ဗုဒၶဟူးေန႔ ေနာက္ဆံုးရ ပရီမီးယားလိဂ္ ေဘာလံုးသတင္းမ်ား

လီဗာပူးဟာ အက္ဖ္ေအဖလား ပဥၥမအဆင့္မွာေတာ့ ခ်ယ္ဆီးကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးဘက္က ဝီလီယမ္၊ ဘာကေလတို႔ရဲ႕ အေဝးကန္ခ်က္နဲ႕ ဂိုးေတြေၾကာင့္ အေရးနိမ့္ခဲ့တာျဖစ္ျပီး အတ္ဒရီယန္ ကာကြယ္မႈ အခ်ိဴ႕ လုပ္ခဲ့ရပါေသးတယ္။

စီးရီးေအကလပ္ အင္တာမီလန္နဲ႔ လာလီဂါကလပ္ ဘာစီလိုနာတို႔ဟာ အာဆင္နယ္နဲ႔ သက္တမ္းကိစၥ အဆင္မေျပေသးတဲ့ အူဘာမီယန္ကို ေခၚယူဖို႔ အျပိဳင္အဆုိင္ ျဖစ္ေနၾကတယ္လုိ႔ အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးကို ရွံဳးခဲ့တဲ့ အက္ဖ္ေအပြဲမွာ လီဗာပူးကစားသမားေတြက တိုက္စစ္သမား တာကုမိ မီနာမီနိုကို ေဘာလံုး မေပးခဲ့ၾကတဲ့ အေပၚ ေဒါသ ထြက္ေနပါတယ္။

ယူႏုိက္တက္ နည္းျပ ဆိုးရွားရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ တစ္ပြဲခ်င္း အာရံုစိုက္ေနတယ္ဆိုတဲ့ စကားက မွန္ကန္တဲ့ စကားျဖစ္ျပီး ပရိသတ္ေတြ ဘက္က ဝင္ကို ဝင္ရမယ္လို႔ ကတိေပးတာကို လိုခ်င္ေပမယ့္ ဆိုးရွားက မွန္ကန္တဲ့ စကားကို ေျပာဆိုခဲ့တာပါလို႔ အသင္းဂိုးသမားေဟာင္း ရွမိုင္ကယ္က ခ်ီးက်ဴးလိုက္ပါတယ္။

မန္စီးတီးနဲ႕ အာဆင္နယ္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္က ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ကစားရဖို႔ ရွိေပမယ့္ မန္စီးတီးက ကာရာေဘာင္း ဖလား ဗိုလ္လုပြဲ ရွိတာေၾကာင့္ ေရႊ႕ဆိုင္းထားခဲ့ရာ မတ္လ ၁၁ ရက္၊ ဗုဒၶဟူးေန႔ အီတီဟက္ ကြင္းမွာ ထိုပြဲ ယွဥ္ျပိဳင္ျဖစ္မွာ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူျဖစ္တဲ့ မာေဆးဆိုဒ္သား အဲဗာတန္အသင္းသားေဟာင္း ဘာကေလက လီဗာပူးကို ဂိုးသြင္းဖို႔ဆိုတာက အျမဲတမ္း အိပ္မက္ရတဲ့အရာျဖစ္ျပီး အခုလို သြင္းယူႏုိင္တာအတြက္ ေက်နပ္မိတယ္လို႔ ေျပာဆိုပါတယ္။

ယူႏုိက္တက္ လူငယ္ကစားသမား တြမ္ဇီဘီက အနာဂတ္မွာ ကလပ္အသင္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခြင့္ဟာ သူ႔ရဲ႕ ရည္မွန္းခ်က္ပါလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

Unicode – လီဗာပူးဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ချယ်ဆီးဘက်က ဝီလီယမ်၊ ဘာကလေတို့ရဲ့ အဝေးကန်ချက်နဲ့ ဂိုးတွေကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပြီး အတ်ဒရီယန် ကာကွယ်မှု အချိူ့ လုပ်ခဲ့ရပါသေးတယ်။

စီးရီးအေကလပ် အင်တာမီလန်နဲ့ လာလီဂါကလပ် ဘာစီလိုနာတို့ဟာ အာဆင်နယ်နဲ့ သက်တမ်းကိစ္စ အဆင်မပြေသေးတဲ့ အူဘာမီယန်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချယ်ဆီးကို ရှုံးခဲ့တဲ့ အက်ဖ်အေပွဲမှာ လီဗာပူးကစားသမားတွေက တိုက်စစ်သမား တာကုမိ မီနာမီနိုကို ဘောလုံး မပေးခဲ့ကြတဲ့ အပေါ် ဒေါသ ထွက်နေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တစ်ပွဲချင်း အာရုံစိုက်နေတယ်ဆိုတဲ့ စကားက မှန်ကန်တဲ့ စကားဖြစ်ပြီး ပရိသတ်တွေ ဘက်က ဝင်ကို ဝင်ရမယ်လို့ ကတိပေးတာကို လိုချင်ပေမယ့် ဆိုးရှားက မှန်ကန်တဲ့ စကားကို ပြောဆိုခဲ့တာပါလို့ အသင်းဂိုးသမားဟောင်း ရှမိုင်ကယ်က ချီးကျူးလိုက်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကစားရဖို့ ရှိပေမယ့် မန်စီးတီးက ကာရာဘောင်း ဖလား ဗိုလ်လုပွဲ ရှိတာကြောင့် ရွှေ့ဆိုင်းထားခဲ့ရာ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ အီတီဟက် ကွင်းမှာ ထိုပွဲ ယှဉ်ပြိုင်ဖြစ်မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ချယ်ဆီးကွင်းလယ်လူဖြစ်တဲ့ မာဆေးဆိုဒ်သား အဲဗာတန်အသင်းသားဟောင်း ဘာကလေက လီဗာပူးကို ဂိုးသွင်းဖို့ဆိုတာက အမြဲတမ်း အိပ်မက်ရတဲ့အရာဖြစ်ပြီး အခုလို သွင်းယူနိုင်တာအတွက် ကျေနပ်မိတယ်လို့ ပြောဆိုပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား တွမ်ဇီဘီက အနာဂတ်မှာ ကလပ်အသင်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ဟာ သူ့ရဲ့ ရည်မှန်းချက်ပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။