မန်ယူနိုက်တက်နဲ့ ရှက်ဖီးပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ပွဲသုံးသပ် ခန့်မှန်းချက်

မန်ချက်စတာယူနိုက်တက် Vs ရှက်ဖီးယူနိုက်တက်တို့ဟာ ဇွန် ၂၄ ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ည ၁၁း၃၀ နာရီမှာ အိုထရတ်ဖိုဒ့်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၅ နဲ့ အဆင့် ၇ အသင်းတွေ ထိပ်တိုက်တွေ့တာဖြစ်ပြီး နှစ်သင်းကြား ရမှတ် ၂ မှတ်ပဲ ကွာဟနေတယ်။ ဒီအပတ်တွေ့မှုမှာ အနိုင်ရမှ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နေရာကောင်းမှာ ဝုဗ်နဲ့အပြိုင် ဆက်ရှိနေမှာဖြစ်လို့ အနိုင်အတွက် ဦးတည် ကစားပါလိမ့်မယ်။

မိုင်ကယ်အိုဝင်ကတော့ ” မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က စပါးကွင်းကနေ တစ်မှတ် ယူလာတာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံးပွဲ ရှုံးပွဲ မရှိထားတာ ၁၂ ပွဲ ထိ ရှိလာပြီ ဖြစ်ပါတယ် နိုင်ပွဲကတော့ ၈ ပွဲ ရထားတာပါ။

တဖက်မှာလည်း ရှက်ဖီးယူနိုက်တက်က တစ်ပတ်အတွင်း သုံးပွဲ မြောက်ကို ကစားရမှာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ လော့ဒ်ဒေါင်းကာလ မတိုင်ခင်က ခြေစွမ်းမျိုးတော့ ဘယ်လိုမှ ပြန်မရနိုင်ပါဘူး။ နယူးကာဆယ်ကို ၃-၀ နဲ့ ရှုံးလိုက်တာက သြဂုတ် ၂၀၁၈မှာ မစ်ဒယ်ဘရော့ကို ရှုံးတဲ့ ပွဲနောက်ပိုင်း ဂိုး အပြတ်ဆုံး ပွဲလည်း ဖြစ်ပါတယ်။

နှစ်ပွဲဆက် တစ်ဂိုးမှ မသွင်းနိုင်တာကလည်း ရှက်ဖီးရဲ့ ယုံကြည်မှုကို ယိုင်နဲ့စေမှာပါ။ သူတို့မှာ လူစာရင်း အင်အား မတောင့်တဲ့ အပြင် အငှား ခေါ်ထားတဲ့ ဒင်း ဟန်ဒါဆန်ရဲ့ သဘောတူညီမှုက ပါတဲ့ အချက်ကြောင့် ဒီပွဲမှာ ထည့်သုံးနိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ယူနိုက်တက်ရဲ့ အထင်ကြီးဖွယ် ခြေစွမ်းနဲ့ပဲ အိမ်ကွင်းမှာ သက်တောင့်သက်သာ အနိုင်ယူသွားမယ် ထင်ပါတယ်။ ” လို့ ပွဲကြိုမှာ ပြောသွားခဲ့တယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာယူနိုက်တက် ၂-၁ ရှက်ဖီးယူနိုက်တက် ဖြစ်ပါတယ်။

ZAWGYI

မန္ခ်က္စတာယူႏိုက္တက္ Vs ရွက္ဖီးယူႏိုက္တက္တို႔ဟာ ဇြန္ ၂၄ ရက္ျဖစ္တဲ့ ဗုဒၶဟူးေန႔ ည ၁၁း၃၀ နာရီမွာ အိုထရတ္ဖိုဒ့္မွာ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အဆင့္ ၅ နဲ႔ အဆင့္ ၇ အသင္းေတြ ထိပ္တိုက္ေတြ႔တာျဖစ္ျပီး ႏွစ္သင္းၾကား ရမွတ္ ၂ မွတ္ပဲ ကြာဟေနတယ္။ ဒီအပတ္ေတြ႔မႈမွာ အႏုိင္ရမွ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနရာေကာင္းမွာ ဝုဗ္နဲ႔အျပိဳင္ ဆက္ရွိေနမွာျဖစ္လို႔ အႏုိင္အတြက္ ဦးတည္ ကစားပါလိမ့္မယ္။

မိုင္ကယ္အိုဝင္ကေတာ့ ” မန္ခ်က္စတာယူႏိုက္တက္ဟာ ေသာၾကာေန႔က စပါးကြင္းကေန တစ္မွတ္ ယူလာတာေၾကာင့္ ၿပိဳင္ပြဲစုံ ေနာက္ဆုံးပြဲ ရႈံးပြဲ မရွိထားတာ ၁၂ ပြဲ ထိ ရွိလာၿပီ ျဖစ္ပါတယ္ ႏိုင္ပြဲကေတာ့ ၈ ပြဲ ရထားတာပါ။

တဖက္မွာလည္း ရွက္ဖီးယူႏိုက္တက္က တစ္ပတ္အတြင္း သုံးပြဲ ေျမာက္ကို ကစားရမွာ ျဖစ္ပါတယ္။ သူတို႔ အေနနဲ႔ ေလာ့ဒ္ေဒါင္းကာလ မတိုင္ခင္က ေျခစြမ္းမ်ိဳးေတာ့ ဘယ္လိုမွ ျပန္မရႏိုင္ပါဘူး။ နယူးကာဆယ္ကို ၃-၀ နဲ႔ ရႈံးလိုက္တာက ၾသဂုတ္ ၂၀၁၈မွာ မစ္ဒယ္ဘေရာ့ကို ရႈံးတဲ့ ပြဲေနာက္ပိုင္း ဂိုး အျပတ္ဆုံး ပြဲလည္း ျဖစ္ပါတယ္။

ႏွစ္ပြဲဆက္ တစ္ဂိုးမွ မသြင္းႏိုင္တာကလည္း ရွက္ဖီးရဲ႕ ယုံၾကည္မႈကို ယိုင္နဲ႔ေစမွာပါ။ သူတို႔မွာ လူစာရင္း အင္အား မေတာင့္တဲ့ အျပင္ အငွား ေခၚထားတဲ့ ဒင္း ဟန္ဒါဆန္ရဲ႕ သေဘာတူညီမႈက ပါတဲ့ အခ်က္ေၾကာင့္ ဒီပြဲမွာ ထည့္သုံးႏိုင္မွာ မဟုတ္ပါဘူး။ က်ေနာ္ကေတာ့ ယူႏိုက္တက္ရဲ႕ အထင္ႀကီးဖြယ္ ေျခစြမ္းနဲ႔ပဲ အိမ္ကြင္းမွာ သက္ေတာင့္သက္သာ အႏိုင္ယူသြားမယ္ ထင္ပါတယ္။ ” လို႔ ပြဲၾကိဳမွာ ေျပာသြားခဲ့တယ္။

မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ ၂-၁ ရွက္ဖီးယူႏိုက္တက္ ျဖစ္ပါတယ္။