တီမိုဝါနာ လုပွဲမှာ လီဗာပူးထက် ခြေတစ်လှမ်းသာသွားတဲ့ ချယ်ဆီးအသင်းရဲ့ ဝှက်ဖဲ

လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို လော့ဒေါင်းကာလ အတွက် တောက်လျောက် အဆက်အသွယ်လုပ်ကာ ဂျာမန်သားကို လီဗာပူးအား ငြင်းပြီး ချယ်ဆီးကို ရွေးချယ်ဖို့ စည်းရုံး နားသွင်းဖြစ်ခဲ့ကြောင်း ချယ်ဆီးကြယ်ပွင့် ရူဒီဂါက ဝန်ခံ ပြောကြားလိုက်ပါတယ်။ ရူဒီဂါရဲ့ စည်းရုံးမှုတွေက အေးဆေးတဲ့ ဂျာမန်သားကို ခေါ်ယူဖို့ အရေးပါခဲ့ပြီး ချယ်ဆီးရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်ခဲ့ပါတယ်။

ဝါနာနဲ့ ရူဒီဂါတို့ဟာ ဂျာမနီလက်ရွေးစင် အသင်းမှာအသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး ဝါနာက ချယ်ဆီးအသင်းထံ ပြောင်းလာဖို့ သဘောတူခဲ့ပြီ ဖြစ်တာကြောင့် ကလပ်အသင်းတူပါ တွဲဖက် ကစားရတော့မှာ ဖြစ်ပါတယ်။ တီမိုဝါနာကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း စိတ်ဝင်စား ခဲ့ပေမယ့် ချယ်ဆီးအသင်းက လက်ဦးမှုယူကာ ခေါ်ယူနိုင်ခဲ့ပါတယ်။

လမ်းပတ်နဲ့ ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ တီမိုဝါနာကို ခေါ်ဖို့ ညှိနှိုင်း စည်းရုံးမှုတွေ လုပ်ခဲ့တဲ့ အပြင် ရူဒီဂါရဲ့ စကားတွေကလည်း သက်ရောက်မှု ရှိခဲ့တယ်လို့ ယူဆရပါတယ်။ ဝါနာဟာ ဇူလိုင်လ ၁ ရက်နေ့မှာပဲ ချယ်ဆီးအသင်းသား အဖြစ် လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

” တခြားသူတွေလိုပဲ ကျနော်လည်း ဝါနာ ချယ်ဆီးကို ရွေးခဲ့တာ အတွက် ရင်ခုန် ပျော်ရွှင်ရပါတယ်။ သူနဲ့ အတူ တွဲ အလုပ်လုပ်ဖို့ စောင့်မျှော်နေပါပြီ။ ကျနော် သူ့ကို သူ ၁၇ နှစ်သားတည်းက သိခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သူ့ခြေစွမ်းက သိသိသာသာ ကောင်းမွန်လာတယ်။ သူက အသင်းအတွက် အရေးပါသူ ဖြစ်လာမှာပါ။

ကျနေ်ာတို့ သိလာတာ ကြာပြီ ဆိုတော့ အရင်တုန်းတည်းက စကားတွေ ပြောဖြစ်ပါတယ်။ ဒါပေမယ့် ဒီလော့ဒေါင်း ကာလတွင်းမှာတော့ အများကြီး ပိုပြောဖြစ်တယ်။ သူကလည်း အင်္ဂလန်မှာ လာကစားဖို့ စိတ်ဝင်စားကြောင်း ဝန်ခံခဲ့တယ်။ ဒီတော့ ကျနော့်ဘက်ကလည်း လုပ်စရာ လုပ်ပြီး စည်းရုံးရတာပေါ့။

သူက ခပ်အေးအေး နေတယ်၊ နှိမ့်ချတတ်တဲ့ ကောင်လေးပါ။ အမြဲ ပိုကောင်းအောင် ကြိုးစားဖို့ အသင့် ရှိနေသူလည်း ဖြစ်တယ်။ ဒီမှာလည်း သူ မြန်မြန် အထိုင်ကျနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီက ပြိုင်ပွဲက တခြားလိဂ်တွေနဲ့ မတူဘူးဆိုတာ သိပေမယ့် သူကိုယ်တိုင် လိုလိုလားလား ဒီကို လာချင်ခဲ့တယ်။ ” လို့ ရူဒီဂါက ဖွင့်ဟခဲ့ပါတယ်။

Zawgyi – လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ေလာ့ေဒါင္းကာလ အတြက္ ေတာက္ေလ်ာက္ အဆက္အသြယ္လုပ္ကာ ဂ်ာမန္သားကို လီဗာပူးအား ျငင္းျပီး ခ်ယ္ဆီးကို ေရြးခ်ယ္ဖို႔ စည္းရံုး နားသြင္းျဖစ္ခဲ့ေၾကာင္း ခ်ယ္ဆီးၾကယ္ပြင့္ ရူဒီဂါက ၀န္ခံ ေျပာၾကားလိုက္ပါတယ္။ ရူဒီဂါရဲ႕ စည္းရံုးမႈေတြက ေအးေဆးတဲ့ ဂ်ာမန္သားကို ေခၚယူဖို႔ အေရးပါခဲ့ျပီး ခ်ယ္ဆီးရဲ႕ ၀ွက္ဖဲတစ္ခ်ပ္ ျဖစ္ခဲ့ပါတယ္။

၀ါနာနဲ႕ ရူဒီဂါတို႔ဟာ ဂ်ာမနီလက္ေရြးစင္ အသင္းမွာအသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကျပီး ၀ါနာက ခ်ယ္ဆီးအသင္းထံ ေျပာင္းလာဖို႔ သေဘာတူခ့ဲျပီ ျဖစ္တာေၾကာင့္ ကလပ္အသင္းတူပါ တြဲဖက္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ တီမို၀ါနာကို ေခၚယူဖို႔ လီဗာပူးအသင္းကလည္း စိတ္၀င္စား ခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းက လက္ဦးမႈယူကာ ေခၚယူနိုင္ခဲ့ပါတယ္။

လမ္းပတ္နဲ႕ ခ်ယ္ဆီးအသင္း တာ၀န္ရွိသူေတြဟာ တီမို၀ါနာကို ေခၚဖို႔ ညွိနိႈင္း စည္းရံုးမႈေတြ လုပ္ခဲ့တဲ့ အျပင္ ရူဒီဂါရဲ႕ စကားေတြကလည္း သက္ေရာက္မႈ ရွိခဲ့တယ္လို႔ ယူဆရပါတယ္။ ၀ါနာဟာ ဇူလိုင္လ ၁ ရက္ေန႔မွာပဲ ခ်ယ္ဆီးအသင္းသား အျဖစ္ လာေရာက္ ပူးေပါင္းေတာ့မွာ ျဖစ္ပါတယ္။

” တျခားသူေတြလိုပဲ က်ေနာ္လည္း ၀ါနာ ခ်ယ္ဆီးကို ေရြးခဲ့တာ အတြက္ ရင္ခုန္ ေပ်ာ္ရႊင္ရပါတယ္။ သူနဲ႕ အတူ တြဲ အလုပ္လုပ္ဖို႔ ေစာင့္ေမွ်ာ္ေနပါျပီ။ က်ေနာ္ သူ႔ကို သူ ၁၇ နွစ္သားတည္းက သိခဲ့တာပါ။ ျပီးခဲ့တဲ့ နွစ္ေတြ အတြင္း သူ႔ေျခစြမ္းက သိသိသာသာ ေကာင္းမြန္လာတယ္။ သူက အသင္းအတြက္ အေရးပါသူ ျဖစ္လာမွာပါ။

က်ေန္ာတို႔ သိလာတာ ၾကာျပီ ဆိုေတာ့ အရင္တုန္းတည္းက စကားေတြ ေျပာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေလာ့ေဒါင္း ကာလတြင္းမွာေတာ့ အမ်ားၾကီး ပိုေျပာျဖစ္တယ္။ သူကလည္း အဂၤလန္မွာ လာကစားဖို႔ စိတ္၀င္စားေၾကာင္း ၀န္ခံခဲ့တယ္။ ဒီေတာ့ က်ေနာ့္ဘက္ကလည္း လုပ္စရာ လုပ္ျပီး စည္းရံုးရတာေပါ့။

သူက ခပ္ေအးေအး ေနတယ္၊ နွိမ့္ခ်တတ္တဲ့ ေကာင္ေလးပါ။ အျမဲ ပိုေကာင္းေအာင္ ၾကိဳးစားဖို႔ အသင့္ ရွိေနသူလည္း ျဖစ္တယ္။ ဒီမွာလည္း သူ ျမန္ျမန္ အထိုင္က်နုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီက ျပိဳင္ပြဲက တျခားလိဂ္ေတြနဲ႕ မတူဘူးဆိုတာ သိေပမယ့္ သူကိုယ္တိုင္ လိုလိုလားလား ဒီကို လာခ်င္ခဲ့တယ္။ ” လို႔ ရူဒီဂါက ဖြင့္ဟခဲ့ပါတယ္။