ဘန်ချေးဝဲလ် ဈေးကြီးတာကြောင့် တခြားပစ်မှတ်တွေ အကွက်ရွှေ့နေတဲ့ ချယ်ဆီးဒါရိုက်တာ မာရီနာ

ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ဘယ်စွန်ခံစစ်မှူး တစ်ဦး ရှာဖွေနေပြီး လက်စတာစီးတီးကြယ်ပွင့် ဘန်ချေးဝဲလ်ကို အဓိက ပစ်မှတ်ထား နေသော်လည်း အင်္ဂလန်သားရဲ့ ပြောင်းရွှေ့ကြေး ဈေးကြီးလွန်းတာကြောင့် အခြားပစ်မှတ်များ ဆက်လက် ချိတ်ဆက်နေပါတယ်။

လက်စတာက ချေးဝဲလ် အတွက် အနည်းဆုံး ပေါင် သန်း ၇၀ အလိုရှိနေတာပါ။ ပြီးခဲ့တဲ့ နွေကလည်း လက်စတာက မက်ဂွဲရားကို ယူနိုက်တက်ထံ ပေါင် သန်း ၈၀ နဲ့ ရောင်းချထားတာ ဖြစ်လို့ သူတို့ ကစားသမား အတွက် လျှော့မပေးဘဲ ဈေး ခပ်မာမာ ကိုင်ထားပြီး နည်းပြ ဘရန်ဒန် ရော်ဂျာကလည်း ချေးဝဲလ်ကို မရောင်းလိုပါဘူး။

ချယ်ဆီးအသင်း အပြောင်းအရွှေ့တွေမှာ အဓိက လှုပ်ရှားနေတဲ့ ဒါရိုက်တာ မာရီနာ ဂရာနိုဗ်စကီရာကတော့ ခပ်သွက်သွက် လက်ဦးလေ့ ရှိသူ ဖြစ်ပြီး ဈေးကွက် မဖွင့်ခင်တည်းက ဇီယက်နဲ့ တီမိုဝါနာကို ခေါ်ယူထားပါတယ်။ ဒါကြောင့် နောက်ထပ် ဦးတည်ရာ အဖြစ် ခံစစ်သမား ရှာဖွေနေပြီး ဈေးကြီးတဲ့ ချေးဝဲလ်အစား အရန် ပစ်မှတ်များကိုပါ ချဥ်းကပ်နေပါတယ်။

The Athletic သတင်းဌာန အဆိုအရတော့ ချယ်ဆီးအသင်းဟာ ခံစစ်မှူး ဒေးဗစ် အလာဘာ အတွက် ဘိုင်ယန်မြူးနစ် အသင်းထံ မေးမြန်း စုံစမ်းထားတယ်လို့ သိရပါတယ်။ သြစတြီးယားသားဟာ အသက် ၂၈ နှစ် ပြည့်ကာစ ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ဘယ်စွန်ခံစစ်မှူးတွေထဲ ပါဝင်သည်ထိ နာမည်ကောင်း ရှိသူပါ။

ဘွန်ဒစ်လီဂါကလပ် ကတော့ သူတို့ ကြယ်ပွင့် ကစားသမားကို ရောင်းချလိုခြင်း အလျင်း မရှိတာကြောင့် ချယ်ဆီးရဲ့ ချဉ်းကပ်မှုကိုတော့ ငြင်းဆန်ထားဟန် ရှိပါတယ်။ ဒါပေမယ့် ချယ်ဆီး ဒါရိုက်တာ မာရီနာကလည်း ပါးနပ်နဲ့ ညှိနှိုင်းရေးမှူး ဖြစ်တာကြောင့် ဆက်လက် လုပ်ဆောင်မှုတွေ မြင်တွေ့ရနိုင်ပါတယ်။

ချေးဝဲလ်နဲ့ အလာဘာ အပြင် မာရီနာ ချဉ်းကပ်နေတဲ့ထဲ အဲလက်စ် တဲလက်စ်စ်၊ တာဂ်လီယာဖီကိုနဲ့ လေဗင်ကာဇာဝါတို့က ပစ်မှတ်စာရင်းထဲ ပါဝင်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေစ်းကြက္ထဲမွာ ဘယ္စြန္ခံစစ္မွဴး တစ္ဦး ရွာေဖြေနျပီး လက္စတာစီးတီးၾကယ္ပြင့္ ဘန္ေခ်း၀ဲလ္ကို အဓိက ပစ္မွတ္ထား ေနေသာ္လည္း အဂၤလန္သားရဲ႕ ေျပာင္းေရႊ႕ေၾကး ေစ်းၾကီးလြန္းတာေၾကာင့္ အျခားပစ္မွတ္မ်ား ဆက္လက္ ခ်ိတ္ဆက္ေနပါတယ္။

လက္စတာက ေခ်း၀ဲလ္ အတြက္ အနည္းဆံုး ေပါင္ သန္း ၇၀ အလိုရွိေနတာပါ။ ျပီးခဲ့တဲ့ ေႏြကလည္း လက္စတာက မက္ဂြဲရားကို ယူနိုက္တက္ထံ ေပါင္ သန္း ၈၀ နဲ႕ ေရာင္းခ်ထားတာ ျဖစ္လို႔ သူတို႔ ကစားသမား အတြက္ ေလွ်ာ့မေပးဘဲ ေစ်း ခပ္မာမာ ကိုင္ထားျပီး နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာကလည္း ေခ်း၀ဲလ္ကို မေရာင္းလိုပါဘူး။

ခ်ယ္ဆီးအသင္း အေျပာင္းအေရႊ႕ေတြမွာ အဓိက လႈပ္ရွားေနတဲ့ ဒါရိုက္တာ မာရီနာ ဂရာနိုဗ္စကီရာကေတာ့ ခပ္သြက္သြက္ လက္ဦးေလ့ ရွိသူ ျဖစ္ျပီး ေစ်းကြက္ မဖြင့္ခင္တည္းက ဇီယက္နဲ႕ တီမို၀ါနာကို ေခၚယူထားပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ဦးတည္ရာ အျဖစ္ ခံစစ္သမား ရွာေဖြေနျပီး ေစ်းၾကီးတဲ့ ေခ်း၀ဲလ္အစား အရန္ ပစ္မွတ္မ်ားကိုပါ ခ်ဥး္ကပ္ေနပါတယ္။

The Athletic သတင္းဌာန အဆိုအရေတာ့ ခ်ယ္ဆီးအသင္းဟာ ခံစစ္မွဴး ေဒးဗစ္ အလာဘာ အတြက္ ဘိုင္ယန္ျမဴးနစ္ အသင္းထံ ေမးျမန္း စံုစမ္းထားတယ္လို႔ သိရပါတယ္။ ၾသစၾတီးယားသားဟာ အသက္ ၂၈ နွစ္ ျပည့္ကာစ ျဖစ္ျပီး ကမၻာ့ အေကာင္းဆံုး ဘယ္စြန္ခံစစ္မွဴးေတြထဲ ပါ၀င္သည္္ထိ နာမည္ေကာင္း ရွိသူပါ။

ဘြန္ဒစ္လီဂါကလပ္ ကေတာ့ သူတို႔ ၾကယ္ပြင့္ ကစားသမားကို ေရာင္းခ်လိုျခင္း အလ်င္း မရွိတာေၾကာင့္ ခ်ယ္ဆီးရဲ႕ ခ်ဥ္းကပ္မႈကိုေတာ့ ျငင္းဆန္ထားဟန္ ရွိပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီး ဒါရိုက္တာ မာရီနာကလည္း ပါးနပ္နဲ႕ ညွိႏိႈင္းေရးမွဴး ျဖစ္တာေၾကာင့္ ဆက္လက္ လုပ္ေဆာင္မႈေတြ ျမင္ေတြ႔ရနုိင္ပါတယ္။

ေခ်း၀ဲလ္နဲ႕ အလာဘာ အျပင္ မာရီနာ ခ်ဥ္းကပ္ေနတဲ့ထဲ အဲလက္စ္ တဲလက္စ္စ္၊ တာဂ္လီယာဖီကိုနဲ႔ ေလဗင္ကာဇာဝါတို႔က ပစ္မွတ္စာရင္းထဲ ပါ၀င္ပါတယ္။