စတာလင်နဲ့ ဆာလက်တို့လို တောက်ပလာမယ့် ချယ်ဆီးအသင်းသားကို လမ်းပတ် ထုတ်ပြော

UNICODE – ချယ်ဆီးမန်နေဂျာ လမ်းပတ်က ပူလီဆစ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တောင်ပံသမားတွေဖြစ်တဲ့ စတာလင်၊ ဆာလက်နဲ့ မာနေးတို့လို အဆင့်အတန်းကို ရောက်လာဖို့ စိန်ခေါ်မှု လုပ်သွားပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်ကတည်းက အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားက ချယ်ဆီးအတွက် အတော်လေး ခြေစွမ်း ပြနေသူဖြစ်တယ်။ အမေရိကန် လက်ရွေးစင်ဟာ ရာသီပထမဝက်လောက်မှာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် အခုချိန်မှာတော့ ထိပ်တန်း ခြေစွမ်းတွေ အလားအလာကောင်းတွေကို တောက်လျှောက်ပြသလာခဲ့ပြီ ဖြစ်ပါတယ်။

လမ်းပတ်က ပြောရာမှာ ” သူက ထိပ်တန်း အကျော်အမော် ကစားသမား ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်။ ဂျာမနီမှာ အသက်ငယ်ငယ်နဲ့တင် သူက ထွန်းတောက်လာခဲ့တာဖြစ်ပြီး ကြီးမားတဲ့ အသင်းပြောင်းမှုကိုလည်း သူလုပ်ခဲ့တယ်။ မျှော်လင့်ချက်တွေက တကယ်ကို စွန့်စားရာ ကျပေမယ့် သူ့အသက်အရွယ်မှာတင် စဉ်းစားဖို့လိုတဲ့ ကိစ္စကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပူလီဆစ်ရဲ့ အရည်အချင်းကို ကျနေ်ာတို့က လုံးဝ သံသယ မရှိပါဘူး။ သူ အများကြီး တိုးတက်လာတယ်ဆိုတာ ကျနေ်ာတို့ မြင်နိုင်ပါတယ်။ ဒီအချိန်တေါက သူက အရမ်းကို ဆာလောင်နေပြီး ဒဏ်ရာရနေစဉ် မကစားခဲ့ရတဲ့ ပွဲမိနစ်တွေကို လွှမ်းနေတာပါ။

သူ့အနားတစ်ဝိုက်က ကစားသမားတွေကို ကြည့်မယ်ဆိုရင် သူက တိုးတက်မှုကို လုပ်ဆောင်နိုင်မှာပါ။ သူက စတာလင်လို တောင်ပံ ဧရိယာတွေကနေ ဂိုးတွေ သွင်းယူနိုင်တယ်။ နောက်ပြီး ဆာလက်တို့ မာနေးတို့လိုပေါ့။ သူက အလုပ်ကို ဘယ်လို လုပ်ရမလဲဆိုတာကိုလည်း နားလည်တယ်။ ထူးချွန်တဲ့ အလားအလာကောင်းတွေလည်း ပိုင်ဆိုင်ထားပြီး ထိပ်တန်း ကစားသမားတွေလို အဆင့်အတန်းကို ရောက်ဖို့ လိုပါတယ်။

ဒီအချိန်တွေမှာ သူ့ရဲ့ ခြေစွမ်းကို ကျနော် အထင်ကြီးမိပါတယ်။ သူက နေ့တိုင်းမှာ ကြိုးစားနေပြီး သူ့ ရောက်နိုင်သလောက် အမြင့်ဆုံး အဆင့်ကို တက်လှမ်းလိုနေတာပါ ” လို့ ချီးကျူးခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ပူလီဆစ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ေတာင္ပံသမားေတြျဖစ္တဲ့ စတာလင္၊ ဆာလက္နဲ႔ မာေနးတို႔လို အဆင့္အတန္းကို ေရာက္လာဖို႔ စိန္ေခၚမႈ လုပ္သြားပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္ကတည္းက အသက္ ၂၁ နွစ္အရြယ္ တိုက္စစ္သမားက ခ်ယ္ဆီးအတြက္ အေတာ္ေလး ေျခစြမ္း ျပေနသူျဖစ္တယ္။ အေမရိကန္ လက္ေရြးစင္ဟာ ရာသီပထမဝက္ေလာက္မွာ ၾကံ႕ခိုင္မႈဆုိင္ရာ ျပႆနာေတြနဲ႔ ရုန္းကန္ေနရေပမယ့္ အခုခ်ိန္မွာေတာ့ ထိပ္တန္း ေျခစြမ္းေတြ အလားအလာေကာင္းေတြကို ေတာက္ေလွ်ာက္ျပသလာခဲ့ျပီ ျဖစ္ပါတယ္။

လမ္းပတ္က ေျပာရာမွာ ” သူက ထိပ္တန္း အေက်ာ္အေမာ္ ကစားသမား ျဖစ္လာႏုိင္တယ္လို႔ က်ေနာ္ထင္တယ္။ ဂ်ာမနီမွာ အသက္ငယ္ငယ္နဲ႔တင္ သူက ထြန္းေတာက္လာခဲ့တာျဖစ္ျပီး ၾကီးမားတဲ့ အသင္းေျပာင္းမႈကိုလည္း သူလုပ္ခဲ့တယ္။ ေမွ်ာ္လင့္ခ်က္ေတြက တကယ္ကို စြန္႔စားရာ က်ေပမယ့္ သူ႔အသက္အရြယ္မွာတင္ စဥ္းစားဖို႔လိုတဲ့ ကိစၥကို လုပ္ခဲ့တာ ျဖစ္ပါတယ္။

ပူလီဆစ္ရဲ႕ အရည္အခ်င္းကို က်ေန္ာတုိ႔က လံုးဝ သံသယ မရွိပါဘူး။ သူ အမ်ားၾကီး တိုးတက္လာတယ္ဆိုတာ က်ေန္ာတို႔ ျမင္ႏုိင္ပါတယ္။ ဒီအခ်ိန္ေတါက သူက အရမ္းကို ဆာေလာင္ေနျပီး ဒဏ္ရာရေနစဥ္ မကစားခဲ့ရတဲ့ ပြဲမိနစ္ေတြကို လႊမ္းေနတာပါ။

သူ႔အနားတစ္ဝိုက္က ကစားသမားေတြကို ၾကည့္မယ္ဆိုရင္ သူက တိုးတက္မႈကို လုပ္ေဆာင္ႏုိင္မွာပါ။ သူက စတာလင္လို ေတာင္ပံ ဧရိယာေတြကေန ဂိုးေတြ သြင္းယူႏုိင္တယ္။ ေနာက္ျပီး ဆာလက္တုိ႔ မာေနးတို႔လိုေပါ့။ သူက အလုပ္ကို ဘယ္လို လုပ္ရမလဲဆိုတာကိုလည္း နားလည္တယ္။ ထူးခၽြန္တဲ့ အလားအလာေကာင္းေတြလည္း ပိုင္ဆုိင္ထားျပီး ထိပ္တန္း ကစားသမားေတြလို အဆင့္အတန္းကို ေရာက္ဖို႔ လိုပါတယ္။

ဒီအခ်ိန္ေတြမွာ သူ႔ရဲ႕ ေျခစြမ္းကို က်ေနာ္ အထင္ၾကီးမိပါတယ္။ သူက ေန႔တိုင္းမွာ ၾကိဳးစားေနျပီး သူ႔ ေရာက္ႏုိင္သေလာက္ အျမင့္ဆံုး အဆင့္ကို တက္လွမ္းလိုေနတာပါ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။