အက်သလက်တီကိုထံ ပြောင်းဖို့ လမ်းဖွင့်လာတဲ့ လာကာဇက်တီနဲ့ တားဆီးမယ့် အာတီတာ

လာမယ့် အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် ခေါ်ယူလိုတဲ့ ကစားသမား စာရင်းထဲ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီ ပါဝင်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း တီကိုထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။ ပြင်သစ် တိုက်စစ်မှူးကို တီကို အကြီးအကဲပိုင်းက အလွန် သဘောကျနေပြီး အသင်းမှာ အံဝင်မယ့်သူလို့ ယုံကြည်ထားကြပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ ဒီနွေမှာ လာကာဇက်တီ မထွက်ခွာဖို့ တားဆီးသွားရန် ပြင်ဆင်နေကြောင်း စပိန် AS သတင်း ဌာနမှာ ဖော်ပြလာပါတယ်။

အက်သလက်တီကိုဘက်ကတော့ လာကာဇက်တီဟာ အသင်းလူစာရင်းမှာ အံဝင်နိုင်မယ့် တိုက်စစ်မှူး အဖြစ် မျှော်လင့်ချက်ကောင်းတွေ ရှိထားပြီး အာဆင်နယ်ဘက်က မီးစိမ်း ပြတာနဲ့ အရ ခေါ်ယူဖို့ အသင့် ရှိနေပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ဝမ်ဒါ မီထရိုပိုလီတာနို ကွင်းကြီးထံ ပြောင်းရွှေ့ ကစားလိုနေပါတယ်။

အသက် ၂၈ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူး လာကာဇက်တီရဲ့ အာဆင်နယ်နဲ့ လက်ရှိ စာချုပ်က ၂ နှစ် ကျန်ရှိနေသေးပြီး အခြား တိုက်စစ်မှူး ဖြစ်တဲ့ အူဘာမီးယန်းကလည်း လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာကြောင့် အာဆင်နယ် ဘက်ကတော့ လွယ်လွယ် လက်လျှော့ဖို့ မရှိပါဘူး။

အာဆင်နယ်မှာ အူဘာမီးယန်းကသာ အဓိက ဂိုးတွေ ဒိုင်ခံသွင်းယူပေးနေတာကြောင့် လာကာဇက်တီရဲ့ အခန်း ကဏ္ဍကတော့ မှေးမှိန်နေပါတ်ယ။ ဒီရာသီ အာဆင်နယ်အတွက် ၎င်းက ၂၆ ပွဲ ပါဝင် ကစားပေးကာ ၉ ဂိုး သွင်းယူထားပေးပါတယ်။ ပရီးမီးယားလိဂ်မှာက ၇ ဂိုး ဖြစ်ပြီး ကျန် ၂ ဂိုးကတော့ ယူရိုပါလိဂ်မှာ သွင်းယူပေးခဲ့တာပါ။

အက်သလက်တီကို ဘက်ကလည်း တိုက်စစ်မှူး ကော်စတာက အသင်းမှာ ဆက်ရှိဖို့ မသေချာတာကြောင့် ၎င်း အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုများကို လက်ခံပြီး လာကာဇက်တီကို ခေါ်ယူရမှာ ဖြစ်ပါတယ်။

Zawgyi – လာမယ့္ အေျပာင္းအေရႊ႕မွာ အက္သလက္တီကို မက္ဒရစ္ ေခၚယူလိုတဲ့ ကစားသမား စာရင္းထဲ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီ ပါ၀င္ေနျပီး ကစားသမား ကိုယ္တိုင္ကလည္း တီကိုထံ ေျပာင္းေရႊ႕ဖို႔ လမ္းဖြင့္ထားပါတယ္။ ျပင္သစ္ တိုက္စစ္မွဴးကို တီကို အၾကီးအကဲပိုင္းက အလြန္ သေဘာက်ေနျပီး အသင္းမွာ အံ၀င္မယ့္သူလို႔ ယံုၾကည္ထားၾကပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ဒီေႏြမွာ လာကာဇက္တီ မထြက္ခြာဖုိ႔ တားဆီးသြားရန္ ျပင္ဆင္ေနေၾကာင္း စပိန္ AS သတင္း ဌာနမွာ ေဖာ္ျပလာပါတယ္။

အက္သလက္တီကိုဘက္ကေတာ့ လာကာဇက္တီဟာ အသင္းလူစာရင္းမွာ အံ၀င္နုိင္မယ့္ တိုက္စစ္မွဴး အျဖစ္ ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ရွိထားျပီး အာဆင္နယ္ဘက္က မီးစိမ္း ျပတာနဲ႕ အရ ေခၚယူဖို႔ အသင့္ ရွိေနပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း ၀မ္ဒါ မီထရိုပိုလီတာနို ကြင္းၾကီးထံ ေျပာင္းေရႊ႕ ကစားလိုေနပါတယ္။

အသက္ ၂၈ နွစ္ ရွိျပီ ျဖစ္တဲ့ တိုက္စစ္မွဴး လာကာဇက္တီရဲ႕ အာဆင္နယ္နဲ႕ လက္ရွိ စာခ်ဳပ္က ၂ နွစ္ က်န္ရွိေနေသးျပီး အျခား တိုက္စစ္မွဴး ျဖစ္တဲ့ အူဘာမီးယန္းကလည္း လန္ဒန္ကလပ္ကေန ထြက္ခြာဖို႔ ၾကိဳးစားေနတာေၾကာင့္ အာဆင္နယ္ ဘက္ကေတာ့ လြယ္လြယ္ လက္ေလွ်ာ့ဖို႔ မရွိပါဘူး။

အာဆင္နယ္မွာ အူဘာမီးယန္းကသာ အဓိက ဂိုးေတြ ဒိုင္ခံသြင္းယူေပးေနတာေၾကာင့္ လာကာဇက္တီရဲ႕ အခန္း က႑ကေတာ့ ေမွးမွိန္ေနပါတ္ယ။ ဒီရာသီ အာဆင္နယ္အတြက္ ၄င္းက ၂၆ ပြဲ ပါ၀င္ ကစားေပးကာ ၉ ဂိုး သြင္းယူထားေပးပါတယ္။ ပရီးမီးယားလိဂ္မွာက ၇ ဂိုး ျဖစ္ျပီး က်န္ ၂ ဂိုးကေတာ့ ယူရိုပါလိဂ္မွာ သြင္းယူေပးခဲ့တာပါ။

အက္သလက္တီကို ဘက္ကလည္း တိုက္စစ္မွဴး ေကာ္စတာက အသင္းမွာ ဆက္ရွိဖို႔ မေသခ်ာတာေၾကာင့္ ၄င္း အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈမ်ားကို လက္ခံျပီး လာကာဇက္တီကို ေခၚယူရမွာ ျဖစ္ပါတယ္။