လန်ဒန်ကလပ်တွေ ပစ်မှတ်ထားနေတဲ့ လူကာဂျိုဗစ်နဲ့ ပတ်သတ်ပြီး ရီးရဲလ် ဆုံးဖြတ်ချက်ချ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပရီးမီးယားလိဂ်မှ လန်ဒန်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်နဲ့ ပတ်သတ်ပြီး ကမ်းလှမ်းမှုတွေကို ဒီနွေမှာ လက်ခံ မစဉ်းစားဘဲ ဆားဘီးယားသားကို အသင်းမှာ ဆက်လက် အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီးယန်းကို လက်လွှတ်ရဖွယ် ရှိတာကြောင့် ဈေးကွက်ထဲမှာ တိုက်စစ်မှူး တစ်ဦး အပူတပြင်း ရှာဖွေနေပြီး လူကာ ဂျိုဗစ်ကို အူဘာနေရာ အစားဝင်နိုင်မယ့် တိုက်စစ်မှူး အဖြစ် မျက်စိကျလာခဲ့တာပါ။

အူဘာမီးယန်းသာ အသင်းနဲ့ သက်တမ်းတိုး စာချုပ် မချုပ်ဆိုရင် အာဆင်နယ်က နောက်နှစ်မှ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ဖို့ထက် လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချကာ ဂျိုဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

အာဆင်နယ်နည်းတူ ချယ်ဆီးကလည်း တိုက်စစ်မှူးသစ် ခေါ်ယူအားဖြည့်လိုနေပြီး စပါးကလည်း ကိန်းကို လက်လွှတ်ရရင် အစားထိုးဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဆားဘီးယား တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ဒီရာသီ ဘာနေဗျူးမှာ အစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ၂၄ ပွဲ ပါဝင်ကစားထားရာမှာ ၂ ဂိုးသား သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာကတော့ ဂျိုဗစ်ဟာ အသင်း တိုက်စစ်မှာ ဦးဆောင် အထောင် တိုက်စစ် ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကိုဗစ် အကြပ်အတည်းကြောင့် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကလည်း မျှော်မှန်းတဲ့ အတိုင်း ဖြစ်လာဖို့ ခက်ခဲလာပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဂျိုဗစ်ကို ဒီနွေမှာ ထွက်ခွာခွင့် မပြုလိုကြောင်း စပိန် AS သတင်းက ဖော်ထုတ်သွားပါတယ်။

အပြောင်းအရွှေ့ ဈေးကွက် ကမောက်ကမ ဖြစ်နေချိန် ဖြစ်တဲ့ အပြင် ကလပ်အသင်း ဘဏ္ဍာရေး အခြေအနေ မတည်ငြိမ်မှုများ ကြုံလာရဖွယ် ရှိတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဂျိုဗစ်ကို ရောင်းချပြီး အခြားတိုက်စစ်မှူးသစ် ပြန်ခေါ်ယူတာမျိုး မလုပ်လိုပါဘူး။ ဆားဘီးယားသားဟာ ဖရန့်ဖတ်နဲ့ အတူ ဘွန်ဒစ်လီဂါမှာရော ယူရိုပါလိဂ်မှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး အသက် အရွယ်အားဖြင့်လည်း ၂၂ နှစ်သာ ရှိသေးတာကြောင့် ရီးရဲလ်က နောက်တစ်ရာသီ ဆက်လက် အခွင့်အရေးပေး စောင့်ကြည့်လိုနေပါတယ်။

အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ကတော့ ဂျိုဗစ်နဲ့ ရီးရဲလ်မက်ဒရစ် အခြေအနေကို စောင့်ကြည့်ဆဲ ဖြစ်ပြီး အာဆင်နယ်ကတော့ အရဲစွန့် ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖွယ် ရှိနေပါတယ်။

Zawgyi – ရီးရဲလ္မက္ဒရစ္အသင္းဟာ ပရီးမီးယားလိဂ္မွ လန္ဒန္ကလပ္ေတြ ျဖစ္တဲ့ အာဆင္နယ္၊ ခ်ယ္ဆီးနဲ႕ စပါးအသင္းတို႔ ပစ္မွတ္ထားျခင္း ခံေနရတဲ့ တိုက္စစ္မွဴး လူကာဂ်ိဳဗစ္နဲ႕ ပတ္သတ္ျပီး ကမ္းလွမ္းမႈေတြကို ဒီေႏြမွာ လက္ခံ မစဥ္းစားဘဲ ဆားဘီးယားသားကို အသင္းမွာ ဆက္လက္ အခြင့္အေရးေပးဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ တိုက္စစ္မွဴး အူဘာမီးယန္းကို လက္လႊတ္ရဖြယ္ ရွိတာေၾကာင့္ ေစ်းကြက္ထဲမွာ တိုက္စစ္မွဴး တစ္ဦး အပူတျပင္း ရွာေဖြေနျပီး လူကာ ဂ်ိဳဗစ္ကို အူဘာေနရာ အစား၀င္နုိင္မယ့္ တိုက္စစ္မွဴး အျဖစ္ မ်က္စိက်လာခဲ့တာပါ။ အူဘာမီးယန္းသာ အသင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္ မခ်ဳပ္ဆိုရင္ အာဆင္နယ္က ေနာက္နွစ္မွ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ဖို႔ထက္ လာမယ့္ အေျပာင္းအေရႊ႕မွာ ေရာင္းခ်ကာ ဂ်ိဳဗစ္ကို ေခၚယူဖို႔ ပစ္မွတ္ထားလာပါတယ္။

အာဆင္နယ္နည္းတူ ခ်ယ္ဆီးကလည္း တိုက္စစ္မွဴးသစ္ ေခၚယူအားျဖည့္လိုေနျပီး စပါးကလည္း ကိန္းကို လက္လႊတ္ရရင္ အစားထိုးဖို႔ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္။

ဆားဘီးယား တိုက္စစ္မွဴး လူကာဂ်ိဳဗစ္ဟာ ဒီရာသီ ဘာေနဗ်ဴးမွာ အစြမ္းျပနိုင္ဖို႔ ရုန္းကန္ေနရျပီး ၂၄ ပြဲ ပါ၀င္ကစားထားရာမွာ ၂ ဂိုးသား သြင္းယူထားနုိင္ပါတယ္။ အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ဂ်ိဳဗစ္ဟာ အသင္း တိုက္စစ္မွာ ဦးေဆာင္ အေထာင္ တိုက္စစ္ ကစားနုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ကိုဗစ္ အၾကပ္အတည္းေၾကာင့္ အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြကလည္း ေမွ်ာ္မွန္းတဲ့ အတိုင္း ျဖစ္လာဖို႔ ခက္ခဲလာျပီ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဂ်ိဳဗစ္ကို ဒီေႏြမွာ ထြက္ခြာခြင့္ မျပဳလိုေၾကာင္း စပိန္ AS သတင္းက ေဖာ္ထုတ္သြားပါတယ္။

အေျပာငး္အေရႊ႕ ေစ်းကြက္ ကေမာက္ကမ ျဖစ္ေနခ်ိန္ ျဖစ္တဲ့ အျပင္ ကလပ္အသင္း ဘ႑ာေရး အေျခအေန မတည္ျငိမ္မႈမ်ား ၾကံဳလာရဖြယ္ ရွိတာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ဂ်ိဳဗစ္ကို ေရာင္းခ်ျပီး အျခားတိုက္စစ္မွဴးသစ္ ျပန္ေခၚယူတာမ်ိဳး မလုပ္လိုပါဘူး။ ဆားဘီးယားသားဟာ ဖရန္႔ဖတ္နဲ႕ အတူ ဘြန္ဒစ္လီဂါမွာေရာ ယူရိုပါလိဂ္မွာ ေျခစြမ္းျပခဲ့သူ ျဖစ္ျပီး အသက္ အရြယ္အားျဖင့္လည္း ၂၂ နွစ္သာ ရွိေသးတာေၾကာင့္ ရီးရဲလ္က ေနာက္တစ္ရာသီ ဆက္လက္ အခြင့္အေရးေပး ေစာင့္ၾကည့္လိုေနပါတယ္။

အာဆင္နယ္၊ ခ်ယ္ဆီးနဲ႕ စပါးအသင္းတို႔ကေတာ့ ဂ်ိဳဗစ္နဲ႕ ရီးရဲလ္မက္ဒရစ္ အေျခအေနကို ေစာင့္ၾကည့္ဆဲ ျဖစ္ျပီး အာဆင္နယ္ကေတာ့ အရဲစြန္႔ ကမ္းလွမး္မႈမ်ိဳး ျပဳလုုပ္ဖြယ္ ရွိေနပါတယ္။