ယူနိုက်တက် ပရိသတ်တွေ ရင်ခုန်အောင် လှုပ်ရှားလိုက်တဲ့ ဂျေဒန် ဆန်ချို

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန် တိုက်စစ် ကြယ်ပွင့် ဂျေဒန် ဆန်ချိုဟာ တွစ်တာမှာ ပို့စ် တစ်ခုကို ထောက်ခံလိုက်တာကြောင့် ယူနိုက်တက် ပရိသတ်တွေ ရင်ခုန်စရာ ပို ဖြစ်လာခဲ့ပါတယ်။ ဒါက အင်္ဂလန်သားရဲ့ အရိပ်အမြွက် ပြောပြလိုခြင်းလည်း ဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်သား တောင်ပံတိုက်စစ်သမားဟာ ဒေါ့မွန်ကနေ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာနဲ့ ထွက်ခွာဖြစ်ဖို့ သေချာသလောက် ရှိနေပြီး ယူနိုက်တက်ကလည်း ဆန်ချိုကို ခေါ်နိုင်ဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေပါတယ်။

ဒေါ့မွန်ကတော့ သူတို့ ကစားသမားကို လက်မလွှတ်လိုတာကြောင့် တန်ကြေး ပေါင် သန်း ၁၂၀ လို့ ဆိုထားပြီး ဈေးလျှော့မှာ မဟုတ်ကြောင်း လေသံပစ်ထားပါတယ်။ ဒါပေမယ့် ကိုရိုနာ အကြပ်အတည်း ကာလအတွင်း ဆန်ချိုရဲ့ အပြုအမူတချို့ကြောင့် ဒေါ့မွန်အသင်း တာဝန်ရှိသူတွေကြား တင်းမာမှုတွေ ရှိလာပါတယ်။

ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဆန်ချိုက ပွဲထွက် ပါဝင်မလာခဲ့ဘဲ အရန်ခုံကနေ ပါလာတာကြောင့် မှတ်ချက်ပေးမှုတွေ အမျိုးမျိုး ရှိခဲ့ပြီး ဆန်ချို တစ်ယောက် အသင်းပြောင်းတော့မှာ ပိုသေချာလာကာ ယူနိုက်တက် ရောက်တော့မယ်လို့ တွစ်တာမှာ စကားဝိုင်းကြီး ဖြစ်ခဲ့ပါတယ်။

ဒီထဲကမှ ပရိသတ် တစ်ယောက် ဆိုထားတဲ့ – ” ဆန်ချိုက ဒီနေ့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဒေါ့မွန်ရဲ့ အရန် အဖြစ်နဲ့ပဲ ပါလာခဲ့တယ်။ သူ့ စိတ်နှလုံးကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်နေလောက်ပြီ။ ” လို့ ရေးသားထားတဲ့ ပို့စ်ကို ဆန်ချို ကိုယ်တိုင်က Like ဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ထို like ကို ပြန်ဖြုတ်သွားခဲ့ပေမယ့် လက်သွက်တဲ့ ပရိသတ်ကတော့ မှတ်တမ်းယူထားလိုက်ပါတယ်။

ကစားသမား ကိုယ်တိုင်က ယူနိုက်တက် ပြောင်းမယ့် ပို့စ်ကို ထောက်ခံခဲ့တာကြောင့် ပရိသတ်တွေကြား မှတ်ချက်ပေးမှုတွေ ပိုမို ပြင်းထန်လာပြီး ယူနိုက်တက် ပရိသတ်တွေ အတွက် ရင်ခုန်စရာ ဖြစ်လာခဲ့ပါတယ်။

မန်စီးတီး အကယ်ဒမီထွက် ဖြစ်တဲ့ ဆန်ချိုဟာ အင်္ဂလန်သို့ ပြန်လာ ကစားလိုတာ မှန်ပေမယ့် ဘယ် မန်ချက်စတာ ကလပ်ကို ဖြစ်မလဲက စောင့်ကြည့်ရဖို့ ရှိပါတယ်။ စီးတီးကလည်း သူတို့ ကစားသမားဟောင်းကို ပြန် အလိုရှိဟန် ပြသနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ေဒါ့မြန္ တိုက္စစ္ ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳဟာ တြစ္တာမွာ ပို႔စ္ တစ္ခုကို ေထာက္ခံလိုက္တာေၾကာင့္ ယူနုိက္တက္ ပရိသတ္ေတြ ရင္ခုန္စရာ ပို ျဖစ္လာခဲ့ပါတယ္။ ဒါက အဂၤလန္သားရဲ႕ အရိပ္အျမြက္ ေျပာျပလိုျခင္းလည္း ျဖစ္လာနိုင္ပါတယ္။

အဂၤလန္သား ေတာင္ပံတိုက္စစ္သမားဟာ ေဒါ့မြန္ကေန လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ဖြင့္တာနဲ႕ ထြက္ခြာျဖစ္ဖို႔ ေသခ်ာသေလာက္ ရွိေနျပီး ယူနိုက္တက္ကလည္း ဆန္ခ်ိဳကို ေခၚနိုင္ဖို႔ ေရပန္း အစားဆံုး အသင္း ျဖစ္ေနပါတယ္။

ေဒါ့မြန္ကေတာ့ သူတို႔ ကစားသမားကို လက္မလႊတ္လိုတာေၾကာင့္ တန္ေၾကး ေပါင္ သန္း ၁၂၀ လို႔ ဆိုထားျပီး ေစ်းေလွ်ာ့မွာ မဟုတ္ေၾကာင္း ေလသံပစ္ထားပါတယ္။ ဒါေပမယ့္ ကိုရိုနာ အၾကပ္အတည္း ကာလအတြင္း ဆန္ခ်ိဳရဲ႕ အျပဳအမူတခ်ိဳ႕ေၾကာင့္ ေဒါ့မြန္အသင္း တာ၀န္ရွိသူေတြၾကား တင္းမာမႈေတြ ရွိလာပါတယ္။

ျပီးခဲ့တဲ့ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ဆန္ခ်ိဳက ပြဲထြက္ ပါ၀င္မလာခဲ့ဘဲ အရန္ခုံကေန ပါလာတာေၾကာင့္ မွတ္ခ်က္ေပးမႈေတြ အမ်ိဳးမ်ိဳး ရွိခဲ့ျပီး ဆန္ခ်ိဳ တစ္ေယာက္ အသင္းေျပာင္းေတာ့မွာ ပိုေသခ်ာလာကာ ယူနိုက္တက္ ေရာက္ေတာ့မယ္လို႔ တြစ္တာမွာ စကား၀ိုင္းၾကီး ျဖစ္ခဲ့ပါတယ္။

ဒီထဲကမွ ပရိသတ္ တစ္ေယာက္ ဆိုထားတဲ့ – ” ဆန္ခ်ိဳက ဒီေန႔ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ေဒါ့မြန္ရဲ႕ အရန္ အျဖစ္နဲ႕ပဲ ပါလာခဲ့တယ္။ သူ႔ စိတ္နွလံုးကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဆီ ေရာက္ေနေလာက္ျပီ။ ” လို႔ ေရးသားထားတဲ့ ပို႔စ္ကို ဆန္ခ်ိဳ ကိုယ္တိုင္က Like ၀င္ေပးခဲ့တာ ျဖစ္ပါတယ္။ မၾကာခင္မွာပဲ ထို like ကို ျပန္ျဖဳတ္သြားခဲ့ေပမယ့္ လက္သြက္တဲ့ ပရိသတ္ကေတာ့ မွတ္တမ္းယူထားလိုက္ပါတယ္။

ကစားသမား ကုိယ္တိုင္က ယူနိုက္တက္ ေျပာင္းမယ့္ ပို႔စ္ကို ေထာက္ခံခဲ့တာေၾကာင့္ ပရိသတ္ေတြၾကား မွတ္ခ်က္ေပးမႈေတြ ပိုမို ျပင္းထန္လာျပီး ယူနုိက္တက္ ပရိသတ္ေတြ အတြက္ ရင္ခုန္စရာ ျဖစ္လာခဲ့ပါတယ္။

မန္စီးတီး အကယ္ဒမီထြက္ ျဖစ္တဲ့ ဆန္ခ်ိဳဟာ အဂၤလန္သို႔ ျပန္လာ ကစားလိုတာ မွန္ေပမယ့္ ဘယ္ မန္ခ်က္စတာ ကလပ္ကို ျဖစ္မလဲက ေစာင့္ၾကည့္ရဖို႔ ရွိပါတယ္။ စီးတီးကလည္း သူတို႔ ကစားသမားေဟာင္းကို ျပန္ အလိုရွိဟန္ ျပသေနပါတယ္။