ပွဲထွက် ဂိုးသမားနေရာ ကာကွယ်ဖို့ ဒီဂီယာအတွက် ယူနိုက်တက် အချိန်သတ်မှတ်ပေးလိုက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတလော အမှားတွေ ပြန်ကျူးလွန်လာတဲ့ ဂိုးသမား ဒီဂီယာကို ၎င်းရဲ့ ပွဲထွက် ဂိုးသမားနေရာ ကာကွယ်ဖို့ ၁၂ လ တာ အချိန်ပေးမယ်လို့ အသိပေးခဲ့ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်ပေမယ့် ဒီဂီယာက အမှားတွေ လုပ်လာတာကြောင့် ဒီရာသီ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ စပိန်သားဟာ စပါးနဲ့ ပွဲအပြီးမှာ ယူနိုက်တက် အသင်းသားဟောင်းတွေရဲ့ ဝေဖန်ထောက်ပြမှုတွေပါ ခံယူလာရပါတယ်။ ဒီလို အခြေအနေ က ရှက်ဖီးမှာ အငှား သွားရောက် ကစားနေတဲ့ လူငယ်ဂိုးသမား ဒင်း ဟန်ဒါဆန် အတွက် မျှော်လင့်စရာ ဖြစ်လာပါတယ်။

ဒင်းဟန်ဒါဆန်ကလည်း ယူနိုက်တက် ပြန်လာရမယ်ဆို ပွဲထွက် ကစားခွင့်ပေးဖို့ တောင်းဆိုထားတာ ဖြစ်တာကြောင့် ယူနိုက်တက်က အင်္ဂလန်သားကို ရှက်ဖီးမှာ တစ်ရာသီ ဆက် ကစားခွင့် ပြုပြီး ထိုကာလအတွင်း ဒီဂီယာကို စောင့်ကြည့်ထားကာ အခြေအနေ မဟန်ရင် ဟန်ဒါဆန်ကို အခွင့်အရေး ပေးဖို့ ဆုံးဖြတ်လာပါတယ်။

အင်္ဂလန်သား ဂိုးသမား ဒင်းဟန်ဒါဆန်ကို ယူနိုက်တက် အကြီးအကဲတွေက အသင်း အနာဂတ်မှာ အားကိုးရမယ့် ကစားသမား အဖြစ် မျှော်လင့်ချက်ကြီး ထားပြီး နောက်ထပ် ဆယ်စုနှစ် တစ်ခုကြာ ယူနိုက်တက် ဂိုးသမာ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် လက်ရှိ ဂိုးသမား ဒီဂီယာကိုလည်း ပစ်ပယ်လို့ မရတာကြောင့် စောင့်ကြည့်ဖို့ အချိန်ကာလတစ်ခု သတ်မှတ်ပေးကာ လေ့လာ ဆုံးဖြတ်သွားရန် စီစဉ်လာပါတယ်။ ဒင်းဟန်ဒါဆန်ကို အလိုရှိသည့်တိုင် အသက် ၂၃ နှစ် အရွယ် အင်္ဂလန်သားဟာ ပွဲ အတွေ့အကြုံပိုင်း လိုအပ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဂီယာ အနေနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အိုးထရက်ဖို့ဒ်မှာ ပွဲထွက် ဂိုးသမား နေရာ ထိုက်တန်ဆဲ ဖြစ်ကြောင်း သေချာ စွမ်းဆောင်ပြ သွားရတော့မှာ ဖြစ်ပါတယ်။ နည်းပြ ဆိုးရှား အနေနဲ့ ဒီဂီယာကို ကာကွယ်နေသော်လည်း စပိန်သားသာ အမှားတွေ ဆက်လက် ကျူးလွန်နေရင် နောက်ရာသီ ကုန်မှာတော့ သူကိုယ်တိုင်လည်း ကာကွယ် ကယ်တင်နိုင်မှာ မဟုတ်တော့ပါဘူး။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီတေလာ အမွားေတြ ျပန္က်ဴးလြန္လာတဲ့ ဂိုးသမား ဒီဂီယာကို ၄င္းရဲ႕ ပြဲထြက္ ဂိုးသမားေနရာ ကာကြယ္ဖို႔ ၁၂ လ တာ အခ်ိန္ေပးမယ္လို႔ အသိေပးခဲ့ေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပလာပါတယ္။

ယူနိုက္တက္ရဲ႕ နံပါတ္ ၁ ဂိုးသမား ျဖစ္ေပမယ့္ ဒီဂီယာက အမွားေတြ လုပ္လာတာေၾကာင့္ ဒီရာသီ ေ၀ဖန္မႈေတြ ရွိေနခဲ့ပါတယ္။ စပိန္သားဟာ စပါးနဲ႕ ပြဲအျပီးမွာ ယူနိုက္တက္ အသင္းသားေဟာင္းေတြရဲ႕ ေ၀ဖန္ေထာက္ျပမႈေတြပါ ခံယူလာရပါတယ္။ ဒီလို အေျခအေန က ရွက္ဖီးမွာ အငွား သြားေရာက္ ကစားေနတဲ့ လူငယ္ဂိုးသမား ဒင္း ဟန္ဒါဆန္ အတြက္ ေမွ်ာ္လင့္စရာ ျဖစ္လာပါတယ္။

ဒင္းဟန္ဒါဆန္ကလည္း ယူနိုက္တက္ ျပန္လာရမယ္ဆို ပြဲထြက္ ကစားခြင့္ေပးဖို႔ ေတာင္းဆိုထားတာ ျဖစ္တာေၾကာင့္ ယူနိုက္တက္က အဂၤလန္သားကို ရွက္ဖီးမွာ တစ္ရာသီ ဆက္ ကစားခြင့္ ျပဳျပီး ထိုကာလအတြင္း ဒီဂီယာကို ေစာင့္ၾကည့္ထားကာ အေျခအေန မဟန္ရင္ ဟန္ဒါဆန္ကို အခြင့္အေရး ေပးဖို႔ ဆံုးျဖတ္လာပါတယ္။

အဂၤလန္သား ဂိုးသမား ဒင္းဟန္ဒါဆန္ကို ယူနိုက္တက္ အၾကီးအကဲေတြက အသင္း အနာဂတ္မွာ အားကိုးရမယ့္ ကစားသမား အျဖစ္ ေမွ်ာ္လင့္ခ်က္ၾကီး ထားျပီး ေနာက္ထပ္ ဆယ္စုနွစ္ တစ္ခုၾကာ ယူနိုက္တက္ ဂိုးသမာ ျဖစ္လာဖို႔ ရည္ရြယ္ထားပါတယ္။

ဒါေပမယ့္ လက္ရွိ ဂိုးသမား ဒီဂီယာကိုလည္း ပစ္ပယ္လို႔ မရတာေၾကာင့္ ေစာင့္ၾကည့္ဖို႕ အခ်ိန္ကာလတစ္ခု သတ္မွတ္ေပးကာ ေလ့လာ ဆံုးျဖတ္သြားရန္ စီစဥ္လာပါတယ္။ ဒင္းဟန္ဒါဆန္ကို အလိုရွိသည့္တိုင္ အသက္ ၂၃ နွစ္ အရြယ္ အဂၤလန္သားဟာ ပြဲ အေတြ႔အၾကံဳပိုင္း လိုအပ္မႈေတြ ရွိေနဆဲ ျဖစ္ပါတယ္။

ဒီဂီယာ အေနနဲ႕ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြက အိုးထရက္ဖို႕ဒ္မွာ ပြဲထြက္ ဂိုးသမား ေနရာ ထိုက္တန္ဆဲ ျဖစ္ေၾကာင္း ေသခ်ာ စြမ္းေဆာင္ျပ သြားရေတာ့မွာ ျဖစ္ပါတယ္။ နည္းျပ ဆိုးရွား အေနနဲ႕ ဒီဂီယာကို ကာကြယ္ေနေသာ္လည္း စပိန္သားသာ အမွားေတြ ဆက္လက္ က်ဴးလြန္ေနရင္ ေနာက္ရာသီ ကုန္မွာေတာ့ သူကုိယ္တိုင္လည္း ကာကြယ္ ကယ္တင္နိုင္မွာ မဟုတ္ေတာ့ပါဘူး။