ချယ်ဆီးပြောင်းလို့ ဝေဖန်ခံနေရတဲ့ တီမိုဝါနာဘက်ကနေ အေးဂျင့်ဖြစ်သူ ကာကွယ်ပြောဆို

လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာက ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ လာရောက် ပူးပေါင်းမယ်လို့ အတည်ပြု သတင်းတွေ ထွက်လာအပြီးမှာ ဂျာမန်သားအပေါ် ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ဥရောပ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်သို့ ရောက်ရှိပြီး ဖြစ်ကာ ထိုပွဲစဉ်များကလည်း သြဂုတ်လထဲမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တီမိုဝါနာကတော့ ချန်ပီယံလိဂ် ပွဲ ဆက် ကစားမယ့်် အခွင့်အရေးကို စွန့်ကာ ချယ်ဆီးအသင်းထံ စောစော ပူးပေါင်းဖို့ ရွေးချယ်ခဲ့ပါတယ်။ ထို ဆုံးဖြတ်ချက်က လက်ရှိကလပ် လိုက်ပ်ဇစ်နဲ့ အသင်းဖော်တွေကို ဒုက္ခများစေကြောင်း ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။

ဒီရာသီ ဘွန်ဒစ်လီဂါပွဲ ၃၃ ပွဲကစားပြီးချိန် ၂၆ ဂိုး သွင်းထားတဲ့ တီမိုဝါနာက လိုက်ပ်ဇစ်အသင်း အားထားရတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမန်သားက ဈေးကွက် မဖွင့်ခင်မှာပဲ ချယ်ဆီးအသင်းထံ စာချုပ်ပါ ဖျက်သိမ်းကြေး ပေါင် ၄၇.၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး လိုက်ပ်ဇစ်ရဲ့ ဥရောပ ပွဲကုန်သည်ထိ မစောင့်ဘဲ ဘွန်ဒစ်လီဂါ ပြီးတာနဲ့ သွားဖို့ စီစဉ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက် အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

တီမိုဝါနာရဲ့ အေးဂျင့်ဖြစ်သူ ဖော်စတာကတော့ လူတွေက သူ့ ကစားသမားကို လူဆိုး အဖြစ် ပုံဖော်ကာ ပြစ်တင်ပြောဆိုနေကြတာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

” တီမိုက အခု အစွန်းတဖက်ကို တွန်းပို့ခံနေရပြီး လူဆိုး တစ်ယောက် အဖြစ် ပုံဖော် ပြောဆိုခံနေရတယ်။ အသင်းဖော်တွေကို စိတ်ဓာတ်ကျစေတယ်ပေါ့ ကျနော်ကတော့ ဒီအချက်ကို လုံး၀ ကန့်ကွက်ပါတယ်။ သူ့ရဲ့ ဒီ ဆုံးဖြတ်ချက်က တီမိုဝါနာ အတွက် အသင်းသစ်မှာ စတင်မှုကောင်း ဖြစ်မှာပါ။

သူ့အနေနဲ့ အားလပ်ရက် ပြီးရင် အသင်းသစ်ဆီ မသွားဘဲ လိုက်ပ်ဇစ်ထံ ပြန်သွားပြီး ချန်ပီယံလိဂ် ကစားဖို့ ပြင်ဆင်ရမယ် ဆိုတာ သိပ် အဆင်မပြေပါဘူး။ သူ ချယ်ဆီးကို ဇူလိုင် ၁ ရက်နေ့မှာ လာမယ်၊ သြဂုတ်လ နှောင်းပိုင်းမှ မဟုတ်ဘူးဆိုတာ အခု ဆုံးဖြတ်ချက်က တီမို တစ်ယောက်တည် တင် မဟုတ်ဘူး ကလပ်အသင်း နှစ်သင်းလုံးပါ ပါဝင် ဆုံးဖြတ် သဘောတူထားတဲ့ ကိစ္စပါ။ ” လို့ အေးဂျင့် ဖော်စတာက ပြောဆိုခဲ့ပါတယ်။

လိုက်ပ်ဇစ်က သြဂုတ်လထိ ဝါနာကို ဆက်ခေါ်ထားချင်ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းသစ်ထံ စောစော သွား ပူးပေါင်းလို တာကြောင့် လက်လွှတ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့်ကို ကျော်လွန်ပြီး ကွာတား ရောကေ်နပြီ ဖြစ်တဲ့ လိုက်ပ်ဇစ်က ဘယ်အသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မသိသေးပါဘူး။

Zawgyi – လိုက္ပ္ဇစ္တိုက္စစ္မွဴး တီမို၀ါနာက ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ျပီး ဇူလိုင္ ၁ ရက္ေန႔မွာ လာေရာက္ ပူးေပါင္းမယ္လို႔ အတည္ျပဳ သတင္းေတြ ထြက္လာအျပီးမွာ ဂ်ာမန္သားအေပၚ ေ၀ဖန္မႈေတြ မ်ားစြာ ထြက္ေပၚလာပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ ဥေရာပ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္သို႔ ေရာက္ရွိျပီး ျဖစ္ကာ ထိုပြဲစဥ္မ်ားကလည္း ၾသဂုတ္လထဲမွာ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ တီမို၀ါနာကေတာ့ ခ်န္ပီယံလိဂ္ ပြဲ ဆက္ ကစားမယ့္္ အခြင့္အေရးကို စြန္႔ကာ ခ်ယ္ဆီးအသင္းထံ ေစာေစာ ပူးေပါင္းဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ ထို ဆံုးျဖတ္ခ်က္က လက္ရွိကလပ္ လိုက္ပ္ဇစ္နဲ႕ အသင္းေဖာ္ေတြကို ဒုကၡမ်ားေစေၾကာင္း ေ၀ဖန္မႈေတြ ရွိေနခဲ့တာပါ။

ဒီရာသီ ဘြန္ဒစ္လီဂါပြဲ ၃၃ ပြဲကစားျပီးခ်ိန္ ၂၆ ဂိုး သြင္းထားတဲ့ တီမို၀ါနာက လိုက္ပ္ဇစ္အသင္း အားထားရတဲ့ တိုက္စစ္မွဴး ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ာမန္သားက ေစ်းကြက္ မဖြင့္ခင္မွာပဲ ခ်ယ္ဆီးအသင္းထံ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး ေပါင္ ၄၇.၅ သန္းနဲ႕ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ျပီး လိုက္ပ္ဇစ္ရဲ႕ ဥေရာပ ပြဲကုန္သည္ထိ မေစာင့္ဘဲ ဘြန္ဒစ္လီဂါ ျပီးတာနဲ႕ သြားဖို႔ စီစဥ္ခဲ့တာပါ။ ဒီဆံုးျဖတ္ခ်က္ အေပၚ ေ၀ဖန္မႈေတြ ရွိလာခဲ့တာ ျဖစ္ပါတယ္။

တီမို၀ါနာရဲ႕ ေအးဂ်င့္ျဖစ္သူ ေဖာ္စတာကေတာ့ လူေတြက သူ႔ ကစားသမားကို လူဆိုး အျဖစ္ ပံုေဖာ္ကာ ျပစ္တင္ေျပာဆိုေနၾကတာ ျဖစ္ေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

” တီမိုက အခု အစြန္းတဖက္ကို တြန္းပို႔ခံေနရျပီး လူဆိုး တစ္ေယာက္ အျဖစ္ ပံုေဖာ္ ေျပာဆိုခံေနရတယ္။ အသင္းေဖာ္ေတြကို စိတ္ဓာတ္က်ေစတယ္ေပါ့ က်ေနာ္ကေတာ့ ဒီအခ်က္ကို လံုး၀ ကန္႔ကြက္ပါတယ္။ သူ႔ရဲ႕ ဒီ ဆံုးျဖတ္ခ်က္က တီမို၀ါနာ အတြက္ အသင္းသစ္မွာ စတင္မႈေကာင္း ျဖစ္မွာပါ။

သူ႔အေနနဲ႕ အားလပ္ရက္ ျပီးရင္ အသင္းသစ္ဆီ မသြားဘဲ လိုက္ပ္ဇစ္ထံ ျပန္သြားျပီး ခ်န္ပီယံလိဂ္ ကစားဖို႔ ျပင္ဆင္ရမယ္ ဆိုတာ သိပ္ အဆင္မေျပပါဘူး။ သူ ခ်ယ္ဆီးကို ဇူလိုင္ ၁ ရက္ေန႔မွာ လာမယ္၊ ၾသဂုတ္လ ေနွာင္းပိုင္းမွ မဟုတ္ဘူးဆိုတာ အခု ဆံုးျဖတ္ခ်က္က တီမို တစ္ေယာက္တည္ တင္ မဟုတ္ဘူး ကလပ္အသင္း နွစ္သင္းလံုးပါ ပါ၀င္ ဆံုးျဖတ္ သေဘာတူထားတဲ့ ကိစၥပါ။ ” လို႔ ေအးဂ်င့္ ေဖာ္စတာက ေျပာဆုိခဲ့ပါတယ္။

လိုက္ပ္ဇစ္က ၾသဂုတ္လထိ ၀ါနာကို ဆက္ေခၚထားခ်င္ေပမယ့္ ကစားသမား ကိုယ္တိုင္က အသင္းသစ္ထံ ေစာေစာ သြား ပူးေပါင္းလို တာေၾကာင့္ လက္လႊတ္ဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ၁၆ သင္း အဆင့္ကို ေက်ာ္လြန္ျပီး ကြာတား ေရာကေ္နျပီ ျဖစ္တဲ့ လိုက္ပ္ဇစ္က ဘယ္အသင္းနဲ႕ ရင္ဆုိင္ရမယ္ဆိုတာ မသိေသးပါဘူး။