ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လက်ရှိမှာ ပြိုင်ဘက်ကောင်းတွေ အရမ်းများလာတဲ့အတွက် ယူနိုက်တက် အနေနဲ့ ဆုဖလားရရှိဖို့က အရင်ကလို မဟုတ်ဘဲ ပိုမိုခက်ခဲလာခဲ့ပြီ ဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ပြန်လည် စိန်ခေါ်နိုင်ဖို့ အတွက် ယူနိုက်တက် ဖြည့်ဆည်းဖို့ လိုအပ်တာက မက်ဂွဲရားနဲ့ ဒေါင်ဒေါင်မြည် တွဲ ကစားနိုင်မယ့် ဗဟိုခံစစ်မှူးကောင်း တစ်ဦးသာ လိုအပ်တယ်လို့ ဖီးလ်နဗီးက သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ်မှာ ခြေစွမ်းပြပေမယ့် အဆင်မပြေမှုတွေ ရှိနေတဲ့ ပြင်သစ်သား ကွင်းလယ် ကြယ်ပွင့် ဂွမ်ဒူဇီကို ဥရောပထိပ်သီး အသင်းတွေ မျက်စိကျနေပြီး ယူနိုက်တက် လည်း ပါဝင်လာပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မှာ နောဝစ်ချ် အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။ ဒီပွဲမှာတော့ အရင်ပွဲများမှာ ချန်လှပ်ထားဖြစ်တဲ့ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို ထုတ်သုံးသွားမယ်လို့ ဆိုးရှားက အတည်ပြု ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အပြောင်းရွှေ့ ကာလများ ဆက်တိုက် ယူနိုက်တက် ချိတ်ဆက် ကြိုးပမ်းခဲ့တဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေဟာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းထံ ရောက်ရှိဖို့ များနေကြောင်း ရေပန်းစားလာပါတယ်။
ပြိုင်ဘက်အသင်းကြီး ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားတဲ့ လီဗာပူးအသင်းအတွက် ဂုဏ်ယူပါကြောင်း ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဂုဏ်ပြုလွှာပို့ပေးခဲ့ပါတယ်။
လာမယ့် အပြောင်းအရွှေ့ အတွက် ကစားသမား ချိတ်ဆက်မှုတွေနဲ့ လှုပ်ရှားမှုတွေ ရှိနေပြီ ဖြစ်သော်လည်း အသုံးစရိတ် ဘယ်လောက် ရမယ်ဆိုတာ အတိအကျ မသိသေးကြောင်း ဆိုးရှားက ထုတ်ဖော်ဝန်ခံလာပါတယ်။
Zawgyi – ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ လက္ရွိမွာ ၿပိဳင္ဘက္ေကာင္းေတြ အရမ္းမ်ားလာတဲ့အတြက္ ယူနိုက္တက္ အေနနဲ႔ ဆုဖလားရရွိဖို႔က အရင္ကလို မဟုတ္ဘဲ ပိုမိုခက္ခဲလာခဲ့ၿပီ ျဖစ္တယ္လို႔ ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါတယ္။
ပရီးမီးယားလိဂ္မွာ ျပန္လည္ စိန္ေခၚနုိင္ဖို႔ အတြက္ ယူနိုက္တက္ ျဖည့္ဆည္းဖို႔ လိုအပ္တာက မက္ဂြဲရားနဲ႕ ေဒါင္ေဒါင္ျမည္ တြဲ ကစားနုိင္မယ့္ ဗဟိုခံစစ္မွဴးေကာင္း တစ္ဦးသာ လိုအပ္တယ္လို႕ ဖီးလ္နဗီးက သံုးသပ္ခဲ့ပါတယ္။
အာဆင္နယ္မွာ ေျခစြမ္းျပေပမယ့္ အဆင္မေျပမႈေတြ ရွိေနတဲ့ ျပင္သစ္သား ကြင္းလယ္ ၾကယ္ပြင့္ ဂြမ္ဒူဇီကို ဥေရာပထိပ္သီး အသင္းေတြ မ်က္စိက်ေနျပီး ယူနိုက္တက္ လည္း ပါ၀င္လာပါတယ္။
ယူနိုက္တက္ဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ အဆင့္မွာ ေနာ၀စ္ခ်္ အသင္းနဲ႕ ထိပ္တိုက္ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာပါ။ ဒီပြဲမွာေတာ့ အရင္ပြဲမ်ားမွာ ခ်န္လွပ္ထားျဖစ္တဲ့ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကို ထုတ္သံုးသြားမယ္လို႔ ဆိုးရွားက အတည္ျပဳ ေျပာဆိုထားပါတယ္။
ျပီးခဲ့တဲ့ အေျပာင္းေရႊ႕ ကာလမ်ား ဆက္တိုက္ ယူနုိက္တက္ ခ်ိတ္ဆက္ ၾကိဳးပမ္းခဲ့တဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလဟာ ယူနိုက္တက္ရဲ႕ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီး အသင္းထံ ေရာက္ရွိဖို႔ မ်ားေနေၾကာင္း ေရပန္းစားလာပါတယ္။
ျပိဳင္ဘက္အသင္းၾကီး ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္သြားတဲ့ လီဗာပူးအသင္းအတြက္ ဂုဏ္ယူပါေၾကာင္း ယူနုိက္တက္ ဂႏၱ၀င္နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္က ဂုဏ္ျပဳလႊာပို႔ေပးခဲ့ပါတယ္။
လာမယ့္ အေျပာင္းအေရႊ႕ အတြက္ ကစားသမား ခ်ိတ္ဆက္မႈေတြနဲ႕ လႈပ္ရွားမႈေတြ ရွိေနျပီ ျဖစ္ေသာ္လည္း အသံုးစရိတ္ ဘယ္ေလာက္ ရမယ္ဆိုတာ အတိအက် မသိေသးေၾကာင္း ဆိုးရွားက ထုတ္ေဖာ္၀န္ခံလာပါတယ္။