ချယ်ဆီး – မန်စီးတီးပွဲမှာ အဆုံးအဖြတ် ဖြစ်သွားမယ့် အဓိက သုံးနေရာ အားပြိုင်မှု

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲကြီး ပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ ချယ်ဆီးနဲ့ မန်စီးတီး ပွဲမှာ ပွဲရလဒ်ကို သက်ရောက်မှုရှိစေမယ့် အဓိက အားပြိုင်ရမယ့် သုံးနေရာ ရှိနေတာကို နှိုင်းယှဉ် ဖော်ပြပေးပါမယ်။

ကန်တေ Vs ဒီဘရိုင်း

ဒါက ဒီပွဲရဲ့ အရေးကြီး အားပြိုင်မှုတွေထဲက တစ်ခုပါ။ ကန်တေက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် တစ်ဦးလို့ သတ်မှတ်ခံထားရပြီး တဖက်မှာလည်း စီးတီးရဲ့ ဒီဘရိုင်းက ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်တွေထဲ ပါဝင်တယ်လို့ သတ်မှတ်ခြင်း ခံထားရတာပါ။ ကန်တေရဲ့ အံ့ဖွယ် ခံစစ် စွမ်းရည်နဲ့ မြန်နှုန်းတွေက ဒီဘရိုင်းကို တားဆီးဖို့ အခရာ ကျလာမှာ ဖြစ်ပြီး ၎င်းရဲ့ ပေးပို့မှုတွေကနေ ရလာမယ့် စီးတီး သွင်းဂိုးတွေကိုပါ ပိတ်ပင်နိုင်လာမှာ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်က စိတ်ချရတာကြောင့် ဒီပွဲမှာ ကန်တေက ခံစစ်ကို ပိုအာရုံစိုက် ကစားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲမှာ ဂျော်ဂျင်ဟို မပါဝင်နိုင်ချိန် ကန်တေ ကွင်းလယ်အထိုင် အဖြစ် ကစားခဲ့ပြီး အလုပ်လည်း ဖြစ်ခဲ့တာကြောင့် လမ်းပတ်က ပြင်သစ်သားကို ထိုနေရာမှာပဲ ဆက် အခွင့်အရေး ပေးလာနိုင်ပါတယ်။

ကွီတာ Vs မန်စီးတီး ညာခြမ်း

ဒီပွဲမှာ ကွီတာက ချယ်ဆီးရဲ့ ဘယ်စွန်ခံစစ်ကနေ ပွဲထွက် လာဖွယ် ရှိပါတယ်။ ဗီလာနဲ့ ပွဲက အလွန်ဆို ခြေစွမ်းက ဆိုးတာကြောင့် သူ့အနေနဲ့ ပွဲကစားခွင့် ပျောက်ဆုံးဦးမှာပါ။ ကွီတာက ခံစစ်မှာ တောက်လျောက်ပြေးလွှားနေကြ ဖြစ်ပြီး ဒီပွဲမှာ စီးတီး ညာခြမ်းကို ပိတ်ဆို့ လှုပ်ရှားသွားဖို့ ရှိနေပါတယ်။

ညာခြမ်း ဖြစ်တာကြောင့် ဘာနာဒိုဆေးလ်ဗား ဒါမှမဟုတ် စတားလင်းတို့ကို ရင်ဆိုငိရမှာ ဖြစ်ပြီး တိုက်စစ် ပြန်တည်ဆောက်ရင်လည်း ဝေါ်ကာ ဒါမှမဟုတ် ကန်ဆယ်လိုတို့ကို ရင်ဆိုင်ရမှာပါ။ ကွီတာ အနေနဲ့ ခံစစ်တာဝန်တင် မကဘဲ ဖြတ်တင်ဘောကောင်းတွေ လုပ်ပြီး ချယ်ဆီးကို ထောက်ပံ့ဖို့ အရေးကြီးပါတယ်။

မေဆန်မောင့် Vs ကိုင်လီ ဝေါ်ကာ

မေဆန်မောင့်က ဘယ်တောင်ပံတိုက်စစ်ကနေ ချယ်ဆီးအတွက် ပွဲထွက် လာဖွယ် ရှိပြီး ဝေါ်ကာကလည်း ညာစွန်မှာ ပြန်နေရာ ရလာမှာ ဖြစ်တာကြောင့် အားပြိုင်မှု ရှိလာဦးမှာပါ။ နှစ်ယောက်လုံးက အလွန်မြန်တဲ့ ကစားမသားတွေ ဖြစ်ပြီး ဝေါ်ကာက ခံစစ်ကောင်း ဖြစ်သလို မောင့်ကလည်း တိုက်စစ် ထိုးဖောက်ရာမှာ ပါးနပ်သူပါ။

ပွဲတွေပြန်စတဲ့ ပွဲဦးထွက်မှာ မောင့်က ချယ်ဆီး အတွက် အစွမ်းပြထားပါတယ်။ သူ့ရဲ့ မြန်နှုန်းနဲ့ ကျွမ်းကျင်မှုတွေက အရေးပါပြီး ဂိုးအခွင့်အရေး ဖန်တီးမှုတွေလည်း ကောင်းမွန်သူပါ။ ဝေါ်ကာ အနေနဲ့ ပေးဂိုး နည်းဖို့ အသက် ၂၁ နှစ် အရွယ် ချယ်ဆီးကြယ်ပွင့်ကို တားဆီးရမှာ ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲၾကီး ပြဲေကာင္းတစ္ပြဲ ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ မန္စီးတီး ပြဲမွာ ပြဲရလဒ္ကို သက္ေရာက္မႈရွိေစမယ့္ အဓိက အားျပိဳင္ရမယ့္ သံုးေနရာ ရွိေနတာကို ႏိႈင္းယွဥ္ ေဖာ္ျပေပးပါမယ္။

ကန္ေတ Vs ဒီဘရိုင္း

ဒါက ဒီပြဲရဲ႕ အေရးၾကီး အားျပိဳင္မႈေတြထဲက တစ္ခုပါ။ ကန္ေတက ကမၻာ့အေကာင္းဆံုး ကြင္းလယ္ခံစစ္ တစ္ဦးလို႔ သတ္မွတ္ခံထားရျပီး တဖက္မွာလည္း စီးတီးရဲ႕ ဒီဘရိုင္းက ကမၻာ့ အေကာင္းဆံုး ကြင္းလယ္တိုက္စစ္ေတြထဲ ပါ၀င္တယ္လို႔ သတ္မွတ္ျခင္း ခံထားရတာပါ။ ကန္ေတရဲ႕ အံ့ဖြယ္ ခံစစ္ စြမ္းရည္နဲ႕ ျမန္နႈန္းေတြက ဒီဘရိုင္းကို တားဆီးဖို႔ အခရာ က်လာမွာ ျဖစ္ျပီး ၄င္းရဲ႕ ေပးပို႔မႈေတြကေန ရလာမယ့္ စီးတီး သြင္းဂိုးေတြကိုပါ ပိတ္ပင္နုိင္လာမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္က စိတ္ခ်ရတာေၾကာင့္ ဒီပြဲမွာ ကန္ေတက ခံစစ္ကို ပိုအာရံုစိုက္ ကစားလာနိုင္ပါတယ္။ ျပီးခဲ့တဲ့ ဗီလာနဲ႕ ပြဲမွာ ေဂ်ာ္ဂ်င္ဟို မပါ၀င္နုိင္ခ်ိန္ ကန္ေတ ကြင္းလယ္အထိုင္ အျဖစ္ ကစားခဲ့ျပီး အလုပ္လည္း ျဖစ္ခဲ့တာေၾကာင့္ လမ္းပတ္က ျပင္သစ္သားကို ထိုေနရာမွာပဲ ဆက္ အခြင့္အေရး ေပးလာနိုင္ပါတယ္။

ကြီတာ Vs မန္စီးတီး ညာျခမ္း

ဒီပြဲမွာ ကြီတာက ခ်ယ္ဆီးရဲ႕ ဘယ္စြန္ခံစစ္ကေန ပြဲထြက္ လာဖြယ္ ရွိပါတယ္။ ဗီလာနဲ႕ ပြဲက အလြန္ဆို ေျခစြမ္းက ဆိုးတာေၾကာင့္ သူ႔အေနနဲ႕ ပြဲကစားခြင့္ ေပ်ာက္ဆံုးဦးမွာပါ။ ကြီတာက ခံစစ္မွာ ေတာက္ေလ်ာက္ေျပးလႊားေနၾက ျဖစ္ျပီး ဒီပြဲမွာ စီးတီး ညာျခမ္းကို ပိတ္ဆို႔ လႈပ္ရွားသြားဖို႔ ရွိေနပါတယ္။

ညာျခမ္း ျဖစ္တာေၾကာင့္ ဘာနာဒိုေဆးလ္ဗား ဒါမွမဟုတ္ စတားလင္းတို႔ကို ရင္ဆိုင္ိရမွာ ျဖစ္ျပီး တိုက္စစ္ ျပန္တည္ေဆာက္ရင္လည္း ေ၀ၚကာ ဒါမွမဟုတ္ ကန္ဆယ္လိုတို႔ကို ရင္ဆိုင္ရမွာပါ။ ကြီတာ အေနနဲ႕ ခံစစ္တာ၀န္တင္ မကဘဲ ျဖတ္တင္ေဘာေကာင္းေတြ လုပ္ျပီး ခ်ယ္ဆီးကို ေထာက္ပံ့ဖို႔ အေရးၾကီးပါတယ္။

ေမဆန္ေမာင့္ Vs ကိုင္လီ ေ၀ၚကာ

ေမဆန္ေမာင့္က ဘယ္ေတာင္ပံတိုက္စစ္ကေန ခ်ယ္ဆီးအတြက္ ပြဲထြက္ လာဖြယ္ ရွိျပီး ေ၀ၚကာကလည္း ညာစြန္မွာ ျပန္ေနရာ ရလာမွာ ျဖစ္တာေၾကာင့္ အားျပိဳ္င္မႈ ရွိလာဦးမွာပါ။ နွစ္ေယာက္လံုးက အလြန္ျမန္တဲ့ ကစားမသားေတြ ျဖစ္ျပီး ေ၀ၚကာက ခံစစ္ေကာင္း ျဖစ္သလို ေမာင့္ကလည္း တိုက္စစ္ ထိုးေဖာက္ရာမွာ ပါးနပ္သူပါ။

ပြဲေတြျပန္စတဲ့ ပြဲဲဦးထြက္မွာ ေမာင့္က ခ်ယ္ဆီး အတြက္ အစြမ္းျပထားပါတယ္။ သူ႔ရဲ႕ ျမန္နႈန္းနဲ႕ ကၽြမ္းက်င္မႈေတြက အေရးပါျပီး ဂိုးအခြင့္အေရး ဖန္တီးမႈေတြလည္း ေကာင္းမြန္သူပါ။ ေ၀ၚကာ အေနနဲ႕ ေပးဂိုး နည္းဖို႔ အသက္ ၂၁ နွစ္ အရြယ္ ခ်ယ္ဆီးၾကယ္ပြင့္ကို တားဆီးရမွာ ျဖစ္ပါတယ္။