ဆန်ချိုကြောင့် ဒီနွေမှာ ယူနိုက်တက်ကို ပြောင်းဖို့ ငြင်းဆန်လိုက်တဲ့ အင်္ဂလန်ကြယ်ပွင့်

UNICODE – ယူနိုက်တက်ဟာ ဘာမင်ဂမ်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ပထမအသင်းမှာ နေရာပေးမယ်ဆိုတဲ့ မက်လုံးအပြင် အခြားသော စည်းရုံးမှုတွေ လုပ်ပေမယ့် ကစားသမားကတော့ ငြင်းဆန်သွားတော့မယ်လို့ သိရပါတယ်။

ဘယ်လင်ဟမ်ရဲ့ ဖခင်ဖြစ်သူ မက်က ကစားသမားလေးဟာ ဒီနွေမှာ ယူနိုက်တက်ကို ပြောင်းဖို့ထက် ဒေါ့မွန်အသင်းကိုပဲ ပြောင်းလိုနေတယ်လို့ သိရတယ်။ အထူးသဖြင့် ဒေါ့မွန်မှာ ဂျော်ဒန်ဆန်ချိုရဲ့ နေရာရမှုနဲ့ ပွဲကစားခွင့်တွေက ဘယ်လင်ဟမ်ကို အထင်ကြီးမှုတွေ ဖြစ်စေခဲ့တယ်လို့ အဆိုပါ ဒေးလီးမေလ်းသတင်းက ဖော်ပြထားပါတယ်။

ဘာမင်ဂမ်အသင်းနဲ့ တောက်ပလာတဲ့ ဘယ်လင်ဟမ်ဟာ အသက် ၁၆ နှစ်အရွယ်ပဲ ရှိသေးပေမယ့် ချန်ပီယံရှစ်ကလပ်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၅ ပွဲထိ ကစားထားသူပါ။ ယူနိုက်တက်ဘက်က ပေးတဲ့ မက်လုံးမှာ သူ့ကို လက်မှတ်ထိုးပြီးရင် အကယ်ဒမီနဲ့ လူငယ်အသင်းတွေကို ပို့မှာမဟုတ်ဘဲ စီနီယာအသင်းသားတွေနဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ပေးမှာဖြစ်တယ်။

ကာရင်တန်လေ့ကျင့်ရေးကို ကစားသမားနဲ့ မိဘဖြစ်သူတွေ လာရောက်ခဲ့စဉ်မှာ ဂန္တဝင်မန်နေဂျာကြီး ဆာအဲလက်စ်ကိုယ်တိုင်က တွေ့ဆုံခဲ့တာတွေ ရှိထားပါတယ်။ ဘာမင်ဂမ်ကတော့ ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ရလိုနေပါတယ်။

ယူနိုက်တက်ဟာ ငွေကြေးလည်ပတ်မှုဆိုင်ရာ ဆင်ဒီကိတ် (RCF) မှာရှိတဲ့ ပေါင် သန်း ၁၅၀ ထဲက ဈေးကွက်မှာ သုံးဖို့ ရည်ရွယ်ပြီး ပေါင် သန်း ၁၄၀ ကို ထုတ်ချေးထားတာဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာဆိုးရှားက နွေဈေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်နိုင်ပမလား မသေချာဘူးလို့ ဝန်ခံထားပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဘာမင္ဂမ္လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ေခၚယူႏုိင္မယ္ဆိုရင္ ပထမအသင္းမွာ ေနရာေပးမယ္ဆိုတဲ့ မက္လံုးအျပင္ အျခားေသာ စည္းရံုးမႈေတြ လုပ္ေပမယ့္ ကစားသမားကေတာ့ ျငင္းဆန္သြားေတာ့မယ္လို႔ သိရပါတယ္။

ဘယ္လင္ဟမ္ရဲ႕ ဖခင္ျဖစ္သူ မက္က ကစားသမားေလးဟာ ဒီေႏြမွာ ယူႏုိက္တက္ကို ေျပာင္းဖို႔ထက္ ေဒါ့မြန္အသင္းကိုပဲ ေျပာင္းလိုေနတယ္လို႔ သိရတယ္။ အထူးသျဖင့္ ေဒါ့မြန္မွာ ေဂ်ာ္ဒန္ဆန္ခ်ိဳရဲ႕ ေနရာရမႈနဲ႔ ပြဲကစားခြင့္ေတြက ဘယ္လင္ဟမ္ကို အထင္ၾကီးမႈေတြ ျဖစ္ေစခဲ့တယ္လို႔ အဆိုပါ ေဒးလီးေမလ္းသတင္းက ေဖာ္ျပထားပါတယ္။

ဘာမင္ဂမ္အသင္းနဲ႔ ေတာက္ပလာတဲ့ ဘယ္လင္ဟမ္ဟာ အသက္ ၁၆ ႏွစ္အရြယ္ပဲ ရွိေသးေပမယ့္ ခ်န္ပီယံရွစ္ကလပ္အတြက္ ဒီရာသီမွာ ျပိဳင္ပြဲစံု ၃၅ ပြဲထိ ကစားထားသူပါ။ ယူႏုိက္တက္ဘက္က ေပးတဲ့ မက္လံုးမွာ သူ႔ကို လက္မွတ္ထိုးျပီးရင္ အကယ္ဒမီနဲ႔ လူငယ္အသင္းေတြကို ပို႔မွာမဟုတ္ဘဲ စီနီယာအသင္းသားေတြနဲ႔ ပြဲထြက္ခြင့္အတြက္ ယွဥ္ျပိဳင္ခြင့္ေပးမွာျဖစ္တယ္။

ကာရင္တန္ေလ့က်င့္ေရးကို ကစားသမားနဲ႔ မိဘျဖစ္သူေတြ လာေရာက္ခဲ့စဥ္မွာ ဂႏၱဝင္မန္ေနဂ်ာၾကီး ဆာအဲလက္စ္ကိုယ္တိုင္က ေတြ႔ဆံုခဲ့တာေတြ ရွိထားပါတယ္။ ဘာမင္ဂမ္ကေတာ့ ဘယ္လင္ဟမ္ အတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၅ သန္း ရလိုေနပါတယ္။

ယူႏုိက္တက္ဟာ ေငြေၾကးလည္ပတ္မႈဆိုင္ရာ ဆင္ဒီကိတ္ (RCF) မွာရွိတဲ့ ေပါင္ သန္း ၁၅၀ ထဲက ေစ်းကြက္မွာ သံုးဖို႔ ရည္ရြယ္ျပီး ေပါင္ သန္း ၁၄၀ ကို ထုတ္ေခ်းထားတာျဖစ္တယ္။ ဒါေပမယ့္ မန္ေနဂ်ာဆိုးရွားက ေႏြေစ်းကြက္ထဲ အလံုးအရင္းနဲ႔ ဝင္ႏုိင္ပမလား မေသခ်ာဘူးလို႔ ဝန္ခံထားပါတယ္။