Player Rating – ဗီလာကို နိုင်တဲ့ပွဲက ချယ်ဆီးအသင်းသားတွေ စွမ်းဆောင်ရည်များ

ချယ်ဆီးအသင်းဟာ တန်းဆင်းဇုန် ရုန်းအား ရှိနေတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး ၂-၁ နဲ့ အနိုင် ရခဲ့တာကြောင့် အဖိုးတန် အနိုင် ၃ မှတ်နဲ့ အိမ်ပြန် လာနိုင်ခဲ့ပါတယ်။ ထိုပွဲ ပထမပိုင်းမှာ ဗီလာဘက် ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် လမ်းပတ်ရဲ့ ဒုတိယပိုင်း လူစားလဲ မှန်ကန်မှုတွေကြောင့် ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ၄-၁-၂-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဒီပွဲက ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို အခုလို အမှတ်ပေးထားပါတယ်။

ကီပါ – ၇

ပထမ ကန်သွင်းချက်ကို ကာကွယ်ခဲ့နိုင်ပေမယ့် ဟောက်စ်ရဲ့ ထပ်မံကြိုးပမ်းချက်ကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ကောင်းမွန်တဲ့ လက်စွမ်း ရှိခဲ့ပါတယ်။

ကွီတာ – ၉

ချယ်ဆီး အသင်းခေါင်းဆောင်ဟာ ဒီပွဲက အသင်း သွင်းဂိုး ၂ ဂိုး လုံးအတွက် ဖန်တီးထောက်ပံ့ပေးခဲ့ပြီး ပွဲ အခြေအနေကို ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။

ခရစ္စတန်ဆန် – ၇

တကယ့် တည်ငြိမ်ပြီး သဘာဆန်တဲ့ ဟန်နဲ့ ဘောလုံး ပေးပို့မှုကောင်းတွေပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဧည့်သည် ချယ်ဆီးအသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ စီး ကစားနိုင်ခဲ့ပါတယ်။

ရူဒီဂါ – ၇

ဘယ်တော့မှ တုန်လှုပ်မှု ရှိပုံ မရတဲ့ ရူဒီဂါအတွက် ဒီပွဲက ကနဦး စမ်းသပ်ချက် ပြန်ဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့ မန်စီးတီးနဲ့ ပွဲအတွက် ရူဒီဂါ အသင့် ဖြစ်နေပါပြီ။

အလွန်ဆို – ၆

ပထမပိုင်းက ရတဲ့ အခွင့်ကောင်း တစ်ချက်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ လမ်းပတ် ဘန်ချေးဝဲလ်ကို ခေါ်ပြီး ဘယ်စွန်ကို အဆင့်မြှင့်ချင်နေလဲ ပို မြင်သာစေခဲ့ပါတယ်။

ကန်တေ – ၈

ပွဲမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီး ချယ်ဆီး ခံစစ်ရှေ့မှာ အခိုင်အမာ နေရာယူ ကစားပြခဲ့ပါတယ်။ ချယ်ဆီး တိုက်စစ် ကစားရင် ပိုပြီး ရှေ့တက် လိုက်ပါ ကူညီခဲ့ပါတယ်။

ကိုဗာဆစ် – ၇

ဂိုးပေါက်ဆီ ကန်ချက်ကောင်း တစ်ချက် မြင်ခဲ့ရပေမယ့် များသွားခဲ့ပါတယ်။ ပါးနပ်တဲ့ ဘောလုံးပေးပို့မှုတွေ မြင်ခဲ့ရပါတယ်။

မေဆန်မောင့် – ၇

ဘယ်ခြေနဲ့ ကန်သွင်းချက်ကောင်း တစ်ချက်ကို ဧရိယာ အပြင်က ကန်သွင်းခဲ့ပါသေးတယ်။ ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။

ဝီလီယံ – ၇

ပထမပိုင်းမှာ ဂိုးဝင်ဖို့ ကြိုးစားအားထုတ်မှုကောင်းတွေ မြင်ခဲ့ရပါတယ်။

ဂျီရူး – ၇

ဂျီရူးရဲ့ အနိုင်ဂိုးက ပွဲ အဖြေကို ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ အက်စတွန်ဗီလာနဲ့ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှာ ၉ ဂိုးထိ သွင်းထားပြီ ဖြစ်ပါတယ်။

လော့ဖ်တပ်ချိစ် – ၆

တစ်နှစ်လောက် နားနေရတဲ့ လော့ဖ်တပ်ချိစ်ကို ပွဲကစားတာ ပထမဆုံး ပြန်မြင်ရတာ ဖြစ်ပါတယ်။ အခွင့်အရေး ဖန်တီးမှု တချို့ ပြုလုပ်ခဲ့ပါတယ်။

လူစားဝင် ကစားသမားများ – ပူလီဆစ် ၇၊ ဘာကလေ ၆။

မိနစ် ၈၀ နောက်ပိုင်းမှ လူစားဝင်သူများ – အေဗရာဟမ်၊ ဂျိမ်းစ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ တန္းဆင္းဇုန္ ရုန္းအား ရွိေနတဲ့ အက္စတြန္ဗီလာကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့ျပီး ၂-၁ နဲ႕ အနိုင္ ရခဲ့တာေၾကာင့္ အဖိုးတန္ အနိုင္ ၃ မွတ္နဲ႕ အိမ္ျပန္ လာနုိင္ခဲ့ပါတယ္။ ထိုပြဲ ပထမပိုင္းမွာ ဗီလာဘက္ ဦးေဆာင္ဂိုး ေပးခဲ့ရေပမယ့္ လမ္းပတ္ရဲ႕ ဒုတိယပိုင္း လူစားလဲ မွန္ကန္မႈေတြေၾကာင့္ ဂိုးေတြ ျပန္သြင္းနုိင္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၄-၁-၂-၃ ပံုစံနဲ႕ ပြဲထြက္လာခဲ့ျပီး ဒီပြဲက ခ်ယ္ဆီးအသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို အခုလို အမွတ္ေပးထားပါတယ္။

ကီပါ – ၇

ပထမ ကန္သြင္းခ်က္ကို ကာကြယ္ခဲ့နိုင္ေပမယ့္ ေဟာက္စ္ရဲ႕ ထပ္မံၾကိဳးပမ္းခ်က္ကိုေတာ့ မကာကြယ္နိုင္ခဲ့ပါဘူး။ တစ္ပြဲလံုး အတိုင္းအတာနဲ႕ ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ လက္စြမ္း ရွိခဲ့ပါတယ္။

ကြီတာ – ၉

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ဟာ ဒီပြဲက အသင္း သြင္းဂိုး ၂ ဂိုး လံုးအတြက္ ဖန္တီးေထာက္ပံ့ေပးခဲ့ျပီး ပြဲ အေျခအေနကို ေျပာင္းလဲ ေပးနုိင္ခဲ့ပါတယ္။

ခရစၥတန္ဆန္ – ၇

တကယ့္ တည္ျငိမ္ျပီး သဘာဆန္တဲ့ ဟန္နဲ႕ ေဘာလံုး ေပးပို႔မႈေကာင္းေတြပါ ျပဳလုပ္နုိင္ခဲ့ပါတယ္။ ဧည့္သည္ ခ်ယ္ဆီးအသင္းဟာ ေဘာလံုး ပိုင္ဆိုင္မႈ အသာနဲ႕ စီး ကစားနုိင္ခဲ့ပါတယ္။

ရူဒီဂါ – ၇

ဘယ္ေတာ့မွ တုန္လႈပ္မႈ ရွိပံု မရတဲ့ ရူဒီဂါအတြက္ ဒီပြဲက ကနဦး စမ္းသပ္ခ်က္ ျပန္ျဖစ္ခဲ့ပါတယ္။ ၾကာသပေတးေန႔ မန္စီးတီးနဲ႕ ပြဲအတြက္ ရူဒီဂါ အသင့္ ျဖစ္ေနပါျပီ။

အလြန္ဆို – ၆

ပထမပိုင္းက ရတဲ့ အခြင့္ေကာင္း တစ္ခ်က္ကို ျဖဳန္းတီးပစ္ခဲ့ပါတယ္။ လမ္းပတ္ ဘန္ေခ်း၀ဲလ္ကို ေခၚျပီး ဘယ္စြန္ကို အဆင့္ျမွင့္ခ်င္ေနလဲ ပို ျမင္သာေစခဲ့ပါတယ္။

ကန္ေတ – ၈

ပြဲမွာ လႊမ္းမိုးထားနုိင္ခဲ့ျပီး ခ်ယ္ဆီး ခံစစ္ေရွ႕မွာ အခိုင္အမာ ေနရာယူ ကစားျပခဲ့ပါတယ္။ ခ်ယ္ဆီး တိုက္စစ္ ကစားရင္ ပိုျပီး ေရွ႕တက္ လိုက္ပါ ကူညီခဲ့ပါတယ္။

ကိုဗာဆစ္ – ၇

ဂိုးေပါက္ဆီ ကန္ခ်က္ေကာင္း တစ္ခ်က္ ျမင္ခဲ့ရေပမယ့္ မ်ားသြားခဲ့ပါတယ္။ ပါးနပ္တဲ့ ေဘာလံုးေပးပို႔မႈေတြ ျမင္ခဲ့ရပါတယ္။

ေမဆန္ေမာင့္ – ၇

ဘယ္ေျခနဲ႕ ကန္သြင္းခ်က္ေကာင္း တစ္ခ်က္ကို ဧရိယာ အျပင္က ကန္သြင္းခဲ့ပါေသးတယ္။ ဂိုးသမား ကာကြယ္နိုင္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲနုိင္ခဲ့တာပါ။

၀ီလီယံ – ၇

ပထမပိုင္းမွာ ဂိုး၀င္ဖို႔ ၾကိဳးစားအားထုတ္မႈေကာင္းေတြ ျမင္ခဲ့ရပါတယ္။

ဂ်ီရူး – ၇

ဂ်ီရူးရဲ႕ အနိုင္ဂိုးက ပြဲ အေျဖကို ေျပာင္းလဲ ေပးနုိင္ခဲ့ပါတယ္။ ျပင္သစ္သားဟာ အက္စတြန္ဗီလာနဲ႕ ေနာက္ဆံုး ကစားထားတဲ့ ၇ ပြဲမွာ ၉ ဂိုးထိ သြင္းထားျပီ ျဖစ္ပါတယ္။

ေလာ့ဖ္တပ္ခ်ိစ္ – ၆

တစ္နွစ္ေလာက္ နားေနရတဲ့ ေလာ့ဖ္တပ္ခ်ိစ္ကို ပြဲကစားတာ ပထမဆံုး ျပန္ျမင္ရတာ ျဖစ္ပါတယ္။ အခြင့္အေရး ဖန္တီးမႈ တခ်ိဳ႔ ျပဳလုပ္ခဲ့ပါတယ္။

လူစား၀င္ ကစားသမားမ်ား – ပူလီဆစ္ ၇၊ ဘာကေလ ၆။

မိနစ္ ၈၀ ေနာက္ပိုင္းမွ လူစား၀င္သူမ်ား – ေအဗရာဟမ္၊ ဂ်ိမ္းစ္။