ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (22/06/20)

ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ဘောလုံးရတာနဲ့ ဂိုး အဖြစ်ပြောင်းလဲဖို့ ဇောကြီးတာကြောင့် အသင်းဖော် တိုက်စစ်မှူးတွေနဲ့ တစ်နေ့မှာ ပြသနာကြုံနိုင်ကြောင်း ရက်နက်က သတိပေးလိုက်ပါတယ်။

ပြင်သစ်သား ကွင်းလယ်သမား ပေါ့ဘာဟာ ပရီးမီးယားလိဂ် စံမှီ ကစားသမား တင် မဟုတ်ဘဲ ကမ္ဘာ့အဆင့်ရှိ ကစားသမား ဖြစ်ကြောင်း မိုက်ကယ်အိုဝင်က ချီးကျူး ပြောဆိုလိုက်ပါတယ်။

ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်မယ့် ပွဲမှာ မန်ယူနိုက်တက်ရဲ့ လူစာရင်းထဲ ကွင်းလယ်ကနေ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အတူ ပွဲထွက် လာမယ်လို့ နဗီးလ်က မျှော်လင့်နေပါတယ်။

ဒီတလော နှစ်တွေ အတွင်း ယူနိုက်တက် ကစားသမားတွေကိုချည်း တောက်လျောက် ချိတ်ဆက် ခေါ်ယူနေတဲ့ အင်တာမီလန်အသင်းဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖွယ် ရှိတဲ့ ကွင်းလယ်ကစားသမား မာတစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကလို အရာရာ စိတ်ချ အားကိုးထားလို့ ရတဲ့ ဒီဂီယာ မဟုတ်တော့ဘဲ ပုံမှန်လို အမှားများလာပြီ ဖြစ်ကြောင်း နဗီးလ်က သတိပေးစကား ဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်းကြီး ဖော်ကျွန်းက တစ်နေ့မှာ ယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူချင်ကြောင်း ၎င်း ရည်မှန်းချက်ကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လူစားလဲခွင့် အရန် တိုးမြှင့်လိုက်တာ ဒီတပတ် ရင်ဆိုင်ရမယ့် ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကြီး ၆ ကြီး အသင်းတွေ အတွက် အားသာချက် ပို ဖြစ်စေခဲ့ကြောင်း ရှက်ဖီးခံစစ်မှူး ခရစ် ဘက်စ်ဟမ်းက ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ ေဘာလံုးရတာနဲ႕ ဂိုး အျဖစ္ေျပာင္းလဲဖို႔ ေဇာၾကီးတာေၾကာင့္ အသင္းေဖာ္ တိုက္စစ္မွဴးေတြနဲ႕ တစ္ေန႔မွာ ျပသနာၾကံဳနုိင္ေၾကာင္း ရက္နက္က သတိေပးလိုက္ပါတယ္။

ျပင္သစ္သား ကြင္းလယ္သမား ေပါ့ဘာဟာ ပရီးမီးယားလိဂ္ စံမွီ ကစားသမား တင္ မဟုတ္ဘဲ ကမၻာ့အဆင့္ရွိ ကစားသမား ျဖစ္ေၾကာင္း မိုက္ကယ္အို၀င္က ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

ရွက္ဖီးယူနိုက္တက္နဲ႕ ရင္ဆိုင္မယ့္ ပြဲမွာ မန္ယူနိုက္တက္ရဲ႕ လူစာရင္းထဲ ကြင္းလယ္ကေန ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ အတူ ပြဲထြက္ လာမယ္လုိ႕ နဗီးလ္က ေမွ်ာ္လင့္ေနပါတယ္။

ဒီတေလာ နွစ္ေတြ အတြင္း ယူနုိက္တက္ ကစားသမားေတြကိုခ်ည္း ေတာက္ေလ်ာက္ ခ်ိတ္ဆက္ ေခၚယူေနတဲ့ အင္တာမီလန္အသင္းဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖြယ္ ရွိတဲ့ ကြင္းလယ္ကစားသမား မာတစ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

ယူနိုက္တက္ ဂိုးသမား ဒီဂီယာဟာ လြန္္ခဲ့တဲ့ ေလးနွစ္ေလာက္ကလို အရာရာ စိတ္ခ် အားကိုးထားလို႔ ရတဲ့ ဒီဂီယာ မဟုတ္ေတာ့ဘဲ ပံုမွန္လို အမွားမ်ားလာျပီ ျဖစ္ေၾကာင္း နဗီးလ္က သတိေပးစကား ဆိုခဲ့ပါတယ္။

ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ေဖာ္ကၽြန္းက တစ္ေန႔မွာ ယူနိုက္တက္ နည္းျပ အျဖစ္ တာ၀န္ယူခ်င္ေၾကာင္း ၄င္း ရည္မွန္းခ်က္ကို ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လူစားလဲခြင့္ အရန္ တိုးျမွင့္လိုက္တာ ဒီတပတ္ ရင္ဆိုင္ရမယ့္ ယူနိုက္တက္ အပါအ၀င္ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီး အသင္းေတြ အတြက္ အားသာခ်က္ ပို ျဖစ္ေစခဲ့ေၾကာင္း ရွက္ဖီးခံစစ္မွဴး ခရစ္ ဘက္စ္ဟမ္းက ေျပာဆိုခဲ့ပါတယ္။