ဟာ ဘယ်လိုကောင်လဲ လို့ နည်းပြ ကိုယ်တိုင် အံ့အားသင့်ခဲ့ရတဲ့ ယူနိုက်တက် ကြယ်ပွင့်ကစားသမား

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီမှာ လူငယ်အသင်း နည်းပြ အဖြစ် တာဝန်ယူနေပြီ ဖြစ်တဲ့ ကစားသမားဟောင်းကြီး ဖော်ကျွန်းက ယူနိုက်တက် လူငယ်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ရဲ့ အစွမ်းပြမှုတွေကြောင့် အံ့အားသင့်ခဲ့ရပြီး မေးခွန်းပြန်ထုတ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် လူငယ်တိုက်စစ်သမားလေးဟာ ဒီရာသီမှာ ယူနိုက်တက် စီနီယာအသင်းကြီးနဲ့ အတူ ပွဲကစားခွင့် ရကာ အစွမ်းပြနေ ဖြစ်ပြီး ပွဲဦးထွက် ရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၂ ဂိုးထိ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် သွင်းဂိုးကတော့ ၅ ဂိုးပါ။

ယူနိုက်တက် U23 အသင်းမှာ ဆုံခဲ့စဉ်က မေဆန်ဂရင်းဝုဒ်ရဲ့ ခြေစုံ အစွမ်းပြမှုတွေကြောင့် အံ့အားသင့်ခဲ့ရကြောင်း ဖော်ကျွန်းက ဝန်ခံခဲ့ပြီး ဂရင်းဝုဒ်လို လုပ်နိုင်တဲ့ ကစားသမား များများ မရှိနိုင်ဘူးလို့ ချီးကျူးခဲ့ပါတယ်။

” ောဘလုံးမှာ မေဆန် လုပ်သလိုမျိုး ဘယ်ခြေရော ညာခြေပါ ပိုင်ပိုင်နိုင်နိုင် သုံးနိုင်တဲ့ ကစားသမား များများစားစား မရှိပါဘူး။ ဘယ်ရော ညာရော တူတူ အားသန်စွာ သုံးနိုင်တာနော်။ သူကတော့ လုံး၀ အလန်းစားပါ။

ကျနော်က သူ့ကို ဘယ်ခြေ အားသန်တယ် ထင်တယ်။ ဒါပေမယ့် ပင်နယ်တီ သွင်းတော့ ညာခြေနဲ့ဗျ။ ဖရီးကစ် ကန်တာဆို သူ ဘယ်ခြေရော ညာခြေပါ သုံးတာ ကျနော် မြင်ဖူးတယ်။ ကျနော့်မှာ ‘ ဟာ မင်း ဘယ်လိုကောင်လဲ။ ဟုတ်ရော ဟုတ်ရဲ့လား ‘ လို့ မေးရမလိုတောင် ဖြစ်ခဲ့ရတယ်။

မေဆန် ကံကောင်းတာက သူ အိုလေ (ဆိုးရှား) ကို မန်နေဂျာ အဖြစ် ရထားတာပါ။ လူငယ် အသင်းကနေ မန်နေဂျာတိုင်းကတော့ ကစားသမားတွေ ခေါ်ချင်ကြပါတယ်။ ဒါပေမယ့် အိုလေကတော့ သူ့ကို အမြင့်ဆုံး အဆင့််မှာ ကစားခွင့် ပေးခဲ့တယ် ဒီအတွက် ကျေးဇူးတင်ရမယ်။ ” လို့ ဖော်ကျွန်းက ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အကယ္ဒမီမွာ လူငယ္အသင္း နည္းျပ အျဖစ္ တာ၀န္ယူေနျပီ ျဖစ္တဲ့ ကစားသမားေဟာင္းၾကီး ေဖာ္ကၽြန္းက ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ ေမဆန္ဂရင္း၀ုဒ္ရဲ႕ အစြမ္းျပမႈေတြေၾကာင့္ အံ့အားသင့္ခဲ့ရျပီး ေမးခြန္းျပန္ထုတ္ခဲ့ရတဲ့ အျဖစ္အပ်က္ကို ျပန္ေျပာင္း ေျပာျပဆိုခဲ့ပါတယ္။

အသက္ ၁၈ နွစ္ အရြယ္ လူငယ္တိုက္စစ္သမားေလးဟာ ဒီရာသီမွာ ယူနိုက္တက္ စီနီယာအသင္းၾကီးနဲ႕ အတူ ပြဲကစားခြင့္ ရကာ အစြမ္းျပေန ျဖစ္ျပီး ပြဲဦးထြက္ ရာသီမွာတင္ ျပိဳင္ပြဲစံု သြင္းဂိုး ၁၂ ဂိုးထိ ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ သြင္းဂိုးကေတာ့ ၅ ဂိုးပါ။

ယူနိုက္တက္ U23 အသင္းမွာ ဆံုခဲ့စဥ္က ေမဆန္ဂရင္း၀ုဒ္ရဲ႕ ေျခစံု အစြမး္ျပမႈေတြေၾကာင့္ အံ့အားသင့္ခဲ့ရေၾကာင္း ေဖာ္ကၽြန္းက ၀န္ခံခဲ့ျပီး ဂရင္း၀ုဒ္လို လုပ္နုိင္တဲ့ ကစားသမား မ်ားမ်ား မရွိနုိင္ဘူးလုိ႕ ခ်ီးက်ဴးခဲ့ပါတယ္။

” ောဘလံုးမွာ ေမဆန္ လုပ္သလိုမ်ိဳး ဘယ္ေျခေရာ ညာေျခပါ ပိုင္ပိုင္နိုင္နိုင္ သံုးနုိင္တဲ့ ကစားသမား မ်ားမ်ားစားစား မရွိပါဘူး။ ဘယ္ေရာ ညာေရာ တူတူ အားသန္စြာ သံုးနုိင္တာေနာ္။ သူကေတာ့ လံုး၀ အလန္းစားပါ။

က်ေနာ္က သူ႔ကို ဘယ္ေျခ အားသန္တယ္ ထင္တယ္။ ဒါေပမယ့္ ပင္နယ္တီ သြင္းေတာ့ ညာေျခနဲ႕ဗ်။ ဖရီးကစ္ ကန္တာဆို သူ ဘယ္ေျခေရာ ညာေျခပါ သံုးတာ က်ေနာ္ ျမင္ဖူးတယ္။ က်ေနာ့္မွာ ‘ ဟာ မင္း ဘယ္လိုေကာင္လဲ။ ဟုတ္ေရာ ဟုတ္ရဲ႕လား ‘ လို႕ ေမးရမလိုေတာင္ ျဖစ္ခဲ့ရတယ္။

ေမဆန္ ကံေကာင္းတာက သူ အိုေလ (ဆိုးရွား) ကို မန္ေနဂ်ာ အျဖစ္ ရထားတာပါ။ လူငယ္ အသင္းကေန မန္ေနဂ်ာတိုင္းကေတာ့ ကစားသမားေတြ ေခၚခ်င္ၾကပါတယ္။ ဒါေပမယ့္ အိုေလကေတာ့ သူ႔ကို အျမင့္ဆံုး အဆင့္္မွာ ကစားခြင့္ ေပးခဲ့တယ္ ဒီအတြက္ ေက်းဇူးတင္ရမယ္။ ” လို႔ ေဖာ္ကၽြန္းက ေျပာဆိုခဲ့ပါတယ္။