ယူနိုက်တက်က အဆင့် ၄ နေရလောက်ပဲ မှန်းတဲ့ အသင်း မဟုတ်ဘူးလို့ ဆိုးရှား ကြုံးဝါး

မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပဝင်ခွင့် တစ်နေရာ အတွက် အပြိုင် ရှိနေတဲ့ အသင်းတွေထဲက ရှက်ဖီးယူနိုက်တက်ကို ညကပွဲမှာ မာရှယ်ရဲ့ ဟက်ထရစ်နဲ့ ၃ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကနေ မတက်သေးပေမယ့် တစ်ပွဲလျော့ ကစားထားတဲ့ ချယ်ဆီးနဲ့ ၁ မှတ် အကွာ၊ လက်စတာနဲ့တော့ ၆ မှတ် အကွာကို ရောက်လာပြီ ဖြစ်ပါတယ်။

နည်းပြ ဆိုးရှားကတော့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာကိုပဲ မှန်း ကစားနေတာ မဟုတ်ဘဲ ရရင် ၃ နေရာထိ တက်လှမ်းဦးမှာ ဖြစ်ကာ ဖလား ဗိုလ်စွဲနိုင်တဲ့ ပြိုင်ပွဲ ၂ ရပ်လည်း ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ဒီလို ရည်မှန်းချက်တွေ အတွက် ပိုကောင်းအောင် ကစားပြဖို့လည်း ယူနိုက်တက် အသင်းသားတွေ အား တိုက်တွန်းခဲ့ပါတယ်။

” ပထမပိုင်းမှာ ကျနော်တို့ ဂိုးတွေ ပိုသွင်းပြီး အရမ်း အရမ်းကို ကောင်းတဲ့ ဘောလုံးပွဲ တစ်ပွဲ လုပ်ပြဖို့ အခွင့်ကောင်းတွေ ရှိခဲ့တယ်။ ပွဲနားချိန်မှာ ငါတို့ ရသင့်တဲ့ ဂိုးတွေထက် တဝက်လောက်ပဲ ရတယ် ဆိုတဲ့ အသိနဲ့ တွေးစရာ ဖြစ်လာတာ စိုးရီမ်စရာပါ။ ကျနော်တို့ ဒိထက် ဂိုးတွေ ပိုသွင်းပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့သင့်တယ်။

ဒါပေမယ့် ပွဲရလဒ်အပေါ် ကျနော် တော်တော် ကျေနပ်ပါတယ်။ တိုးတက်အောင် လုပ်နိုင်စရာတွေ ရှိနေသေးတာကြောင့် ရာနှုန်းပြည့်တော့ မပျော်သင့်ဘူးပေါ့။

ကျနော်က အဆင့် ၄ ဟာ ကျနော်တို့ ရည်မှန်းချက်လို့ တစ်ခါမှ မပြောဖူးဘူး။ ကျနော်တို့ နိုင်ပွဲတွေ လိုချင်တယ် အဆင့် ၃ လောက်ထိ တက်အောင် လုပ်သွားမယ်။ ဖလားပြိုင်ပွဲ နှစ်ပွဲလည်း ရှိသေးတယ်။ အဆုံးမှာ ကျနော်တို့ အလိုရှိတာတွေ ရနိုင်ဖို့ မျှော်လင့်တယ်။ ” လို့ နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပွဲကျန်ထဲမှာ အဆင့် ၃ နေရာမှ လက်စတာနဲ့ ရင်ဆိုင်ဖို့ ရှိသေးပြီး နှစ်သင်းကြား ကွာဟချက်ကလည်း ၆ မှတ် ရှိတာ ဖြစ်လို့ ဆိုးရှား ပြောသလို ယူနိုက်တက်ဟာ အမှတ်တွေယူပြီး မြင့်နိုင်သလောက် မြင့်မြင့် တက်သွားဖို့ အားကုန်ဆက်ထုတ်သွားဖွယ် ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဥေရာပ၀င္ခြင့္ တစ္ေနရာ အတြက္ အျပိဳင္ ရွိေနတဲ့ အသင္းေတြထဲက ရွက္ဖီးယူနုိက္တက္ကို ညကပြဲမွာ မာရွယ္ရဲ႕ ဟက္ထရစ္နဲ႕ ၃ ဂိုးျပတ္ အနိုင္ယူခဲ့ပါတယ္။ အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာကေန မတက္ေသးေပမယ့္ တစ္ပြဲေလ်ာ့ ကစားထားတဲ့ ခ်ယ္ဆီးနဲ႕ ၁ မွတ္ အကြာ၊ လက္စတာနဲ႕ေတာ့ ၆ မွတ္ အကြာကို ေရာက္လာျပီ ျဖစ္ပါတယ္။

နည္းျပ ဆိုးရွားကေတာ့ ယူနိုက္တက္ဟာ အဆင့္ ၄ ေနရာကိုပဲ မွန္း ကစားေနတာ မဟုတ္ဘဲ ရရင္ ၃ ေနရာထိ တက္လွမ္းဦးမွာ ျဖစ္ကာ ဖလား ဗိုလ္စြဲနိုင္တဲ့ ျပိဳင္ပြဲ ၂ ရပ္လည္း ရွိတယ္လို႔ ဆိုလိုက္ပါတယ္။ ဒီလို ရည္မွန္းခ်က္ေတြ အတြက္ ပိုေကာင္းေအာင္ ကစားျပဖို႔လည္း ယူနိုက္တက္ အသင္းသားေတြ အား တုိက္တြန္းခဲ့ပါတယ္။

” ပထမပိုင္းမွာ က်ေနာ္တို႔ ဂိုးေတြ ပိုသြင္းျပီး အရမ္း အရမ္းကို ေကာင္းတဲ့ ေဘာလံုးပြဲ တစ္ပြဲ လုပ္ျပဖို႔ အခြင့္ေကာင္းေတြ ရွိခဲ့တယ္။ ပြဲနားခ်ိန္မွာ ငါတို႔ ရသင့္တဲ့ ဂိုးေတြထက္ တ၀က္ေလာက္ပဲ ရတယ္ ဆိုတဲ့ အသိနဲ႕ ေတြးစရာ ျဖစ္လာတာ စိုးရီမ္စရာပါ။ က်ေနာ္တို႔ ဒိထက္ ဂိုးေတြ ပိုသြင္းျပီး ပြဲကို ထိန္းခ်ဳပ္နုိင္ခဲ့သင့္တယ္။

ဒါေပမယ့္ ပြဲရလဒ္အေပၚ က်ေနာ္ ေတာ္ေတာ္ ေက်နပ္ပါတယ္။ တိုးတက္ေအာင္ လုပ္နုိင္စရာေတြ ရွိေနေသးတာေၾကာင့္ ရာႏႈန္းျပည့္ေတာ့ မေပ်ာ္သင့္ဘူးေပါ့။

က်ေနာ္က အဆင့္ ၄ ဟာ က်ေနာ္တို႔ ရည္မွန္းခ်က္လို႔ တစ္ခါမွ မေျပာဖူးဘူး။ က်ေနာ္တို႔ နုိုင္ပြဲေတြ လိုခ်င္တယ္ အဆင့္ ၃ ေလာက္ထိ တက္ေအာင္ လုပ္သြားမယ္။ ဖလားျပိဳင္ပြဲ နွစ္ပြဲလည္း ရွိေသးတယ္။ အဆံုးမွာ က်ေနာ္တို႔ အလုိရွိတာေတြ ရနိုင္ဖို႔ ေမွ်ာ္လင့္တယ္။ ” လို႔ နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပြဲက်န္ထဲမွာ အဆင့္ ၃ ေနရာမွ လက္စတာနဲ႕ ရင္ဆုိင္ဖို႔ ရွိေသးျပီး နွစ္သင္းၾကား ကြာဟခ်က္ကလည္း ၆ မွတ္ ရွိတာ ျဖစ္လို႔ ဆိုးရွား ေျပာသလို ယူနုိက္တက္ဟာ အမွတ္ေတြယူျပီး ျမင့္နုိင္သေလာက္ ျမင့္ျမင့္ တက္သြားဖို႔ အားကုန္ဆက္ထုတ္သြားဖြယ္ ရွိေနပါတယ္။