လက်ရှိ ဒီဂီယာက အရင်လို စိတ်ချအားထားလို့ရတဲ့ ဒီဂီယာ မဟုတ်တော့ပါဘူး

မန်ချက်စတာယူနိုက်တက်ရဲ့ စပိန်သား ဂိုးသမား ဒီဂီယာဟာ ဒီတလော လက်စွမ်းကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ တောက်လျောက် ခံယူနေရပါတယ်။ ကိန်းရဲ့ ဝေဖန်မှု အပြီးမှာ ယူနိုက်တက်ခံစစ်မှူးဟောင်းကြီး ဂယ်ရီ နဗီးလ်ကလည်း လက်ရှိ ဒီဂီယာက အရင်ကလို ယူနိုက်တက် စိတ်ချအားကိုးရတဲ့ ဒီဂီယာ မဟုတ်တော့ကြောင်း သုံးသပ် ပြောဆိုလာပါတယ်။

စပါးနဲ့ တစ်ဂိုးစီ သရေကျတဲ့ ပွဲမှာ ပြိုင်ဘက်အသင်း သွင်းဂိုးကို တားဆီးနိုင်ခဲ့သင့်တယ် လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ နဗီးလ်ကတော့ အရင်တုန်းက လက်စွမ်းပြခဲ့တဲ့ ဒီဂီယာ မဟုတ်တော့ဘူးလို့ ယုံကြည်နေပါတယ်။

” လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက သူက ယူနိုက်တက် လုံး၀ အားကိုးအားထား ပြုလို့ရတဲ့ ကစားသမားပါ အခုကတော့ အရင်လို မဟုတ်တော့ပါဘူး။ သူ အရင်ကလို မဟုတ်တော့တာက အခုမှ မဟုတ်ပါဘူး နည်းနည်းတောင် ကြာပါပြီ။ လက်စွမ်းကျဆင်းတာက ၆ လ လောက်ဆို ခဏလောက်လို့ ဆိုနိုင်ပေမယ့် တစ်နှစ်လောက်ဆို ဒါ စိုးရိမ်စရာ ဖြစ်လာပါပြီ။ နှစ်နှစ်ကျော်လောက် ဖြစ်လာပြီဆို ဒါက သူ့ တကယ့် လက်စွမ်းလို့ ပြောရမှာပါ။

လက်ရှိ ဒီဂီယာ အမှားတွေ လုပ်နေတယ် ဆိုတာ တကယ့် သူ့ လက်ရှိ ဖြစ်တည်မှုပါပဲ။ သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ထင်ရတဲ့၊ အမြဲ စိတ်ချရတဲ့ ဂိုးသမား ဒီဂီယာ မဟုတ်တော့ပါဘူ။ ဒါက ယုံကြည်မှုနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ လက်မောင်းတွေ ခြေတွေ ခန္ဒာကိုယ်က အရင် အတိုင်း ဆိုရင်တောင် စိတ်က အရင်လို မဖြစ်တော့တာပါ။

စပိန်မှာ သူ ကြုံခဲ့ရတာတွေက သက်ရောက်မှု ရှိခဲ့တယ် ထင်ပါတယ်။ သူ စပိန်အသင်း အကျီၤဝတ် ကစားခဲ့ချိန်မှာ ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင် ရှုံ့ချတာတွေ ခံခဲ့ရတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူ ရုန်းကန်ခဲ့ရပြီး ယုံကြည်မှုတွေလည်း ကျသွားတယ်။ စိတ်ဓာတ်ပိုင်း အရ သူ အရင် ဒီဂီယာ မဟုတ်တော့ဘူး။ ” လို့ နဗီးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

စပိန်သား ဂိုးသမား အနေနဲ့ ဒီလိုသာ ယိမ်းယိုင်နေမယ်ဆိုရင် ယူနိုက်တက်မှာ နေရာ ဝင်ယူမယ့် လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန် ရှိနေသလို စပိန်အသင်းမှာလည်း ကီပါက စောင့်နေမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ရဲ႕ စပိန္သား ဂိုးသမား ဒီဂီယာဟာ ဒီတေလာ လက္စြမ္းေၾကာင့္ ျပင္းထန္တဲ့ ေ၀ဖန္မႈေတြ ေတာက္ေလ်ာက္ ခံယူေနရပါတယ္။ ကိန္းရဲ႕ ေ၀ဖန္မႈ အျပီးမွာ ယူနုိက္တက္ခံစစ္မွဴးေဟာင္းၾကီး ဂယ္ရီ နဗီးလ္ကလည္း လက္ရွိ ဒီဂီယာက အရင္ကလို ယူနိုက္တက္ စိတ္ခ်အားကိုးရတဲ့ ဒီဂီယာ မဟုတ္ေတာ့ေၾကာင္း သံုးသပ္ ေျပာဆိုလာပါတယ္။

စပါးနဲ႕ တစ္ဂိုးစီ သေရက်တဲ့ ပြဲမွာ ျပိဳင္ဘက္အသင္း သြင္းဂိုးကို တားဆီးနုိင္ခဲ့သင့္တယ္ လို႔ ေထာက္ျပမႈေတြ ရွိေနပါတယ္။ နဗီးလ္ကေတာ့ အရင္တုန္းက လက္စြမ္းျပခဲ့တဲ့ ဒီဂီယာ မဟုတ္ေတာ့ဘူးလို႔ ယံုၾကည္ေနပါတယ္။

” လြန္ခဲ့တဲ့ ေလးနွစ္ေလာက္တုန္းက သူက ယူနိုက္တက္ လံုး၀ အားကိုးအားထား ျပဳလုိ႔ရတဲ့ ကစားသမားပါ အခုကေတာ့ အရင္လို မဟုတ္ေတာ့ပါဘူး။ သူ အရင္ကလို မဟုတ္ေတာ့တာက အခုမွ မဟုတ္ပါဘူး နည္းနည္းေတာင္ ၾကာပါျပီ။ လက္စြမ္းက်ဆင္းတာက ၆ လ ေလာက္ဆို ခဏေလာက္လို႔ ဆိုနုိင္ေပမယ့္ တစ္ႏွစ္ေလာက္ဆို ဒါ စိုးရိမ္စရာ ျဖစ္လာပါျပီ။ နွစ္နွစ္ေက်ာ္ေလာက္ ျဖစ္လာျပီဆို ဒါက သူ႔ တကယ့္ လက္စြမ္းလို႔ ေျပာရမွာပါ။

လက္ရွိ ဒီဂီယာ အမွားေတြ လုပ္ေနတယ္ ဆိုတာ တကယ့္ သူ႔ လက္ရွိ ျဖစ္တည္မႈပါပဲ။ သူ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူး ထင္ရတဲ့၊ အျမဲ စိတ္ခ်ရတဲ့ ဂိုးသမား ဒီဂီယာ မဟုတ္ေတာ့ပါဘူ။ ဒါက ယံုၾကည္မႈနဲ႕လည္း ဆိုင္မယ္ ထင္ပါတယ္။ လက္ေမာင္းေတြ ေျခေတြ ခႏၵာကိုယ္က အရင္ အတိုင္း ဆိုရင္ေတာင္ စိတ္က အရင္လို မျဖစ္ေတာ့တာပါ။

စပိန္မွာ သူ ၾကံဳခဲ့ရတာေတြက သက္ေရာက္မႈ ရွိခဲ့တယ္ ထင္ပါတယ္။ သူ စပိန္အသင္း အက်ီၤ၀တ္ ကစားခဲ့ခ်ိန္မွာ ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ ေလွာင္ေျပာင္ ရွံဳ႕ခ်တာေတြ ခံခဲ့ရတယ္။ ၂၀၁၈ ကမၻာ့ဖလားမွာ သူ ရုန္းကန္ခဲ့ရျပီး ယံုၾကည္မႈေတြလည္း က်သြားတယ္။ စိတ္ဓာတ္ပိုင္း အရ သူ အရင္ ဒီဂီယာ မဟုတ္ေတာ့ဘူး။ ” လို႔ နဗီးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

စပိန္သား ဂိုးသမား အေနနဲ႕ ဒီလိုသာ ယိမ္းယိုင္ေနမယ္ဆိုရင္ ယူနိုက္တက္မွာ ေနရာ ၀င္ယူမယ့္ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ ရွိေနသလို စပိန္အသင္းမွာလည္း ကီပါက ေစာင့္ေနမွာ ျဖစ္ပါတယ္။