ဂါဗီ ကို ချိတ်နေတဲ့ လီဗာပူး၊ အသင်းပြောင်းဖို့ ရှိနေတဲ့ ကာဗာနီနဲ့ ဥရောပတခွင်မှ နောက်ဆုံးရ သတင်းများ

အာဖရိကဖလားကို ပထမဆုံး အကြိမ် ဒီနှစ် ချန်ပီယံ အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်တဲ့ ဆီနီဂေါ အသင်းဟာ သူတို့ ဖလားယူတဲ့နေ့ကို အမျိုးသားနေ့ (အများပြည်သူ အားလပ်ရက်) အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ချိတ်ဆက်နေတဲ့ ကွင်းလယ်လူ ခရစ္စတိုဖာ အန်ကွန်ကူဟာ နောက်ရာသီမှာ ရက်ဘူး လိုက်ပ်ဇ် မှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သူတို့ရဲ့ မန်နေးဂျင်း ဒါရိုက်တာ မင့်ဇလဖ်က ပြောဆိုခဲ့ပါတယ်။

ဝါရင့် တိုက်စစ်မှုး ကာဗာနီဟာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဘာစီလိုနာ၊ ကိုရင်သီယန်၊ ရေးဗားပလိတ်၊ ဘိုကာဂျူနီယာတို့နဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

လီဗာပူးဟာ လီဟာဗရီ လူငယ်ကြယ်ပွင့် အန်ဒီလော့ဘို အနီးကပ် စောင့်ကြည့်နေပြီး လူကာကူ လက်သစ် အဖြစ် သတ်မှတ် ခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ပေါ့ဘာ၊ ပါးယက်၊ မာရက်ဇ်တို့လို အကယ်ဒမီထွက် ကစားသမားတွေရဲ့ ခြေရာနင်းနိုင်ဖို့ မျှော်လင့်ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ပါရဲရားကို ဖလာမင်ဂိုထံ ပေါင် ၁၂သန်းနဲ့ အပြီးသတ် ရောင်းချဖို့ ပေါင် ၁၂ သန်းနဲ့ သဘောတူညီခဲ့ပါတယ်။

ချယ်ဆီးဟာ နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်လာတော့မယ့် ရူဒီဂါကို စာချုပ်သစ်ချုပ်ဖို့ မျှော်လင့်ချက်ကို လက်မလျှော့ သေးပေမယ့် စာချုပ်သစ် ဆွေးနွေးမှုတွေက အဆင်မပြေသေးပါဘူး။ နောက်ဆုံး ကမ်းလှမ်းမှုမှာ တစ်ပတ် ပေါင် ၂ သိန်းထိ တိုးပေးထားပေမယ့် ကစားသမားက ပေါင် ၄ သိန်း အလိုရှိနေတာပါ။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ချယ်ဆီး၊ မန်ယူနိုက်တက်တို့ရဲ့ ချိတ်ဆက်ခဲ့ဖူးတဲ့ ဆီဗီလာ နောက်ခံလူ ဂျူလက်စ် ကွန်ဒီကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ယူနိုက်တက်နဲ့ မန်စီးတီး တိုက်စစ်မှူးဟောင်း ကားလို့စ် တီဗက်ဟာ ဒီစီယူနိုက်တက်နဲ့ ဆွေးနွေးမှုလုပ်နေပြီး သူ့ရဲ့ လစာတောင်းဆိုမှုကို မေဂျာလိဂ်ကလပ်က ပေးနိုင်မှာလားဆိုတာ သေချာမသိရသေးတာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး ဒီနွေမှာ လူငယ်ကွင်းလယ်လူ ဂါဗီကို ခေါ်ယူသွားဖို့ မျှော်လင့်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကာလို အန်ဆလော့တီရဲ့ နည်းပြနေရာကို ဆက်ခံဖို့အတွက် ဂျိုအာချင်လို ကို မျှော်လင့်နေပါတယ်။

အေဂျက် ဘောလုံးဒါရိုက်တာ မက်အိုဗာမားစ်ဟာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေထံ သူပေးပို့ခဲ့တဲ့ မတော်တရော် မက်ဆေ့တွေကြောင့် ချက်ချင်း အကျိုးရလဒ်အနေနဲ့ ကလပ်ကို စွန့်ခွာခဲ့ပြီး ဒီအတွက် အရှက်ရမိကြောင်း ဝန်ခံခဲ့ပါတယ်။

နယူးကာဆယ်ဟာ နောက်ထပ် ဂိုးသမား တစ်ယောက် ရှာဖွေနေဆဲဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့် လီနိုကို နွေရာသီမှာ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။