ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် စိန်ခေါ်ဖို့ တစ်နေရာတည်း အင်အားဖြည့်ဖို့ လိုအပ်နေတာပါ – ဖီးလ်နဗီး

မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့လို ပရီးမီးယားလိဂ်ဖလား ကောင်းစွာ စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာဖို့ အင်အားဖြည့်စရာ တစ်နေရာ တည်းသာ လိုအပ်တော့တယ်လို့ သရဲနီဟောင်း ဖီးလ်နဗီး က သုံးသပ် ပြောဆိုခဲ့ပါတယ်။

နည်းပြ ဆိုးရှားရဲ့ စီမံမှုမှာ ယူနိုက်တက်က အရှိန်ကောင်းများ ပြန်ရနေပြီ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက်လည်း မျှော်လင့်ချက်ကောင်းတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေက မက်ဂွဲရားကို ပေါင် သန်း ၈၀ သုံး ခေါ်ယူလိုက်တာကြောင့် သက်ရောက်မှုကြီး ရှိခဲ့ပြီး တိုးတက်မှုတွေ ရှိလာတယ်လို့ နဗီးက ဆိုပါတယ်။

မက်ဂွဲရားနဲ့ တွဲဖက်နိုင်မယ့် ဗဟိုခံစစ်ကောင်း တစ်ယောက်သာ ခေါ်လိုက်ရင် မန်ချက်စတာ ယူနိုက်တက် အသင်းက ပြည့်စုံပြီလို့ ၎င်းက ယုံကြည်နေပါတယ်။

” နောက်ထပ် တစ်နေရာပဲ လိုတယ် လို့ ကျနော် ထငတယ်။ ဗဟိုခံစစ် ကောင်းကောင်း တစ်ယောက်၊ ဗန်ဒိုက်ရဲ့ သက်ရောက်မှုကြီး ဘယ်လောက် ရှိတယ်ဆိုတာ မြင်ကြမှာပါ။ မက်ဂွဲရားကလည်း လုံး၀ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ် ဒါပေမယ့် သူနဲ့ တွဲဖက်ဖို့ တည်ငြိမ်တဲ့ ခံစစ် တစ်ဦး လိုဦးမယ်။ ခံစစ်မှာ ပိုပြီး ကျစ်လစ်ဖို့ လိုအပ်ချက် ရှိသေးတယ် ကျနော်ထင်တယ်။ အဲဒီ တစ်နေရာ ဖြည့်ဆည်းနိုင်ရင် ယူနိုက်တက်က ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ပါပြီ။ ” လို့ ဖီးလ် နဗီးက ဆိုပါတယ်။

ယူနိုက်တက်ဟာ ခံစစ်မှာ မက်ဂွဲရားကို အဓိက အားပြု နေပေမယ့် ပွဲဆက် ကစားနေရတဲ့ အခြေအနေ ကြောင့် လာမယ့်ပွဲမှာ အဓိက ကစားသမား တချို့ အနားပေးတာတွေ ပြုလုပ်ဦးမယ်လို့ နည်းပြ ဆိုးရှားက ပြောဆိုထားပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့များမှာ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေ ကိုလည်း ရေရှည် စောင့်ကြည့် ပစ်မှတ်ထားခဲ့ပြီး အဆင်မပြေတာကြောင့် မက်ဂွဲရားကို ခေါ်ယူဖြစ်ခဲ့တာ ဖြစ်ပြီး ဒီနွေမှာတော့ ကူလီဘိုင်လေကို ပြန်ကြိုးစားနိုင်ခြေ ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လီဗာပူးနဲ႕ မန္စီးတီးအသင္းတို႔လို ပရီးမီးယားလိဂ္ဖလား ေကာင္းစြာ စိန္ေခၚနုိင္တဲ့ အသင္း ျဖစ္လာဖို႔ အင္အားျဖည့္စရာ တစ္ေနရာ တည္းသာ လိုအပ္ေတာ့တယ္လို႔ သရဲနီေဟာင္း ဖီးလ္နဗီး က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

နည္းျပ ဆိုးရွားရဲ႕ စီမံမႈမွာ ယူနိုက္တက္က အရွိန္ေကာင္းမ်ား ျပန္ရေနျပီ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာအတြက္လည္း ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ရွိေနပါတယ္။ ျပီးခဲ့တဲ့ ေႏြက မက္ဂြဲရားကို ေပါင္ သန္း ၈၀ သံုး ေခၚယူလိုက္တာေၾကာင့္ သက္ေရာက္မႈၾကီး ရွိခဲ့ျပီး တိုးတက္မႈေတြ ရွိလာတယ္လို႔ နဗီးက ဆိုပါတယ္။

မက္ဂြဲရားနဲ႕ တြဲဖက္နုိင္မယ့္ ဗဟိုခံစစ္ေကာင္း တစ္ေယာက္သာ ေခၚလိုက္ရင္ မန္ခ်က္စတာ ယူနုိက္တက္ အသင္းက ျပည့္စံုျပီလို႔ ၄င္းက ယံုၾကည္ေနပါတယ္။

” ေနာက္ထပ္ တစ္ေနရာပဲ လိုတယ္ လို႔ က်ေနာ္ ထငတယ္။ ဗဟိုခံစစ္ ေကာင္းေကာင္း တစ္ေယာက္၊ ဗန္ဒိုက္ရဲ႕ သက္ေရာက္မႈၾကီး ဘယ္ေလာက္ ရွိတယ္ဆိုတာ ျမင္ၾကမွာပါ။ မက္ဂြဲရားကလည္း လံုး၀ ၾကီးမားတဲ့ သက္ေရာက္မႈ ရွိခဲ့ပါတယ္ ဒါေပမယ့္ သူနဲ႔ တြဲဖက္ဖို႔ တည္ျငိမ္တဲ့ ခံစစ္ တစ္ဦး လိုဦးမယ္။ ခံစစ္မွာ ပိုျပီး က်စ္လစ္ဖို႔ လိုအပ္ခ်က္ ရွိေသးတယ္ က်ေနာ္ထင္တယ္။ အဲဒီ တစ္ေနရာ ျဖည့္ဆည္းနုိင္ရင္ ယူနုိက္တက္က ပရီးမီးယားလိဂ္ စိန္ေခၚနုိင္ပါျပီ။ ” လို႔ ဖီးလ္ နဗီးက ဆိုပါတယ္။

ယူနိုက္တက္ဟာ ခံစစ္မွာ မက္ဂြဲရားကို အဓိက အားျပဳ ေနေပမယ့္ ပြဲဆက္ ကစားေနရတဲ့ အေျခအေန ေၾကာင့္ လာမယ့္ပြဲမွာ အဓိက ကစားသမား တခ်ိဳ႕ အနားေပးတာေတြ ျပဳလုပ္ဦးမယ္လို႔ နည္းျပ ဆိုးရွားက ေျပာဆိုထားပါတယ္။

ယူနုိက္တက္ဟာ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕မ်ားမွာ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလ ကိုလည္း ေရရွည္ ေစာင့္ၾကည့္ ပစ္မွတ္ထားခဲ့ျပီး အဆင္မေျပတာေၾကာင့္ မက္ဂြဲရားကို ေခၚယူျဖစ္ခဲ့တာ ျဖစ္ျပီး ဒီေႏြမွာေတာ့ ကူလီဘိုင္ေလကို ျပန္ၾကိဳးစားနိုင္ေျခ ရွိေနပါတယ္။