ဂန်းနားတို့ ချိန်တဲ့ ဥရောပ အဟော့ဆုံး တိုက်စစ်မှုး ၂ဦး၊ ယူနိုက်တက်ပစ်မှတ် ဂိုးသမားနဲ့ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီး တိုက်စစ်မှုး ရိုမီလူ လူကာကူ ဟာ အင်တာမီလန်အသင်းထံ ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ အင်တာ အသင်း တာဝန်ရှိသူ အကြီးအကဲတွေနဲ့ အဆက်အသွယ် ပြုလုပ်နေကြောင်း သတင်းထွက်လာပါတယ်။

ဥရောပမှ အဟော့ဆုံး တိုက်စစ်မှုးတွေ ဖြစ်နေတဲ့ မာတီနက်ဇ်နဲ့ ဗစ်တာ အိုဆီမန်တို့ကို အာဆင်နယ်က ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နှစ်ယောက်လုံးကတော့ ဈေးချိုချိုနဲ့ ရမယ့်သူတွေ မဟုတ်ပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဘာကို နောက်ထပ် ကာလရှည် သက်တမ်းတိုး စာချုပ်သစ် မကမ်းလှမ်းခင် မန်နေဂျာသစ်ကို အရင် ခန့်အပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း သိရပါတယ်။

တိုက်စစ်မှုး လီဝန်ဒေါစကီးဟာ ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာဖွယ် ရှိနေပေမယ့် ဘွန်ဒစ်လီဂါ ဂန္တဝင် တိုက်စစ်မှုးကြီးဟာ မန်ချက်စတာ ယူနိုက်တက်သို့ ရောက်လာဖွယ်တော့ မရှိဘဲ ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီ သို့ သွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဂါနာရဲ့ West Africa Football Academy မှ ဆယ်ကျော်သက် အရွယ် ခံစစ်မှုးလေး အွန်နရီ အိုဝဲကို ခေါ်ယူဖို့ အခြေအနေကောင်းနေပါတယ်။

ဒီရာသီ အကုန်မှာ အာဆင်နယ်နဲ့ စာချုပ်ကုန်ဆုံးပြီး ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် တိုက်စစ်မှုး လာကာဇက်ကို ဘာစီလိုနာက ခေါ်ယူလိုနေပါတယ်။

ဝိန်း ရွန်းနီဟာ ဒါဘီအသင်းရဲ့ အနာဂတ် အတွက် ရေရာတဲ့ အစီအစဉ်တွေနဲ့ အာမခံမှုတွေ မပေးနိုင်ရင် ဒီနွေမှာ ဒါဘီ မန်နေဂျာ ရာထူးကနေ နှုတ်ထွက်ဖွယ် ရှိနေပါတယ်။

တီယာနေး ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ကစားသမားကတော့ အာဆင်နယ်မှာပဲ ဆက် နေဖို့ လိုလားနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ရက်ဘူးလ် ဆဲလ်ဘတ် ဂိုးသမား ဖိလစ် ကွန် ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဆွစ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။