ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (21/06/20)

ဒဏ်ရာ မရှိခဲ့ပေမယ့် လိုက်ပ်ဇစ်နဲ့ ပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့တဲ့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုရဲ့ အနေအထားက ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်နေပြီလို့ သတင်းကြီးနေပါတယ်။

ရှက်ဖီးအသင်းထံ အငှားချထားတဲ့ ယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ကို လာမယ့်ရာသီမှာ ခေါ်ယူသွားဖို့ ချယ်ဆီးဘက်က စိတ်ဝင်စားနေပြီး ပေါင် ၅၃ သန်းနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်တိုက် ဗိုလ်စွဲပြီး မန်ချက်စတာယူနိုက်တက် အချိန်ကြာ လွှမ်းမိုးထားသလိုမျိုး လီဗာပူးအသင်း လိုက်လုပ်ပြနိုင်ဖို့ မလွယ်ကူကြောင်း ယာဂင်ကလော့ပ်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ပက်ထရစ် အီဗရာက လက်ရှိ အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို သူ့ အသင်းဖော်ဟောင်း ပေါစခိုးလ်နဲ့ နှိုင်းယှဉ် ပြောဆိုနေကြတာက ပြစ်မှုကျူးလွန်တာပဲလို့ သတိပေး ပြောဆိုလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်ဇ်က စပါးအသင်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် အတွင်း ဒုတိယပိုင်း ပွဲကစားချိန်မှာ သူနဲ့ ပေါ့ဘာတို့ တွဲဖက် ကစားခွင့်ရခဲ့တဲ့အပေါ် ဝမ်းမြောက်မိခဲ့ရသလို လာမယ့်ပွဲတွေ မှာလည်း ဒီလို စားခွင့် ရမယ်ဆိုရင် အသင်းရဲ့ ဒီရာသီ မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်ကိုပါ ပိုင်ဆိုင်ခွင့် ရနိုင်လိမ့်မယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက် ကြိုးစားချဉ်းကပ်ခဲ့တဲ့ လူငယ်ကစားသမာ ဖာတီကို ဘာစီလိုနာက လက်လွှတ်မှာ မဟုတ်သလို ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာကလပ်ထံ ပြောင်းဖို့ ဆန္ဒ မရှိဘူးလို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Zawgyi – ဒဏ္ရာ မရွိခဲ့ေပမယ့္ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ အရန္ခံုမွာသာ ရွိေနခဲ့တဲ့ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳရဲ႕ အေနအထားက ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ ပိုမို နီးစပ္ေနျပီလို႔ သတင္းၾကီးေနပါတယ္။

ရွက္ဖီးအသင္းထံ အငွားခ်ထားတဲ့ ယူႏုိက္တက္ဂိုးသမား ဒင္းဟန္ဒါဆန္ကို လာမယ့္ရာသီမွာ ေခၚယူသြားဖို႔ ခ်ယ္ဆီးဘက္က စိတ္ဝင္စားေနျပီး ေပါင္ ၅၃ သန္းနဲ႕ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။

ပရီးမီးယားလိဂ္မွာ ဆက္တိုုက္ ဗိုလ္စြဲျပီး မန္ခ်က္စတာယူနုိက္တက္ အခ်ိန္ၾကာ လႊမ္းမိုးထားသလိုမ်ိဳး လီဗာပူးအသင္း လိုက္လုပ္ျပနိုင္ဖို႔ မလြယ္ကူေၾကာင္း ယာဂင္ကေလာ့ပ္က ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ပက္ထရစ္ အီဗရာက လက္ရွိ အသင္းမွာ ေျခစြမ္းျပေနတဲ့ ဘရူနို ဖာနန္ဒက္စ္ကို သူ႔ အသင္းေဖာ္ေဟာင္း ေပါစခိုးလ္နဲ႕ နိႈင္းယွဥ္ ေျပာဆိုေနၾကတာက ျပစ္မႈက်ဴးလြန္တာပဲလို႔ သတိေပး ေျပာဆိုလိုက္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္ဇ္က စပါးအသင္းနဲ႔ တစ္ဖက္ကိုတစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ အတြင္း ဒုတိယပိုင္း ပြဲကစားခ်ိန္မွာ သူနဲ႔ ေပါ့ဘာတို႔ တြဲဖက္ ကစားခြင့္ရခဲ့တဲ့အေပၚ ဝမ္းေျမာက္မိခဲ့ရသလို လာမယ့္ပြဲေတြ မွာလည္း ဒီလို စားခြင့္ ရမယ္ဆိုရင္ အသင္းရဲ႕ ဒီရာသီ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္တဲ့ ခ်န္ပီယံလိဂ္ဝင္ေရာက္ကစားခြင့္ကိုပါ ပိုင္ဆိုင္ခြင့္ ရႏိုင္လိမ့္မယ္လို႔ ေျပာဆိုလာခဲ့ပါတယ္။

ယူနိုက္တက္ ၾကိဳးစားခ်ဥ္းကပ္ခဲ့တဲ့ လူငယ္ကစားသမာ ဖာတီကို ဘာစီလိုနာက လက္လႊတ္မွာ မဟုတ္သလို ကစားသမား ကိုယ္တိုင္ကလည္း မန္ခ်က္စတာကလပ္ထံ ေျပာင္းဖို႕ ဆႏၵ မရွိဘူးလို႔ စပိန္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။