နည်းပြဆိုးရှားဟာ အောင်မြင်မှုတွေကို ဆာလောင်နေတဲ့ ပရိသတ်ရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဒင်းနစ်အာဝင်က ယုံကြည်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကတော့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ဆို ပုံမှန် ပွဲကစားခွင့် ယူနိုက်တက်က ပေးအပ်နိုင်မှ ဖြစ်မယ်လို့ တောင်းဆိုထားပါတယ်။
ယူနိုက်တက် လူငယ် ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ဟာ ဘယ်ခြေရော ညာခြေပါ အားသန်စွာ ပုံမှန်လို အသုံးပြု ကစားနိုင်တဲ့ ထူးခြား ကစားသမား ဖြစ်ကြောင်း လူငယ်အသင်းနည်းပြ ဖော်ကျွန်းက ချီးကျူးလိုက်ပါတယ်။
အဓိက ပစ်မှတ် ကစားသမား ဆန်ချိုကို ယူနိုက်တက်တို့ လက်မလျှော့သေးပေမယ့် ဒေါ့မွန်တောင်းဆိုနေတဲ့ ပေါင် သန်း ၁၀၀ ထက် ဈေးလျော့သွားမယ့် အချိန်ကောင်းကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်ကြယ်ပွင့် မက် တော်မီနေးဟာ အသင်းနဲ့ အတူ ၂၀၂၅ ထိ ဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ဒီနေ့ပဲ သဘောတူ လက်မှတ်ထိုးသွားပြီ ဖြစ်ပါတယ်။
ဘာမင်ဂမ် စီးတီး လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်ဟာ မန်ချက်စတာ ယူနိုက်တက်ထက် ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းထံပဲ သွားဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချခဲ့ပြီလို့ သိရပါတယ်။
သူ့ရဲ့ ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကို ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ အပေါ် မအံ့သြမိကြောင်း ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – နည္းျပဆိုးရွားဟာ ေအာင္ျမင္မႈေတြကို ဆာေလာင္ေနတဲ့ ပရိသတ္ရဲဲ႕ ဖိအားေပးမႈေတြ ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ေအာင္ျမင္မႈေတြရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ကစားသမားေဟာင္း တစ္ဦးျဖစ္သူ ဒင္းနစ္အာဝင္က ယုံၾကည္ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကေတာ့ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ဆို ပံုမွန္ ပြဲကစားခြင့္ ယူနိုက္တက္က ေပးအပ္နိုင္မွ ျဖစ္မယ္လို႔ ေတာင္းဆိုထားပါတယ္။
ယူနိုက္တက္ လူငယ္ ၾကယ္ပြင့္ ေမဆန္ဂရင္း၀ုဒ္ဟာ ဘယ္ေျခေရာ ညာေျခပါ အားသန္စြာ ပံုမွန္လို အသံုးျပဳ ကစားနိုင္တဲ့ ထူးျခား ကစားသမား ျဖစ္ေၾကာင္း လူငယ္အသင္းနည္းျပ ေဖာ္ကၽြန္းက ခ်ီးက်ဴးလိုက္ပါတယ္။
အဓိက ပစ္မွတ္ ကစားသမား ဆန္ခ်ိဳကို ယူနိုက္တက္တို႕ လက္မေလွ်ာ့ေသးေပမယ့္ ေဒါ့မြန္ေတာင္းဆိုေနတဲ့ ေပါင္ သန္း ၁၀၀ ထက္ ေစ်းေလ်ာ့သြားမယ့္ အခ်ိန္ေကာင္းကို ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။
ယူနိုက္တက္ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ မက္ ေတာ္မီေနးဟာ အသင္းနဲ႕ အတူ ၂၀၂၅ ထိ ဆက္ရွိေနမယ့္ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ဒီေန႔ပဲ သေဘာတူ လက္မွတ္ထိုးသြားျပီ ျဖစ္ပါတယ္။
ဘာမင္ဂမ္ စီးတီး လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟန္ဟာ မန္ခ်က္စတာ ယူနိုက္တက္ထက္ ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္အသင္းထံပဲ သြားဖို႔ အျပီးသတ္ ဆံုးျဖတ္ခ်က္ ခ်ခဲ့ျပီလို႔ သိရပါတယ္။
သူ႔ရဲ႕ ကြင္းလယ္ကစားသမား ဒီကလန္ ရိုက္စ္ကို ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔ အျပိဳင္ စိတ္၀င္စားေနတဲ့ အေပၚ မအံ့ၾသမိေၾကာင္း ၀က္စ္ဟမ္း နည္းျပ ေဒးဗစ္ မိုယက္စ္က ေျပာဆိုခဲ့ပါတယ္။