ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (24/06/20)

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မကြိုးစားရင် မိုက်မဲရာ ကျမယ်လို့ ဆာဟာက သုံးသပ်လိုက်ပြီး အင်္ဂလန်သားဟာ ယူနိုက်တက် ဆုဖလားတွေ ယူဖို့ ကူညီပေးနိုင်မယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

လက်ရှိ ယူနိုက်တက်ဟာ ကောင်းမွန်တဲ့ လူစာရင်း ပိုင်ဆိုင်ထားပေမယ့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့တော့ မလုံလောက်သေးကြောင်း နည်းပြ ဆိုးရှားက ဝန်ခံခဲ့ပြီး ငွေကြေး သုံးစွဲခေါ်ယူမှုတွေ ထပ်လုပ်ဖို့ လိုမယ်လို့ ဆိုခဲ့ပါတယ်။

အမှားအယွင်း ကျူးလွန်မှုတွေ ရှိနေတဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာကို အကောင်းဆုံး ပြင်ဆင်ပြီး လက်စွမ်းပြနိုင်မှုကို ယူနိုက်တက်က ၁၂ လ တာ အချိန်ပေး စောင့်ကြည့်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ စပိန်သား အဆင်မပြေရင် နေရာယူဖို့ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်က အသင့် ရှိနေပါတယ်။

ယူနိုက်တက် အလေးအနက် ပစ်မှတ်ထား စောင့်ကြည့်ဖူးတဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေဟာ မန်ချက်စတာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းထံ ရောက်ရှိဖို့ အလားအလာကောင်းနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

အာဖရိကန်သား ကြယ်ပွင့်နှစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီးယန်းနဲ့ ကွင်းလယ်သမား သောမတ်စ် ပါတေးတို့ကို ယူနိုက်တက်ထံ ပြောင်းရွှေ့ ကစားဖို့ ဆာဟာက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာတော့ ယူနိုက်တက် ပွဲထွက် စာရင်းမှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် ကွင်းလယ်အတွဲ တခါတည်း ထုတ်သုံးဖို့ နည်းပြ ဆိုးရှားက စီစဉ်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ တစ်ဦးချင်း အရည်အသွေးမှာတော့ ပီအက်စ်ဂျီမှ ကြယ်ပွင့်ကစားသမား အမ်ဘတ်ပီနဲ့ တန်းတူ ယှဉ်နိုင်သူ ဖြစ်ကြောင်း ဆာဟာက သုံးသပ်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမား ရာအူးလ် ဂျီးမီးနက်ဇ် အတွက် ဝုဗ်အသင်းကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ရမှ ရောင်းထုတ်မယ်လို့ အသိပေးလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ စပါးၾကယ္ပြင့္ တိုက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူဖို႔ မၾကိဳးစားရင္ မိုက္မဲရာ က်မယ္လို႔ ဆာဟာက သံုးသပ္လိုက္ျပီး အဂၤလန္သားဟာ ယူနိုက္တက္ ဆုဖလားေတြ ယူဖို႔ ကူညီေပးနိုင္မယ္လို႕ ၄င္းက ယံုၾကည္ေနပါတယ္။

လက္ရွိ ယူနိုက္တက္ဟာ ေကာင္းမြန္တဲ့ လူစာရင္း ပိုင္ဆိုင္ထားေပမယ့္ ပရီးမီးယားလိဂ္ဖလား စိန္ေခၚဖို႔ေတာ့ မလံုေလာက္ေသးေၾကာင္း နည္းျပ ဆိုးရွားက ၀န္ခံခဲ့ျပီး ေငြေၾကး သံုးစြဲေခၚယူမႈေတြ ထပ္လုပ္ဖို႔ လိုမယ္လို႔ ဆိုခဲ့ပါတယ္။

အမွားအယြင္း က်ဴးလြန္မႈေတြ ရွိေနတဲ့ ပြဲထြက္ ဂိုးသမား ဒီဂီယာကို အေကာင္းဆံုး ျပင္ဆင္ျပီး လက္စြမ္းျပနိုင္မႈကို ယူနိုက္တက္က ၁၂ လ တာ အခ်ိန္ေပး ေစာင့္ၾကည့္သြားမယ္လို႔ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ စပိန္သား အဆင္မေျပရင္ ေနရာယူဖို႔ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္က အသင့္ ရွိေနပါတယ္။

ယူနိုက္တက္ အေလးအနက္ ပစ္မွတ္ထား ေစာင့္ၾကည့္ဖူးတဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလဟာ မန္ခ်က္စတာ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီး အသင္းထံ ေရာက္ရွိဖို႔ အလားအလာေကာင္းေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

အာဖရိကန္သား ၾကယ္ပြင့္နွစ္ဦး ျဖစ္တဲ့ တိုက္စစ္မွဴး အူဘာမီးယန္းနဲ႕ ကြင္းလယ္သမား ေသာမတ္စ္ ပါေတးတို႔ကို ယူနိုက္တက္ထံ ေျပာင္းေရႊ႕ ကစားဖို႔ ဆာဟာက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ရွက္ဖီးယူနိုက္တက္နဲ႕ ရင္ဆုိင္ရမယ့္ ပြဲမွာေတာ့ ယူနုိက္တက္ ပြဲထြက္ စာရင္းမွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ ကြင္းလယ္အတြဲ တခါတည္း ထုတ္သံုးဖို႔ နည္းျပ ဆိုးရွားက စီစဥ္ေနပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ တစ္ဦးခ်င္း အရည္အေသြးမွာေတာ့ ပီအက္စ္ဂ်ီမွ ၾကယ္ပြင့္ကစားသမား အမ္ဘတ္ပီနဲ႕ တန္းတူ ယွဥ္နုိင္သူ ျဖစ္ေၾကာင္း ဆာဟာက သံုးသပ္ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ တိုက္စစ္သမား ရာအူးလ္ ဂ်ီးမီးနက္ဇ္ အတြက္ ၀ုဗ္အသင္းကေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၀၀ ရမွ ေရာင္းထုတ္မယ္လို႔ အသိေပးလိုက္ပါတယ္။