ချယ်ဆီးနဲ့ ရင်ဆိုင်ဖို့ ချေးဝဲလ် တွေဝေနေမှာ မဟုတ်ကြောင်း ရော်ဂျာ သတိပေးစကား ဆို

ချယ်ဆီးအသင်းရဲ့ ပစ်မှတ်ထား ချိတ်ဆက်ခြင်း ခံနေရပေမယ့် လက်စတာ ခံစစ်မှူး ဘန် ချေးဝဲလ်ဟာ လန်ဒန်ကလပ်ကို ရင်ဆိုင် ကစားဖို့ တွေဝေနေတာမျိုး ရှိမှာ မဟုတ်ကြောင်း နည်းပြ ဘရန်ဒန်ရော်ဂျာက အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်ခင်မှာ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်သား ဘယ်စွန် ခံစစ်မှူး ချေးဝဲလ် ကို ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က နှစ်ခြိုက် သဘောကျပြီး ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ လက်စတာအသင်း ကတော့ သူတို့ ကစားသမား အတွက် ပေါင် သန်း ၈၀ လောက် အလိုရှိနေပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတဲ့ အချိန်မှာ ချေးဝဲလ်က ဝက်ဖို့ဒ်နဲ့ ပွဲမှာ ပြန် ပါဝင် ကစားနေပြီ ဖြစ်ပြီး အဲဒီပွဲမှာ တစ်ဂိုးပါ သွင်းယူခဲ့ပါတယ်။ ထိုဂိုးက သူ့အတွက် ဒီရာသီ တတိယမြောက် ဂိုးလည်း ဖြစ်ပါတယ်။

ချေးဝဲလ် ခြေစွမ်းကောင်းနေပေမယ့် သူ့ကို အလိုရှိနေတဲ့ ချယ်ဆီးအသင်းနဲ့ အတွေ့မှာ အစွမ်းပြနိုင်ပါ့မလား မေးခွန်းထုတ်မှုတွေ ရှိနေသော်လည်း ရော်ဂျာကတော့ အေးအေး ဆေးဆေး ရှိနေပါတယ်။

” ကျနော်ကတော့ စိုးရိမ်မှုတွေ ရှိမနေပါဘူး။ အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ ဒီလို သတင်းတွေက ဒီဘောလုံးလောကမှာ ထွက်နေကျပဲ။ ဘန်က အခုဆို အတွေ့အကြုံ ကောင်းတွေ ရှိနေပြီ ဒါတွေကို ရင်ဆိုင်နိုင်ပါတယ်။ ဒါက ဘောလုံးရဲ့ တစိတ်တဒေသပဲလေ။ ပွဲတွေ ပြန်စတော့ သူ့ ပုံစံကလည်း သိပ်ကောင်းနေတယ်။ လုံး၀ လန်းလန်း ဆန်းဆန်းပဲ။ ” လို့ ရော်ဂျာက ပြောဆိုခဲ့ပါတယ်။

နည်းပြ ဘရန်ဒန်ရော်ဂျာဟာ သူ့ရဲ့ အသင်းနည်းပြ သက်တမ်းတလျောက်မှာ ချယ်ဆီး ကို မနိုင်ဖူးသေးတဲ့ မှတ်တမ်းဆိုး ရှိနေပါတယ်။ သူ့ရဲ့ နည်းပြ သက်တမ်း ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီး၊ လီဗာပူးနဲ့ ဆဲလ်တစ် အသင်းတို့ကို ကိုင်တွယ်ဖူးပေမယ့် ချယ်ဆီးအသင်းကို တစ်ကြိမ်မှာ မနိုင်ဖူးတာပါ။ ၎င်းကတော့ ဒီတစ်ကြိမ် ပွဲမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ပစ္မွတ္ထား ခ်ိတ္ဆက္ျခင္း ခံေနရေပမယ့္ လက္စတာ ခံစစ္မွဴး ဘန္ ေခ်း၀ဲလ္ဟာ လန္ဒန္ကလပ္ကို ရင္ဆိုင္ ကစားဖို႕ ေတြေ၀ေနတာမ်ိဳး ရွိမွာ မဟုတ္ေၾကာင္း နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ပြဲစဥ္ မတိုင္ခင္မွာ သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

အဂၤလန္သား ဘယ္စြန္ ခံစစ္မွဴး ေခ်း၀ဲလ္ ကို ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က နွစ္ျခိဳက္ သေဘာက်ျပီး ေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ လက္စတာအသင္း ကေတာ့ သူတို႔ ကစားသမား အတြက္ ေပါင္ သန္း ၈၀ ေလာက္ အလိုရွိေနပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတဲ့ အခ်ိန္မွာ ေခ်း၀ဲလ္က ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ျပန္ ပါ၀င္ ကစားေနျပီ ျဖစ္ျပီး အဲဒီပြဲမွာ တစ္ဂိုးပါ သြင္းယူခဲ့ပါတယ္။ ထိုဂိုးက သူ႔အတြက္ ဒီရာသီ တတိယေျမာက္ ဂိုးလည္း ျဖစ္ပါတယ္။

ေခ်း၀ဲလ္ ေျခစြမ္းေကာင္းေနေပမယ့္ သူ႔ကို အလိုရွိေနတဲ့ ခ်ယ္ဆီးအသင္းနဲ႕ အေတြ႔မွာ အစြမ္းျပနိုင္ပါ့မလား ေမးခြန္းထုတ္မႈေတြ ရွိေနေသာ္လည္း ေရာ္ဂ်ာကေတာ့ ေအးေအး ေဆးေဆး ရွိေနပါတယ္။

” က်ေနာ္ကေတာ့ စိုးရိမ္မႈေတြ ရွိမေနပါဘူး။ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္တဲ့ ဒီလို သတင္းေတြက ဒီေဘာလံုးေလာကမွာ ထြက္ေနက်ပဲ။ ဘန္က အခုဆို အေတြ႔အၾကံဳ ေကာင္းေတြ ရွိေနျပီ ဒါေတြကို ရင္ဆိုင္နုိင္ပါတယ္။ ဒါက ေဘာလံုးရဲ႕ တစိတ္တေဒသပဲေလ။ ပြဲေတြ ျပန္စေတာ့ သူ႔ ပံုစံကလည္း သိပ္ေကာင္းေနတယ္။ လံုး၀ လန္းလန္း ဆန္းဆန္းပဲ။ ” လို႔ ေရာ္ဂ်ာက ေျပာဆိုခဲ့ပါတယ္။

နည္းျပ ဘရန္ဒန္ေရာ္ဂ်ာဟာ သူ႔ရဲ႕ အသင္းနည္းျပ သက္တမ္းတေလ်ာက္မွာ ခ်ယ္ဆီး ကို မနုိင္ဖူးေသးတဲ့ မွတ္တမ္းဆိုး ရွိေနပါတယ္။ သူ႔ရဲ႕ နည္းျပ သက္တမ္း ၀က္ဖို႕ဒ္၊ ရက္ဒင္း၊ ဆြမ္ဆီး၊ လီဗာပူးနဲ႕ ဆဲလ္တစ္ အသင္းတို႔ကို ကိုင္တြယ္ဖူးေပမယ့္ ခ်ယ္ဆီးအသင္းကို တစ္ၾကိမ္မွာ မနိုင္ဖူးတာပါ။ ၄ငး္ကေတာ့ ဒီတစ္ၾကိမ္ ပြဲမွာ အေကာင္းဆံုး ၾကိဳးစားသြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။