ထူးရှယ်ပိုင်နိုင်တဲ့ အဝေးဘော ပေးပို့မှုတွေ ဗီလာနဲ့ပွဲမှာ ထုတ်ပြခဲ့တဲ့ ကန်တေ

ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တေဟာ အက်စတွန်ဗီလာနဲ့ ပွဲမှာ ဂျော်ဂျင်ဟို ပွဲပယ်ခံထားရတာကြောင့် ကွင်းလယ် အထိုင်မှာ နေရာယူကာ ပွဲထွက်လာခဲ့ပါတယ်။ ပွဲပြီး Whoscored က ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေ အရ ကန်တေဟာ ဒီပွဲမှာ အထင်ကြီးလောက်စရာ အဝေးဘော တိတိကျကျ ပေးပို့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ကန်တေက သူ့ရဲ့ ပင်ကို ကွင်းလယ် ခံစစ်နေရာထက် ရှေ့ပိုတက် ကစားရလေ့ ရှိသူပါ။ ဒါပေမယ့် အသက် ၂၉ နှစ် အရွယ် ပြင်သစ်သားဟာ ဗီလာနဲ့ ပွဲမှာတော့ ကွင်းလယ် သုံးယောက်ထဲ အထိုင် ကစားသမား အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဂျော်ဂျင်ဟို မပါဝင်နိုင်ချိန် ဘီလီ ဂေးလ်မားက ထိုနေရာ ဝင် တာဝန်ယူမယ် ထင်ခဲ့ကြပေမယ့် ကန်တေက ဝင် ကစားဖြစ်ခဲ့တာပါ။

ဗီလာကွင်းလယ် ဂရေးလစ်ချ်ကို တောက်လျောက် ပြစ်ဒဏ်ဘော ကျူးလွန်နေခဲ့တာကလည်း လမ်းပတ်ရဲ့ ပွဲ အစီအမံ တစ်ခု ဖြစ်ပြီး အသင်း လိုအပ်တဲ့ ဟာကွက်တွေကို ကန်တေက ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ပွဲရဲ့ Tempo အတက်အကျကို ထိန်းသိမ်းရာမှာ ကန်တေက ပိုင်နိုင်ခဲ့ပြီး ကစားကွက် အပြောင်းအလဲတွေကို ကန်တေက တိကျတဲ့ အဝေးဘော ပေးပို့မှုတွေ ပြုလုပ်ကာ ဖန်တီးပေးခဲ့ပါတယ်။

ပွဲပြီး အချက်အလက်တွေ အရ ကန်တေဟာ သူ့ရဲ့ အဝေးဘော ပေးပို့မှု ၁၂ ကြိမ်ထဲမှာ ၉ ကြိမ် အောင်မြင်ခဲ့ပြီး တိကျမှုနှုန်း ၈၇% ထိ ရှိခဲ့ကာ အဓိက ကျတဲ့ ပေးပို့မှုလည်း ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကန်တေရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းက နည်းပြ လမ်းပတ် အတွက် အခက်တွေ့ရမယ့် ကိစ္စတွေကို လျော့ပါးစေနိုင်ခဲ့ပြီး ဂျော်ဂျင်ဟို မပါဝင်နိုင်ရင် သူက အသင့် ရှိနေကြောင်း အသိပေး ပြသနိုင်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ကန္ေတဟာ အက္စတြန္ဗီလာနဲ႕ ပြဲမွာ ေဂ်ာ္ဂ်င္ဟို ပြဲပယ္ခံထားရတာေၾကာင့္ ကြင္းလယ္ အထိုင္မွာ ေနရာယူကာ ပြဲထြက္လာခဲ့ပါတယ္။ ပြဲျပီး Whoscored က ထုတ္ျပန္လိုက္တဲ့ အခ်က္အလက္ေတြ အရ ကန္ေတဟာ ဒီပြဲမွာ အထင္ၾကီးေလာက္စရာ အေ၀းေဘာ တိတိက်က် ေပးပို႔မႈေတြ ျပဳလုပ္ခဲ့တာ ေတြ႔ရပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ကန္ေတက သူ႔ရဲ႕ ပင္ကို ကြင္းလယ္ ခံစစ္ေနရာထက္ ေရွ႕ပိုတက္ ကစားရေလ့ ရွိသူပါ။ ဒါေပမယ့္ အသက္ ၂၉ နွစ္ အရြယ္ ျပင္သစ္သားဟာ ဗီလာနဲ႕ ပြဲမွာေတာ့ ကြင္းလယ္ သံုးေယာက္ထဲ အထိုင္ ကစားသမား အျဖစ္ တာ၀န္ယူခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟို မပါ၀င္နုိင္ခ်ိန္ ဘီလီ ေဂးလ္မားက ထိုေနရာ ၀င္ တာ၀န္ယူမယ္ ထင္ခဲ့ၾကေပမယ့္ ကန္ေတက ၀င္ ကစားျဖစ္ခဲ့တာပါ။

ဗီလာကြင္းလယ္ ဂေရးလစ္ခ်္ကို ေတာက္ေလ်ာက္ ျပစ္ဒဏ္ေဘာ က်ဴးလြန္ေနခဲ့တာကလည္း လမ္းပတ္ရဲ႕ ပြဲ အစီအမံ တစ္ခု ျဖစ္ျပီး အသင္း လိုအပ္တဲ့ ဟာကြက္ေတြကို ကန္ေတက ျဖည့္ဆည္းနုိင္ခဲ့ပါတယ္။

အထူးသျဖင့္ ပြဲရဲ႕ Tempo အတက္အက်ကို ထိန္းသိမ္းရာမွာ ကန္ေတက ပိုင္နုိင္ခဲ့ျပီး ကစားကြက္ အေျပာင္းအလဲေတြကို ကန္ေတက တိက်တဲ့ အေ၀းေဘာ ေပးပို႔မႈေတြ ျပဳလုုပ္ကာ ဖန္တီးေပးခဲ့ပါတယ္။

ပြဲျပီး အခ်က္အလက္ေတြ အရ ကန္ေတဟာ သူ႔ရဲ႕ အေ၀းေဘာ ေပးပို႔မႈ ၁၂ ၾကိမ္ထဲမွာ ၉ ၾကိမ္ ေအာင္ျမင္ခဲ့ျပီး တိက်မႈနႈန္း ၈၇% ထိ ရွိခဲ့ကာ အဓိက က်တဲ့ ေပးပို႔မႈလည္း ၂ ၾကိမ္ ျပဳလုပ္နုိင္ခဲ့ပါတယ္။

ကန္ေတရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္းက နည္းျပ လမ္းပတ္ အတြက္ အခက္ေတြ႔ရမယ့္ ကိစၥေတြကို ေလ်ာ့ပါးေစနိုင္ခဲ့ျပီး ေဂ်ာ္ဂ်င္ဟို မပါ၀င္နုိင္ရင္ သူက အသင့္ ရွိေနေၾကာင္း အသိေပး ျပသနိုင္ခဲ့ပါတယ္။