ကိန်းကို ယူနိုက်တက် ခေါ်ချင်တဲ့ ပိုချက်တီနို၊ အဆင်မပြေဘူး ညည်းလာတဲ့ လူကာကူနဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီဟာ ဇွန်လ စာချုပ်ကုန်ဆုံးချိန်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။ ကာဗာနီက ဘောလုံးကနေ အနားယူဦးမှာ မဟုတ်ဘဲ စပိန်ဘက် သွားရောက် ကစားဖို့ စိတ်ဝင်စားနေပါတယ်။ ရေးဗားပလိတ်မှာ ကစားဖို့ကိုတော့ မစဉ်းစားသေးဘူးလို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရေးမှာ မန်စီးတီးအသင်းက ဝင်ရောက် ကြိုးပမ်းဖို့ ရှိနေပါတယ်။ စီးတီးက ဟာလန်းကို ခေါ်ဖို့ ဖာရန်တောရက်စ်ကို ရောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီး တိုက်စစ်မှုး လူကာကူကတော့ အသင်းမှာ အဆင်မပြေမှုတွေကို လူမှုကွန်ယက်ကနေ ထပ်မံ အသံပြု လာပြန်ပါတယ်။ လူကာကူ က ” အတင်း တွန်းအားပေး လုပ်နေရပြီ ဆိုတည်းက ဒီကိစ္စဟာ အံမဝင်ဘူး ဆိုတဲ့ သဘောပဲ။ ” လို့ ရေးသားထားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာ ငယ်ရွယ်တဲ့ တိုက်စစ်မှုး တစ်ဦး ခေါ်ယူသင့်ကြောင်း အကြံပေး တိုက်တွန်းထားပါတယ်။

လိုင်လီ ကြယ်ပွင့် ဘော့မန်းကို ခေါ်ယူရေးမှာ နယူးကာဆယ်က စပါးအသင်းထက် အသာရသွားဖို့ ရှိနေပြီး ဘဏ္ဍာရေး တောင့်တင်းမှုကို နယူးကာဆယ်တို့ အသုံးချနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ဒီဂျောင်က လာမယ့်နွေမှာ ဘာစီလိုနာကနေ ထွက်ခွာလိုခြင်း မရှိဘဲ နူးကမ့်မှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။

ရာသီကုန် ယူနိုက်တက်မှာ ရန်းနစ် တာဝန် ပြီးဆုံးရင် ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုက အမြဲတမ်း မန်နေဂျာ ရာထူးကို တာဝန်ယူဖို့ ရေပန်းစားနေပြီး ပိုချက်တီနိုကလည်း မန်ချက်စတာ ယူနိုက်တက် ကို ကိုင်တွယ်ရရင် စပါးမှ တပည့်ဟောင်း တိုက်စစ်မှုး ကိန်းကို ခေါ်ဖို့ ရည်ရွယ်နေပါတယ်။

အတ္တလန္တာ အသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ တိုက်စစ်မှုး ဒီယေဂို ကော်စတာ ကို ခေါ်ယူဖို့ အတ္တလန္တာ အသင်းက ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

၂၀၂၃ မှာ လက်စတာနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် တိုင်လီမန်းစ် က သက်တမ်းတိုး စာချုပ် မချုပ်ဆိုတော့ဘူး ဖြစ်ကြောင်း အသိပေးထားပါတယ်။