ရက်ဖို့ဒ်က အမ်ဘတ်ပီနဲ့ လယ်ဗယ်တူ အဆင့်ချင်းတူပဲလို့ သတ်မှတ်ထောက်ခံလိုက်ခြင်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဒီရာသီ အင်္ဂလန်မှာ ခြေစွမ်းပြနေသလို ပြင်သစ်မှာ ခြေစွမ်းပြနေတဲ့ ကြယ်ပွင့် ကစားသမား အမ် ဘတ်ပီနဲ့ အဆင့်အတန်းချင်း လယ်ဗယ်တူပဲ ရှိနေကြောင်း သရဲနီဟောင်း လူးဝစ် ဆာဟာ က သုံးသပ် ထောက်ခံလိုက်ပါတယ်။

ဒီရာသီ ယူနိုက်တက် အတွက် ၃၂ ပွဲ ပါဝင် ကစားထားရမှာ အင်္ဂလန်သားက ၁၉ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဥရောပ ထိပ်သီး ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အမ်ဘတ်ပီ ကစားနေတဲ့ ပြင်သစ်လီဂူးဝမ်းကတော့ ဧပြီလတည်းက ရပ်နား ဖျက်သိမ်းထားပြီ ဖြစ်ပါတယ်။ ၎င်းက ဒီရာသီ လီဂူးဝမ်းမှာ ပွဲ ၂၀ ကစားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။

အမ်ဘတ်ပီ လောလောဆယ် ရရှိထားတဲ့ ဆုဖလား အရေအတွက်က ရက်ဖို့ဒ်ထက် နှစ်ဆ ရှိနေပေမယ့် ရက်ဖို့ဒ်ရဲ့ အရည်အသွေးဟာ ဘတ်ပီလိုပဲ ရှိတယ်လို့ ဆာဟာက အတိအကျ ယုံကြည်နေပါတယ်။

” ကစားတဲ့ နေရာချင်း ကြည့်ရင် မားကပ် (ရက်ဖို့ဒ်) နဲ့ ကိုင်လီ (အမ်ဘတ်ပီ) က ဆင်တူပါတယ်။ သူတို့နှစ်ယောက်လုံးက တောင်ပံ ထွက် ကစားချင်ကြသလို အထောင်လည်း ကစားတတ်ကြတယ်။

ဘတ်ပီရဲ့ အားသာချက်က တိုက်ရိုက် တိုက်စစ် ဆင် ကစားတာပါ အချိန်တိုင်းလိုလိုပဲ။ သူက နှစ်ခါပြန် စဉ်းစား မနေဘူး။ သူ ပြေးလာပြီဆို ဘောလုံး ပေးရပြီသာမှတ် သိပ်လည်း မြန်ပါတယ်။ ဒီလို တိုက်စစ်ဆင်တာမျိုးက ကျနော်တို့ ရက်ဖို့ဒ်ဆီမှာ မြင်ရလေ့ ရှိတယ်။ သူ စ ကစားပြီး ဆိုတာနဲ့ ပြိုင်ဘက် ခံစစ်မှူးတွေကို မင်းတို့ ငါ့ကို မိနစ် ၉၀ လုံး ထိန်းထားနိုင်ကြမလား ဆိုတဲံ အသွင်နဲ့ တရကြမ်း ကစားတာပါ။

အရည်အသွေးချင်း အနေနဲ့ သူတို့ နှစ်ဦးက လယ်ဗယ်တန်းမှာ ရှိနေပါတယ်။ ဘတ်ပီက ဆုဖလားတွေ ပိုရထားပြီး ခြေစွမ်း တည်ငြိမ်မှု ပြသနိုင်တာရယ်၊ ပွဲထဲမှာ သိပ်စဉ်းစား မနေတာတွေရယ် ပိုရှိတယ်။ ယူနိုက်တက်နဲ့ ဆို ရက်ဖို့ဒ်က အပြောင်းအလဲ လုပ်နေတဲ့ အသင်း တစ်သင်းမှာ ဖြစ်လို့ သူ့ စိတ်တိုင်းကျ အစွမ်း မပြနိုင်သေးဘူး။

အမ်ပဘတ်ပီကတော့ ပီအက်စ်ဂျီမှာ ရှိတဲ့ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ တွဲ ကစားရတဲ့ အားသာချက် ရှိထားတယ်။ သူက မတူညီတဲ့ အရာတွေ ရယူနနိုင်စွမ်း ရှိတယ်။ ဒီလို အခြေခံမျိုး ရက်ဖို့ဒ်မှာ ရှိမနေတာပဲ ကွာပါတယ်။ ” လို့ ဆာဟာက သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ ဒီရာသီ အဂၤလန္မွာ ေျခစြမ္းျပေနသလို ျပင္သစ္မွာ ေျခစြမ္းျပေနတဲ့ ၾကယ္ပြင့္ ကစားသမား အမ္ ဘတ္ပီနဲ႕ အဆင့္အတန္းခ်င္း လယ္ဗယ္တူပဲ ရွိေနေၾကာင္း သရဲနီေဟာင္း လူး၀စ္ ဆာဟာ က သံုးသပ္ ေထာက္ခံလိုက္ပါတယ္။

ဒီရာသီ ယူနုိက္တက္ အတြက္ ၃၂ ပြဲ ပါ၀င္ ကစားထားရမွာ အဂၤလန္သားက ၁၉ ဂိုး သြင္း၊ ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဥေရာပ ထိပ္သီး ၾကယ္ပြင့္ တစ္ဦး အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ အမ္ဘတ္ပီ ကစားေနတဲ့ ျပင္သစ္လီဂူး၀မ္းကေတာ့ ဧျပီလတည္းက ရပ္နား ဖ်က္သိမ္းထားျပီ ျဖစ္ပါတယ္။ ၄င္းက ဒီရာသီ လီဂူး၀မ္းမွာ ပြဲ ၂၀ ကစားျပီး ၁၈ ဂိုး သြင္းယူထားပါတယ္။

အမ္ဘတ္ပီ ေလာေလာဆယ္ ရရွိထားတဲ့ ဆုဖလား အေရအတြက္က ရက္ဖို႔ဒ္ထက္ နွစ္ဆ ရွိေနေပမယ့္ ရက္ဖို႔ဒ္ရဲ႕ အရည္အေသြးဟာ ဘတ္ပီလိုပဲ ရွိတယ္လို႔ ဆာဟာက အတိအက် ယံုၾကည္ေနပါတယ္။

” ကစားတဲ့ ေနရာခ်င္း ၾကည့္ရင္ မားကပ္ (ရက္ဖို႔ဒ္) နဲ႕ ကိုင္လီ (အမ္ဘတ္ပီ) က ဆင္တူပါတယ္။ သူတို႔နွစ္ေယာက္လံုးက ေတာင္ပံ ထြက္ ကစားခ်င္ၾကသလို အေထာင္လည္း ကစားတတ္ၾကတယ္။

ဘတ္ပီရဲ႕ အားသာခ်က္က တိုက္ရိုက္ တိုက္စစ္ ဆင္ ကစားတာပါ အခ်ိန္တိုင္းလိုလိုပဲ။ သူက နွစ္ခါျပန္ စဥ္းစား မေနဘူး။ သူ ေျပးလာျပီဆို ေဘာလံုး ေပးရျပီသာမွတ္ သိပ္လည္း ျမန္ပါတယ္။ ဒီလို တိုက္စစ္ဆင္တာမ်ိဳးက က်ေနာ္တို႔ ရက္ဖို႔ဒ္ဆီမွာ ျမင္ရေလ့ ရွိတယ္။ သူ စ ကစားျပီး ဆိုတာနဲ႕ ျပိဳင္ဘက္ ခံစစ္မွဴးေတြကို မင္းတို႔ ငါ့ကို မိနစ္ ၉၀ လံုး ထိန္းထားနုိင္ၾကမလား ဆိုတဲံ အသြင္နဲ႕ တရၾကမး္ ကစားတာပါ။

အရည္အေသြးခ်င္း အေနနဲ႕ သူတို႔ နွစ္ဦးက လယ္ဗယ္တန္းမွာ ရွိေနပါတယ္။ ဘတ္ပီက ဆုဖလားေတြ ပိုရထားျပီး ေျခစြမ္း တည္ျငိမ္မႈ ျပသနိုင္တာရယ္၊ ပြဲထဲမွာ သိပ္စဥ္းစား မေနတာေတြရယ္ ပိုရွိတယ္။ ယူနိုက္တက္နဲ႕ ဆုိ ရက္ဖို႔ဒ္က အေျပာင္းအလဲ လုပ္ေနတဲ့ အသင္း တစ္သင္းမွာ ျဖစ္လို႔ သူ႔ စိတ္တိုင္းက် အစြမ္း မျပနိုင္ေသးဘူး။

အမ္ပဘတ္ပီကေတာ့ ပီအက္စ္ဂ်ီမွာ ရွိတဲ့ ထိပ္တန္းအဆင့္ ကစားသမားေတြနဲ႕ တြဲ ကစားရတဲ့ အားသာခ်က္ ရွိထားတယ္။ သူက မတူညီတဲ့ အရာေတြ ရယူနနိုင္စြမ္း ရွိတယ္။ ဒီလို အေျခခံမ်ိဳး ရက္ဖို႔ဒ္မွာ ရွိမေနတာပဲ ကြာပါတယ္။ ” လုိ႔ ဆာဟာက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။