ဂျော်ဂျင်ဟို အတွက် ဂျူဗင်တပ်ရဲ့ ကစားသမား အလဲအထပ် ကမ်းလှမ်းမှုကို ချယ်ဆီး ပယ်ချ

ချယ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို အတွက် စီးရီးအေကလပ် ဂျူဗင်တပ်က ပီဂျာနစ်ကို အလိုက်ပေးကာ အလဲအထပ်နဲ့ ကမ်းလှမ်းခဲ့တဲ့အပေါ် ပယ်ချခဲ့ကြောင်း အီတလီသတင်းဌာနတွေက ဖော်ထုတ်သွားပါတယ်။

ဂျူဗင်တပ်ရဲ့ ဘော့စ်နီးယားသား ကွင်းလယ်ကစားသမား ပီဂျာနစ်ဟာ နွေမှာ အသင်းပြောင်းရွှေ့ဖို့ အစီအစဉ် ရှိနေပြီး ၎င်းကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ အသင်းတို့က ချိတ်ဆက်နေပါတယ်။ ဂျူဗင်တပ်ကတော့ သူတို့ အလိုရှိနေတဲ့ ချယ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို အတွက် ပီဂျာနစ်နဲ့ အလဲအထပ် လုပ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး လန်ဒန်ကလပ်ကတော့ ထို ကမ်းလှမ်းမှုကို နှစ်ခြိုက် သဘောကျခြင်း မရှိပါဘူး။

သတင်းများအရတော့ ပီဂျာနစ် ကိုယ်တိုင်ကလည်း တခြားနေရာတွေထက် ဘာစီလိုနာသို့ သွားဖို့ စိတ်အားထက်သန်နေပြီး စပိန်ကလပ်ကလည်း လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

ယခင် ချယ်ဆီးနည်းပြဟောင်း ဖြစ်ပြီး လက်ရှိ ဂျူဗင်တပ်မှာ တာဝန်ယူနေတဲ့ ဆာရီကတော့ လန်ဒန်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ တပည့်ဟောင်း ဂျော်ဂျင်ဟိုကို ထပ်မံ ခေါ်ယူဖို့ အားသန်နေပါတယ်။ ဆာရီဟာ နာပိုလီက ထွက်ခွာလာစဉ်ကလည်း အီတလီသားကို တပါတည်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် အီတလီသား ကွင်းလယ်သမား ဂျော်ဂျင်ဟို ကို ဆာရီကတော့ သူ ထွက်ခွာသွားတဲ့ ပြီးခဲ့တဲ့ ဇွန်လတည်းက ခေါ်ယူဖို့ တောက်လျောက် လှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့တာပါ။ ကစားသမား ကိုယ်တိုင်ကတော့ လန်ဒန်မှာ အခြေကျစပြုနေပြီ ဖြစ်တာကြောင့် နောက်ထပ် နေရာသစ် ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ ရှိနေပါတယ်။

ဆာရီ ရှိစဉ်က ချယ်ဆီး ပရိသတ်တွေရဲ့ အမြင် မကြည်မှု ခံခဲ့ရတဲ့ ဂျော်ဂျင်ဟိုဟာ နည်းပြ လမ်းပတ်ရဲ့ အသင်းမှာ တစတစ နေရာ ရလာပြီ ဖြစ်ပြီး ခြေစွမ်းလည်း ပြသလာနိုင်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို အတြက္ စီးရီးေအကလပ္ ဂ်ဴဗင္တပ္က ပီဂ်ာနစ္ကို အလုိက္ေပးကာ အလဲအထပ္နဲ႕ ကမ္းလွမ္းခဲ့တဲ့အေပၚ ပယ္ခ်ခဲ့ေၾကာင္း အီတလီသတင္းဌာနေတြက ေဖာ္ထုတ္သြားပါတယ္။

ဂ်ဴဗင္တပ္ရဲ႕ ေဘာ့စ္နီးယားသား ကြင္းလယ္ကစားသမား ပီဂ်ာနစ္ဟာ ေႏြမွာ အသင္းေျပာင္းေရႊ႕ဖို႔ အစီအစဥ္ ရွိေနျပီး ၄င္းကို ဘာစီလိုနာနဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔က ခ်ိတ္ဆက္ေနပါတယ္။ ဂ်ဴဗင္တပ္ကေတာ့ သူတို႕ အလိုရွိေနတဲ့ ခ်ယ္ဆီးကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို အတြက္ ပီဂ်ာနစ္နဲ႕ အလဲအထပ္ လုပ္ဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ျပီး လန္ဒန္ကလပ္ကေတာ့ ထို ကမ္းလွမ္းမႈကို နွစ္ျခိဳက္ သေဘာက်ျခင္း မရွိပါဘူး။

သတင္းမ်ားအရေတာ့ ပီဂ်ာနစ္ ကိုယ္တိုင္ကလည္း တျခားေနရာေတြထက္ ဘာစီလိုနာသို႔ သြားဖို႔ စိတ္အားထက္သန္ေနျပီး စပိန္ကလပ္ကလည္း လႈပ္ရွားမႈေတြ ျပဳလုပ္ေနပါတယ္။

ယခင္ ခ်ယ္ဆီးနည္းျပေဟာင္း ျဖစ္ျပီး လက္ရွိ ဂ်ဴဗင္တပ္မွာ တာ၀န္ယူေနတဲ့ ဆာရီကေတာ့ လန္ဒန္မွာ က်န္ရစ္ခဲ့တဲ့ သူ႔ရဲ႕ တပည့္ေဟာင္း ေဂ်ာ္ဂ်င္ဟိုကို ထပ္မံ ေခၚယူဖို႔ အားသန္ေနပါတယ္။ ဆာရီဟာ နာပိုလီက ထြက္ခြာလာစဥ္ကလည္း အီတလီသားကို တပါတည္း ေခၚယူခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၈ နွစ္ အရြယ္ အီတလီသား ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟို ကို ဆာရီကေတာ့ သူ ထြက္ခြာသြားတဲ့ ျပီးခဲ့တဲ့ ဇြန္လတည္းက ေခၚယူဖို႔ ေတာက္ေလ်ာက္ လႈပ္ရွားမႈေတြ ျပဳလုပ္ေနခဲ့တာပါ။ ကစားသမား ကုိယ္တိုင္ကေတာ့ လန္ဒန္မွာ အေျခက်စျပဳေနျပီ ျဖစ္တာေၾကာင့္ ေနာက္ထပ္ ေနရာသစ္ ေျပာင္းေရႊ႕ဖို႔ စိတ္မ၀င္စားဘဲ ရွိေနပါတယ္။

ဆာရီ ရွိစဥ္က ခ်ယ္ဆီး ပရိသတ္ေတြရဲ႕ အျမင္ မၾကည္မႈ ခံခဲ့ရတဲ့ ေဂ်ာ္ဂ်င္ဟိုဟာ နည္းျပ လမ္းပတ္ရဲ႕ အသင္းမွာ တစတစ ေနရာ ရလာျပီ ျဖစ္ျပီး ေျခစြမ္းလည္း ျပသလာနုိင္ခဲ့ပါတယ္။