ဟက်ထရစ် သွင်းဂိုးအပြီးမှာ နစ္စတယ်ရွိုင်းနဲ့ပါ နှိုင်းခံလိုက်ရတဲ့ တိုက်စစ်မှူး မာရှယ်

ယူနိုက်တက်ရဲ့ ရှက်ဖီးအသင်းကို သုံးဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲမှာ အသင်းအတွက် ဂိုးအားလုံး သွင်းယူကာ ဟက်ထရစ် ယူသွားတဲ့ တိုက်စစ်မှူး မာရှယ် တစ်ယောက် ချီးကျူးမှုများစွာ ခံယူနေရပြီး အဲဒီထဲမှာ ဂန္တဝင် တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းနဲ့ ပါ နှိုင်းယှဉ် ချီးကျူးတာ ပါဝင်နေပါတယ်။

ရှက်ဖီးဘက် သွင်းခဲ့တဲ့ ဟက်ထရစ်ဟာ မာရှယ်ရဲ့ ကစားသမား ဘ၀ ပထမဆုံး ဟက်ထရစ် ဖြစ်သလို ယူနိုက်တက် အတွက်လည်း ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၇ နှစ်တာအတွင်း ယူနိုက်တက် အသင်းသား တစ်ယောက်ရဲ့ ပထမဆုံး ဟက်ထရစ် ပြန်မြင်ရတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် လှပလွန်းတဲ့ သူ့ရဲ့ တတိယမြောက် ဂိုး အတွက် ချီးကျူးခံနေရပြီး ဘလက်ဘန်းနဲ့ ချယ်ဆီး တိုက်စစ်မှူးဟောင်း ခရစ္စ ဆက်တန်ကတော့ မာရှယ်ဟာ နစ္စတယ်ရွိုင်းလို အတို့အထိလေးတွေနဲ့ အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

” သူ့သွင်းဂိုးတွေက တကယ့် စံနမူနာ နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး သွင်းပုံတွေပါ သူက ပင်နယ်တီ ဧရိယာထဲမှာ လွန်းထိုးပြီး လှုပ်ရှားနေခဲ့တာ။ ကျနော်က ဧရိယာထဲမှာ သူ့ရဲ့ အာရုံသိစိတ်ကို စိတ်ပူနေခဲ့တာ။ သူက နောက်ပေါက် တို့တာလေးတွေ သိပ်လုပ်တယ်လေ။ ဒါပေမယ့် ဂိုးတွေ မြင်ရတော့ ဒါတွေက နစ္စတယ်ရွိုင်းလို တိုက်စစ်မှူးဆီက မျှော်လင့်ရတာမျိုးတွေပါ။ ” လို့ ဆက်တန် က သုံးသပ် ချီးကျူးခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ အစွမ်းပြခဲ့တဲ့ နာမည်ကျော် တိုက်စစ်မှူး ဖြစ်ပြီး အသင်းနဲ့ အတူ ဟက်ထရစ် ၅ ကြိမ် ယူသွားခဲ့သူ ဖြစ်ပါတယ်။ ဂိုးဧရိယာထဲမှာ အတို့အဆိတ် ထိချက်လေးတွေနဲ့ လှလှပပ သွင်းတာက သူရဲ့ အမှတ်အသား တစ်ခုလို လူသိလည်း များပါတယ်။ ဆက်တန်ကတော့ လက်ရှိ ယူနိုက်တက် မာရှယ်ကို နစ္စတယ်ရွိုင်းနဲ့ နှိုင်းယှဉ် ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ ရွက္ဖီးအသင္းကို သံုးဂိုးျပတ္ နုိင္ခဲ့တဲ့ ပြဲမွာ အသင္းအတြက္ ဂိုးအားလံုး သြင္းယူကာ ဟက္္ထရစ္ ယူသြားတဲ့ တိုက္စစ္မွဴး မာရွယ္ တစ္ေယာက္ ခ်ီးက်ဴးမႈမ်ားစြာ ခံယူေနရျပီး အဲဒီထဲမွာ ဂႏၱ၀င္ တိုက္စစ္မွဴးေဟာင္း နစၥတယ္ရြိဳင္းနဲ႕ ပါ ႏိႈင္းယွဥ္ ခ်ီးက်ဴးတာ ပါ၀င္ေနပါတယ္။

ရွက္ဖီးဘက္ သြင္းခဲ့တဲ့ ဟက္ထရစ္ဟာ မာရွယ္ရဲ႕ ကစားသမား ဘ၀ ပထမဆံုး ဟက္ထရစ္ ျဖစ္သလို ယူနိုက္တက္ အတြက္လည္း ဆာအဲလက္စ္ ဖာဂူဆန္ အနားယူျပီးေနာက္ပိုင္း ၇ နွစ္တာအတြင္း ယူနိုက္တက္ အသင္းသား တစ္ေယာက္ရဲ႕ ပထမဆံုး ဟက္ထရစ္ ျပန္ျမင္ရတာလည္း ျဖစ္ပါတယ္။

အထူးသျဖင့္ လွပလြန္းတဲ့ သူ႔ရဲ႕ တတိယေျမာက္ ဂိုး အတြက္ ခ်ီးက်ဴးခံေနရျပီး ဘလက္ဘန္းနဲ႕ ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္း ခရစၥ ဆက္တန္ကေတာ့ မာရွယ္ဟာ နစၥတယ္ရြိဳင္းလို အတို႔အထိေလးေတြနဲ႕ အဆံုးသတ္ ေကာင္းမြန္တဲ့ တိုက္စစ္မွဴး ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

” သူ႔သြင္းဂိုးေတြက တကယ့္ စံနမူနာ နံပါတ္ ၉ တိုက္စစ္မွဴး တစ္ဦး သြင္းပံုေတြပါ သူက ပင္နယ္တီ ဧရိယာထဲမွာ လြန္းထိုးျပီး လႈပ္ရွားေနခဲ့တာ။ က်ေနာ္က ဧရိယာထဲမွာ သူ႔ရဲ႕ အာရံုသိစိတ္ကို စိတ္ပူေနခဲ့တာ။ သူက ေနာက္ေပါက္ တို႔တာေလးေတြ သိပ္လုပ္တယ္ေလ။ ဒါေပမယ့္ ဂိုးေတြ ျမင္ရေတာ့ ဒါေတြက နစၥတယ္ရြိဳင္းလို တိုက္စစ္မွဴးဆီက ေမွ်ာ္လင့္ရတာမ်ိဳးေတြပါ။ ” လို႔ ဆက္တန္ က သံုးသပ္ ခ်ီးက်ဴးခဲ့ပါတယ္။

နစၥတယ္ရြိဳင္းဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ အစြမ္းျပခဲ့တဲ့ နာမည္ေက်ာ္ တိုက္စစ္မွဴး ျဖစ္ျပီး အသင္းနဲ႕ အတူ ဟက္ထရစ္ ၅ ၾကိမ္ ယူသြားခဲ့သူ ျဖစ္ပါတယ္။ ဂိုးဧရိယာထဲမွာ အတို႔အဆိတ္ ထိခ်က္ေလးေတြနဲ႕ လွလွပပ သြင္းတာက သူရဲ႕ အမွတ္အသား တစ္ခုလို လူသိလည္း မ်ားပါတယ္။ ဆက္တန္ကေတာ့ လက္ရွိ ယူနိုက္တက္ မာရွယ္ကို နစၥတယ္ရြိဳင္းနဲ႕ နိႈင္းယွဥ္ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။