ချယ်ဆီးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့တဲ့ ပွဲကြီးပွဲကောင်းအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်

UNICODE – ဒီအပတ် ကြားရက်မှာပဲ ချယ်ဆီးဟာ ပွဲကောင်းတစ်ပွဲအဖြစ် မန်စီးတီးကို စတမ်းဖိုဒ်ဘရစ်မှာ ဧည့်ခံရပါမယ်။

ဘောလုံးပွဲ ပြန်လည်စတင်ကတည်းက မန်စီးတီးက ခြေစွမ်း အကောင်းဆုံးတွေ ပြန်ရနေတာပါ။ ပထမအကျော့တုန်းက ချယ်ဆီးဟာ အဝေးကွင်း သွားကစားရပေမယ့် မန်စီးတီးကို လွှမ်းမိုးခဲ့ပြီး ကံမကောင်းစွာပဲ ပွဲမထိန်းနိုင်တာကြောင့် အရေးနိမ့်ခဲ့တာပါ။ ဒီတစ်ကြိမ် စမ်းသပ်မှုက ချယ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေပါလိမ့်မယ်။

လော်ရိုးက ” ချယ်ဆီးအသင်းက တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာကို နိုင်ပွဲ ကောင်း ရထားပါတယ် ဒါပေမယ့် သူတို့ အသင်းက တည်ဆောက်နေဆဲ အသင်းပါ။ သူတို့ထက် ပို ကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရင် သူတို့ ကစားပုံက ကိုယ့်အခြေအနေ ကိုယ် သိထားသလို မြင်ရပါတယ်။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ နောက်ရာသီ အတွက် နည်းလမ်းများစွာနဲ့ ပြင်ဆင်နေပါတယ်။ သူ့အသင်းဟာ ဒီနှစ်မှာကို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းနေပါတယ်။ ဒါပေမယ့် မရခဲ့ရင်လည်း သူ့အတွက် ဖိအားကြီး ဖြစ်မယ်လို့ ကျနော် မထင်ပါဘူး။ လမ်းပတ်က တောက်လျောက် ရလဒ်ကောင်းတွေ ယူပြထားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ သူ့အသင်း လိဂ် ရှုံးပွဲကတော့ ၉ ပွဲ ရှိထားတယ်။

စတန်းဖို့ဘရစ်ချ်မှာ ဒီတစ်ပတ်တော့ ဖွင့် ကစားမယ် ထင်ပါတယ်။ မန်စီးတီး အနေနဲ့တော့ နောက်ထပ် ချေမှုန်းရမယ့် ပွဲ တစ်ပွဲပါ။ ” လို့ ဖြစ်ပါတယ်။

ချယ်ဆီး V မန်စီးတီး ပွဲအတွက် လော်ရိုးရဲ့ ရလဒ်ခန့်မှန်းကတော့ မန်စီးတီးက ၂-၁ နဲ့ နိုင်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI – ဒီအပတ္ ၾကားရက္မွာပဲ ခ်ယ္ဆီးဟာ ပြဲေကာင္းတစ္ပြဲအျဖစ္ မန္စီးတီးကို စတမ္းဖိုဒ္ဘရစ္မွာ ဧည့္ခံရပါမယ္။

ေဘာလံုးပြဲ ျပန္လည္စတင္ကတည္းက မန္စီးတီးက ေျခစြမ္း အေကာင္းဆံုးေတြ ျပန္ရေနတာပါ။ ပထမအေက်ာ့တုန္းက ခ်ယ္ဆီးဟာ အေဝးကြင္း သြားကစားရေပမယ့္ မန္စီးတီးကို လႊမ္းမိုးခဲ့ျပီး ကံမေကာင္းစြာပဲ ပြဲမထိန္းႏုိင္တာေၾကာင့္ အေရးနိမ့္ခဲ့တာပါ။ ဒီတစ္ၾကိမ္ စမ္းသပ္မႈက ခ်ယ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါေနပါလိမ့္မယ္။

ေလာ္ရိုးက ” ခ်ယ္ဆီးအသင္းက တနဂၤေႏြေန႔မွာ အက္စတြန္ဗီလာကို ႏိုင္ပြဲ ေကာင္း ရထားပါတယ္ ဒါေပမယ့္ သူတို႔ အသင္းက တည္ေဆာက္ေနဆဲ အသင္းပါ။ သူတို႔ထက္ ပို ေကာင္းတဲ့ အသင္းေတြနဲ႔ ေတြ႕ရင္ သူတို႔ ကစားပုံက ကိုယ့္အေျခအေန ကိုယ္ သိထားသလို ျမင္ရပါတယ္။

ခ်ယ္ဆီးနည္းျပ ဖရန႔္လမ္းပတ္ကေတာ့ ေနာက္ရာသီ အတြက္ နည္းလမ္းမ်ားစြာနဲ႔ ျပင္ဆင္ေနပါတယ္။ သူ႔အသင္းဟာ ဒီႏွစ္မွာကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ အေျခအေန ေကာင္းေနပါတယ္။ ဒါေပမယ့္ မရခဲ့ရင္လည္း သူ႔အတြက္ ဖိအားႀကီး ျဖစ္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ လမ္းပတ္က ေတာက္ေလ်ာက္ ရလဒ္ေကာင္းေတြ ယူျပထားခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာ သူ႔အသင္း လိဂ္ ရႈံးပြဲကေတာ့ ၉ ပြဲ ရွိထားတယ္။

စတန္းဖို႔ဘရစ္ခ်္မွာ ဒီတစ္ပတ္ေတာ့ ဖြင့္ ကစားမယ္ ထင္ပါတယ္။ မန္စီးတီး အေနနဲ႔ေတာ့ ေနာက္ထပ္ ေခ်မႈန္းရမယ့္ ပြဲ တစ္ပြဲပါ။ ” လို႔ ျဖစ္ပါတယ္။

ခ်ယ္ဆီး V မန္စီးတီး ပြဲအတြက္ ေလာ္ရိုးရဲ႕ ရလဒ္ခန္႔မွန္းကေတာ့ မန္စီးတီးက ၂-၁ နဲ႔ ႏုိင္မယ္လို႔ ျဖစ္ပါတယ္။