ဘိုင်ယန်နဲ့ လမ်းခွဲတော့မယ့် လီဝန်ဒေါစကီး တန်ကြေး ထွက်ပေါ်လာပြီး ဘာစီလိုနာက စိတ်ဝင်စားနေ

ဘိုင်ယန်မြူးနစ်နဲ့ လာမယ့်နွေမှာ လမ်းခွဲတော့မယ့် ကြယ်ပွင့် တိုက်စစ်မှုး လီဝန်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး တန်ကြေး သတ်မှတ်မှုက ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Diario Sport အဆိုအရ ရော်ဘတ် လီဝန်ဒေါစကီး တန်ကြေးက ယူရို သန်း ၆၀ လို့ ဖော်ပြလာပါတယ်။

ပိုလန်လက်ရွေးစင် တိုက်စစ်မှုးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလည်း ရရှိနေပြီး ကစားသမား ကိုယ်တိုင်က ဒီနွေမှာ ဘိုင်ယန်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

လီဝန်ဒေါစကီး ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေထဲမှာ ပြန်တောက်ပလာတဲ့ လာလီဂါကလပ် ဘာစီလိုနာလည်း ပါဝင်နေပါတယ်။

ဘာစီလိုနာက လီဝန်ဒေါစကီး ကို ယူရို သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ ရည်ရွယ်ထားပြီး ကစားသမား ကို တကယ် အလိုရှိရင်တော့ ထပ်ဆောင်းကြေး ညှိနှိုင်းမှုတွေနဲ့ ယူရို သန်း ၆၀ ထိလည်း ရောက်သွားဖွယ် ရှိပါတယ်။

လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ အတွက် ဆိုရင် ဘာစီလိုနာ အနေနဲ့ ဒီပေး၊ ဒီဂျောင်၊ မာတင်နဲ့ ဒမ်ဘီလီ တို့ကို ရှင်းထုတ်သွားဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ စပွန်ဆာလက်တွဲမှု အသစ်တွေ ရပြီးနောက် ဘဏ္ဍာရေး တည်ငြိမ်မှုလည်း ရလာနေပါတယ်။

လီဝန်ဒေါစကီးဟာ အသက် ၃၃ နှစ် ရှိပြီ ဖြစ်ပေမယ့် ဂျာမနီမှာတော့ အင်ဂျင်စက် တစ်လုံးလို ဂိုးတွေ မနားတမ်း သွင်းယူနေဆဲ ဖြစ်ပါတယ်။ ဒီရာသီမှာတင် ပိုလန်သားက ၃၆ ပွဲ ကစားရာမှာ ၄၃ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။

လီဝန်က ပြီးခဲ့တဲ့နှစ် ဘလွန်းဒီအော ဆု ကို လွဲချော်ခဲ့ပေမယ့် ဖီဖာက ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသား ကစားသမား ဆု ကိုတော့ မက်ဆီအား ကျော်ဖြတ်ပြီး သိမ်းပိုက်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Zawgyi

ဘိုင္ယန္ျမဴးနစ္နဲ႕ လာမယ့္ေႏြမွာ လမ္းခြဲေတာ့မယ့္ ၾကယ္ပြင့္ တိုက္စစ္မႈး လီဝန္ေဒါစကီး အတြက္ ေျပာင္းေရႊ႕ေၾကး တန္ေၾကး သတ္မွတ္မႈက ထြက္ေပၚလာျပီ ျဖစ္ပါတယ္။ Diario Sport အဆိုအရ ေရာ္ဘတ္ လီဝန္ေဒါစကီး တန္ေၾကးက ယူရို သန္း ၆၀ လို႔ ေဖာ္ျပလာပါတယ္။

ပိုလန္လက္ေရြးစင္ တိုက္စစ္မႈးကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြလည္း ရရွိေနျပီး ကစားသမား ကိုယ္တိုင္က ဒီေႏြမွာ ဘိုင္ယန္ကေန ထြက္ခြာဖို႔ စိတ္အားထက္သန္ေနပါတယ္။

လီဝန္ေဒါစကီး ကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြထဲမွာ ျပန္ေတာက္ပလာတဲ့ လာလီဂါကလပ္ ဘာစီလိုနာလည္း ပါဝင္ေနပါတယ္။

ဘာစီလိုနာက လီဝန္ေဒါစကီး ကို ယူရို သန္း ၅ဝ နဲ႕ ကမ္းလွမ္းဖို႔ ရည္ရြယ္ထားျပီး ကစားသမား ကို တကယ္ အလိုရွိရင္ေတာ့ ထပ္ေဆာင္းေၾကး ညွိနိႈင္းမႈေတြနဲ႕ ယူရို သန္း ၆၀ ထိလည္း ေရာက္သြားဖြယ္ ရွိပါတယ္။

လီဝန္ေဒါစကီး ကို ေခၚယူဖို႔ အတြက္ ဆိုရင္ ဘာစီလိုနာ အေနနဲ႕ ဒီေပး၊ ဒီေဂ်ာင္၊ မာတင္နဲ႕ ဒမ္ဘီလီ တို႔ကို ရွင္းထုတ္သြားဖြယ္လည္း ရွိေနပါတယ္။ ဒါေပမယ့္ ဘာစီလိုနာဟာ စပြန္ဆာလက္တြဲမႈ အသစ္ေတြ ရျပီးေနာက္ ဘ႑ာေရး တည္ျငိမ္မႈလည္း ရလာေနပါတယ္။

လီဝန္ေဒါစကီးဟာ အသက္ ၃၃ နွစ္ ရွိျပီ ျဖစ္ေပမယ့္ ဂ်ာမနီမွာေတာ့ အင္ဂ်င္စက္ တစ္လံုးလို ဂိုးေတြ မနားတမ္း သြင္းယူေနဆဲ ျဖစ္ပါတယ္။ ဒီရာသီမွာတင္ ပိုလန္သားက ၃၆ ပြဲ ကစားရာမွာ ၄၃ ဂိုး သြင္းယူထားျပီး ျဖစ္ပါတယ္။

လီဝန္က ျပီးခဲ့တဲ့နွစ္ ဘလြန္းဒီေအာ ဆု ကို လြဲေခ်ာ္ခဲ့ေပမယ့္ ဖီဖာက ခ်ီးျမွင့္တဲ့ အေကာင္းဆံုး အမ်ိဳးသား ကစားသမား ဆု ကိုေတာ့ မက္ဆီအား ေက်ာ္ျဖတ္ျပီး သိမ္းပိုက္ထားနုိင္ခဲ့သူလည္း ျဖစ္ပါတယ္။