ယူနိုက်တက် ပစ်မှတ်ထားခြင်း ခံနေရတဲ့ အင်္ဂလန်သား လက်စတာကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆန်ဟာ လက်ရှိကလပ်မှာပဲ အသင့်တော်ဆုံး ဖြစ်ကြောင်း လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာက သတိပေးလိုက်ပါတယ်။
ယူနိုက်တက် အငှားနဲ့ ဆက်ခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလို ဟာ ရေတို အတွက် အဆင်ပြေမယ့် အသင်း ရေရှည် အစီအစဉ်များ အတွက်ဆို လုံလောက်မှု မရှိတာကြောင့် အထောင် တိုက်စစ်မှူး တစ်ဦး ထပ်ခေါ်ဖို့ ယူနိုက်တက် စဉ်းစားသင့်ကြောင်း မိုက်ကယ်အိုဝင်က တိုက်တွန်းခဲ့ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်က ယာဂင်ကလော့ပ်ကို ဒေါ့မွန်နည်းပြ အဖြစ် ဘောလုံးဆွေးနွေးပွဲ တစ်ခုမှာ ဆုံစဥၤတည်းက ဂျာမန်သားဟာ လီဗာပူးအသင်းနဲ့ ဆို ပြီးပြည့်စုံလိုက်ဖက်မယ့် နည်းပြ ဖြစ်ကြောင်း ကြိုမြင်ခဲ့တယ်လို့ ကာရေဂါက ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ နဗီးလ်နဲ့ ဖာဒီနန်ကတော့ ခါးသီး ပြိုင်ဘက် လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားတာကြောင့် တွစ်တာမှာ ခဏပျောက်ဦးမယ် နှစ်ပတ်လောက် နေမှ ပြန်လာမယ်လို့ အရွှန်းဖောက်ကာ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း ပြိုင်ဘက် လီဗာပူး ချန်ပီယံ ဖြစ်သွားတာကို ချီးကျူးပေမယ့် အောင်ပွဲခံနေရတာ မြင်ရတာ နာကျင်မိကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အစောပိုင်းမှာ ရုန်းကန်ခဲ့ရမှုများကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်သာ အားစိုက် ကြိုးစားနေရပါတယ်။
တိုက်စစ်မှူး မာရှယ်ဟာ ရှက်ဖီးနဲ့ ပွဲမှာ ထူးချွန်စွာ ခြေစွမ်းပြခဲ့တာ မှန်ပေမယ့် အသင်းဖော် ရက်ဖို့ဒ်လို ပွဲစဉ်တိုင်း သေချာ အာရုံစိုက် ကစားဖို့ လိုသေးကြောင်း ရက်နက်က ထောက်ပြ သတိပေးခဲ့ပါတယ်။
ဘာစီလိုနာ လူငယ်တိုက်စစ်ကြယ်ပွင့်လေး ဖာတီရဲ့ ဖခင် ဖြစ်သူကတော့ သူ့သားနဲ့ ယူနိုက်တက် တို့ အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ကောလဟာလသာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက္တက္ ပစ္မွတ္ထားျခင္း ခံေနရတဲ့ အဂၤလန္သား လက္စတာကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္ဒီဆန္ဟာ လက္ရွိကလပ္မွာပဲ အသင့္ေတာ္ဆံုး ျဖစ္ေၾကာင္း လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာက သတိေပးလိုက္ပါတယ္။
ယူနိုက္တက္ အငွားနဲ႕ ဆက္ေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလို ဟာ ေရတို အတြက္ အဆင္ေျပမယ့္ အသင္း ေရရွည္ အစီအစဥ္မ်ား အတြက္ဆို လံုေလာက္မႈ မရွိတာေၾကာင့္ အေထာင္ တိုက္စစ္မွဴး တစ္ဦး ထပ္ေခၚဖို႔ ယူနုိက္တက္ စဥ္းစားသင့္ေၾကာင္း မိုက္ကယ္အို၀င္က တိုက္တြန္းခဲ့ပါတယ္။
ဆာအဲလက္စ္ ဖာဂူဆန္က ယာဂင္ကေလာ့ပ္ကို ေဒါ့မြန္နည္းျပ အျဖစ္ ေဘာလံုးေဆြးေႏြးပြဲ တစ္ခုမွာ ဆံုစဥၤတည္းက ဂ်ာမန္သားဟာ လီဗာပူးအသင္းနဲ႕ ဆို ျပီးျပည့္စံုလိုက္ဖက္မယ့္ နည္းျပ ျဖစ္ေၾကာင္း ၾကိဳျမင္ခဲ့တယ္လို႔ ကာေရဂါက ဖြင့္ဟခဲ့ပါတယ္။
ယူနုိက္တက္ ကစားသမားေဟာင္းၾကီးေတြ ျဖစ္တဲ့ နဗီးလ္နဲ႕ ဖာဒီနန္ကေတာ့ ခါးသီး ျပိဳင္ဘက္ လီဗာပူး ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္သြားတာေၾကာင့္ တြစ္တာမွာ ခဏေပ်ာက္ဦးမယ္ နွစ္ပတ္ေလာက္ ေနမွ ျပန္လာမယ္လို႔ အရႊန္းေဖာက္ကာ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားကလည္း ျပိဳင္ဘက္ လီဗာပူး ခ်န္ပီယံ ျဖစ္သြားတာကို ခ်ီးက်ဴးေပမယ့္ ေအာင္ပြဲခံေနရတာ ျမင္ရတာ နာက်င္မိေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ဟာ ဒီရာသီ အေစာပိုင္းမွာ ရုန္းကန္ခဲ့ရမႈမ်ားေၾကာင့္ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္သာ အားစိုက္ ၾကိဳးစားေနရပါတယ္။
တိုက္စစ္မွဴး မာရွယ္ဟာ ရွက္ဖီးနဲ႕ ပြဲမွာ ထူးခၽြန္စြာ ေျခစြမ္းျပခဲ့တာ မွန္ေပမယ့္ အသင္းေဖာ္ ရက္ဖို႔ဒ္လို ပြဲစဥ္တိုင္း ေသခ်ာ အာရံုစိုက္ ကစားဖို႔ လိုေသးေၾကာင္း ရက္နက္က ေထာက္ျပ သတိေပးခဲ့ပါတယ္။
ဘာစီလိုနာ လူငယ္တိုက္စစ္ၾကယ္ပြင့္ေလး ဖာတီရဲ႕ ဖခင္ ျဖစ္သူကေတာ့ သူ႔သားနဲ႕ ယူနုိက္တက္ တို႔ အေျပာင္းအေရႊ႕ သတင္းမ်ား ထြက္ေပၚခဲ့ေပမယ့္ ေကာလဟာလသာ ျဖစ္တယ္လို႔ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။