ထရစ္ အီဗရာက လက္ရွိ အသင္းမွာ ေျခစြမ္းျပေနတဲ့ ဘရူနို ဖာနန္ဒက္စ္ကို သူ႔ အသင္းေဖာ္ေဟာင္း ေပါစခိုးလ္နဲ႕ နိႈင္းယွဥ္ ေျပာဆိုေနၾကတာက ျပစ္မႈက်ဴးလြန္တာပဲလို႔ သတိေပး ေျပာဆိုလိုက္ပါတယ္။

ဖာနန္ဒက္စ္ကို စခိုးလ္နဲ႕ နိႈင္းယွဥ္ ခ်ီးက်ဴးမႈ အမ်ားအျပား ျပဳလုပ္ထားၾကျပီး နည္းျပ ဆိုးရွားလည္း အပါအ၀င္ ျဖစ္ပါတယ္။ ထိုသို႔ နိႈင္းယွဥ္ ေျပာဆိုမႈကို အံ့အားသင့္ရေပမယ့္ ဆိုးရွား ဆိုလိုတာကိုေတာ့ သေဘာေပါက္ေၾကာင္း အီဗရာက ဆိုပါတယ္။

” အိုေလ (ဆိုးရွား)က ဖာနန္ဒက္စ္ကို ေပါစခိုးလ္နဲ႕ နိႈင္းျပီး ေျပာတာ ၾကားေတာ့ က်ေနာ့္မွာ ေရွာ့ခ္ျဖစ္သြားရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ့္ အေတြးက ေပါစခိုးလ္နဲ႕ ကစားသမား တစ္ေယာက္ေယာက္ကို ႏွိဳင္းေျပာတာက ျပစ္မႈ က်ဴးလြန္တာလို႔ပဲ မွတ္ယူထားတယ္။

ဆိုးရွား ဘာကို ဆိုလိုတယ္ဆိုတာေတာ့ က်ေနာ္ သေဘာေပါက္ပါတယ္။ သူက သူတို႔ရဲ႕ ပြဲကို လႊမ္းမိုးပံုကို ဆိုလိုခ်င္တာပဲ။ သူ ေရာက္္လာျပီးတည္းက အသင္းမွာ ကစားသမား တစ္ေယာက္ ဒီလို လႊမ္းမိုး ကစားတာ ပထမဆံုးအၾကိ္မ္ ျမင္ဖူးတာပဲေလ။ ဖာနန္ဒက္စ္ ကို ၾကည့္လိုက္ရင္ သူက အျမဲ ေနရာမွန္မွာ ရွိတယ္။ ေဘာလံုးေတာင္းတယ္ ေနရာမွန္ ကြက္တိယူျပီး ရိုးရိုးရွင္းရွင္း ကစားတယ္။

ဘရူနို ဖာနန္ဒက္စ္ ေရာက္လာျပီး အသင္းမွာ လုပ္ျပတာ ျမင္ရေတာ့ က်ေနာ္ တကယ္ကို အံ့အားသင့္မိခဲ့တာေတာ့ အမွန္ပါ။ ေဘာလံုးပြဲေတြ မနားခင္လိုပဲ သူ ကစားတာကို ထပ္ျမင္ရဖို႔ ေမွ်ာ္လင့္ထားတယ္။ ” လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။

ဇန္န၀ါရီလကမွ ယူနိုက္တက္ထံ ေရာက္ရွိလာခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္ဟာ အသင္းအတြက္ လ်င္လ်င္ျမန္ျမန္ပဲ အစြမ္းျပခဲ့ျပီး ၁၀ပြဲ ကစားျပီး ခ်ိန္မွာ ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆု ၆ ၾကိမ္ထိ ရရွိထားပါတယ္။