ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ရင် အသင်းကို ပိုကောင်းလာစေနိုင်တဲ့ ကစားသမား ရမယ် ဆိုလို့ကတော့ လက်တွန့်နေမှာ မဟုတ်ဘဲ ငွေသုံး ခေါ်ယူသွားမှာ ဖြစ်ကြောင်း ဆိုလိုက်ပြီး ပြိုင်ဘက်အသင်းတွေအား တပ်လှန့်သတိပေးလိုက်ပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားနေတယ် သတင်းထွက်ထားတဲ့ ကစားသမားတွေက အများအပြားကို ရှိနေပြီး ရေပန်းအစားဆုံးကတော့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို ဖြစ်ကာ တန်ကြေး ပေါင် သန်း ၁၀၀ လောက်ထိ ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ကြောင့် ကလပ်အသင်းတွေမှာ ဘဏ္ဍာရေး အကြပ်အတည်း ရှိနေပေမယ့် အသင်းလိုက်ပါ တိုးတက်လာစေနိုင်မယ့် ကစားသမား တွေ့ရင်တော့ အသုံးစရိတ်ကို အသင်းဘက်က ပံ့ပိုးပေးမယ်လို့ ဆိုးရှားက ယုံကြည်မှု ရှိထားပါတယ်။
” ပြီးခဲ့တဲ့ နှစ်ရာသီလောက်မှာ မန်စီးတီးနဲ့ လီဗာပူးက လိဂ်မှာ ဗိုလ်စွဲချင်ရင် ဘယ်လိုလှုပ်ရှားရမယ် ဆိုတာ သေချာ လုပ်ပြသွားခဲ့တယ်။ ကျနေ်ာတို့လည်း ဒီတစ်ရာသီလုံး တိုးတက်မှုတွေ ရှိခဲ့တယ်။ အခုဆို ရှုံးပွဲ မရှိတာ ၁၂ ပွဲ ရှိပြီ။ ပေါ့ဘာနဲ့ ရက်ဖို့ဒ်လည်း ပြန်လာပြီ ဆိုတော့ တွေးကြည့်ရင် ကျနော်တို့လည်း သိပ်မဝေးတော့ပါဘူးပေါ့။ ကျနော်က အသင်းပိုင်ဆိုင်ထားတဲ့ လူစာရင်းအပေါ် ကျေနပ်မှု ရှိပါတယ်။
ဒါပေမယ့် လက်ရှိ ကစားသမားတွေကို ပိုကောင်းအောင်ပါ ဆွဲတင်ပေးနိုင်မယ့် ကစားသမား ရှိရင်တော့ သေချာတာပေါ့ ငွေသုံး ခေါ်ယူမှုတွေ လုပ်ရမှာပါ။ လက်ရှိ လူစာရင်းကလည်း ကောင်းမွန်ပြီး လမ်းမှန်ပေါ် ရွေ့လျားနေပါတယ်။ ဒါပေမယ့် အလိုရှိတဲ့နေရာ မရောက်သေးဘူးပေါ့။ တစ်လှမ်းချင်းနဲ့ ရည်မှန်းချက် ပန်းတိုင်ဆီ အရောက်သွားမှာပါ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
အပြောင်းအရွှေ့ကို အဓိက ကြီးကြပ်နေတဲ့ ယူနနိုက်တက် အကြီးအကဲကတော့ အခက်အခဲတွေနဲ့ အသင်း လိုအပ်ချက်ကြား ဘက်ညီအောင် လှုပ်ရှား သွားမယ်လို့ ဆိုထာပြီး ကစားသမား တစ်ယောက်တည်းအပေါ် ငွေပုံအော သုံးစွဲတာမျိုး သဘောမကျဟန် ဆိုထားပါတယ်။ ဒါပေမယ့် ဆိုးရှားကတော့ သိပ်ကောင်းတဲ့ ကစားသမားအတွက်ဆို သုံးသင့် သုံးမှာပါလို့ အသိပေး ပြောဆိုလာတာ ဖြစ်ပါတယ်။
Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အေျပာင္းအေရႊ႕ ေစ်းကြက္ ဖြင့္ရင္ အသင္းကို ပိုေကာင္းလာေစနုိင္တဲ့ ကစားသမား ရမယ္ ဆိုလို႔ကေတာ့ လက္တြန္႔ေနမွာ မဟုတ္ဘဲ ေငြသံုး ေခၚယူသြားမွာ ျဖစ္ေၾကာင္း ဆိုလိုက္ျပီး ျပိဳင္ဘက္အသင္းေတြအား တပ္လွန္႔သတိေပးလိုက္ပါတယ္။
ယူနိုက္တက္ ပစ္မွတ္ထားေနတယ္ သတင္းထြက္ထားတဲ့ ကစားသမားေတြက အမ်ားအျပားကို ရွိေနျပီး ေရပန္းအစားဆံုးကေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳ ျဖစ္ကာ တန္ေၾကး ေပါင္ သန္း ၁၀၀ ေလာက္ထိ ရွိတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေၾကာင့္ ကလပ္အသင္းေတြမွာ ဘ႑ာေရး အၾကပ္အတည္း ရွိေနေပမယ့္ အသင္းလိုက္ပါ တိုးတက္လာေစနုိင္မယ့္ ကစားသမား ေတြ႔ရင္ေတာ့ အသံုးစရိတ္ကို အသင္းဘက္က ပံ့ပိုးေပးမယ္လို႔ ဆိုးရွားက ယံုၾကည္မႈ ရွိထားပါတယ္။
” ျပီးခဲ့တဲ့ နွစ္ရာသီေလာက္မွာ မန္စီးတီးနဲ႕ လီဗာပူးက လိဂ္မွာ ဗိုလ္စြဲခ်င္ရင္ ဘယ္လိုလႈပ္ရွားရမယ္ ဆိုတာ ေသခ်ာ လုပ္ျပသြားခဲ့တယ္။ က်ေန္ာတို႔လည္း ဒီတစ္ရာသီလံုး တိုးတက္မႈေတြ ရွိခဲ့တယ္။ အခုဆို ရွံဳးပြဲ မရွိတာ ၁၂ ပြဲ ရွိျပီ။ ေပါ့ဘာနဲ႕ ရက္ဖို႔ဒ္လည္း ျပန္လာျပီ ဆိုေတာ့ ေတြးၾကည့္ရင္ က်ေနာ္တို႔လည္း သိပ္မေ၀းေတာ့ပါဘူးေပါ့။ က်ေနာ္က အသင္းပိုင္ဆိုင္ထားတဲ့ လူစာရင္းအေပၚ ေက်နပ္မႈ ရွိပါတယ္။
ဒါေပမယ့္ လက္ရွိ ကစားသမားေတြကို ပိုေကာင္းေအာင္ပါ ဆြဲတင္ေပးနုိင္မယ့္ ကစားသမား ရွိရင္ေတာ့ ေသခ်ာတာေပါ့ ေငြသံုး ေခၚယူမႈေတြ လုပ္ရမွာပါ။ လက္ရွိ လူစာရင္းကလည္း ေကာင္းမြန္ျပီး လမ္းမွန္ေပၚ ေရြ႕လ်ားေနပါတယ္။ ဒါေပမယ့္ အလိုရွိတဲ့ေနရာ မေရာက္ေသးဘူးေပါ့။ တစ္လွမ္းခ်င္းနဲ႕ ရည္မွန္းခ်က္ ပန္းတိုင္ဆီ အေရာက္သြားမွာပါ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
အေျပာင္းအေရႊ႕ကို အဓိက ၾကီးၾကပ္ေနတဲ့ ယူနနိုက္တက္ အၾကီးအကဲကေတာ့ အခက္အခဲေတြနဲ႕ အသင္း လုိအပ္ခ်က္ၾကား ဘက္ညီေအာင္ လႈပ္ရွား သြားမယ္လို႔ ဆိုထာျပီး ကစားသမား တစ္ေယာက္တည္းအေပၚ ေငြပံုေအာ သံုးစြဲတာမ်ိဳး သေဘာမက်ဟန္ ဆိုထားပါတယ္။ ဒါေပမယ့္ ဆိုးရွားကေတာ့ သိပ္ေကာင္းတဲ့ ကစားသမားအတြက္ဆို သံုးသင့္ သံုးမွာပါလို႔ အသိေပး ေျပာဆိုလာတာ ျဖစ္ပါတယ္။