အေဂျက်ကြောင့် ချယ်ဆီးအသင်းရဲ့ ဘန်ချေးဝဲလ် ကို ခေါ်ယူရေး မျှော်လင့်ချက် အားကောင်းလာ

လာမယ့် အပြောင်းအရွှေ့မှာ လက်စတာ ဘယ်စွန်ခံစစ်မှူး ဘန်ချေးဝဲလ်ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းရဲ့ မျှော်လင့်ချက်တွေ အားကောင်း လာစေမယ့် အတည်ပြုမှုမျိုးကို အေဂျက်က ကြားဖြတ် ပြုလုပ်သွားပါတယ်။ အဲဒါကတော့ ချေးဝဲလ်ကို လက်လွှတ်ရရင် အစားထိုးဖို့ ကစားသမား ရှာဖွေနေတဲ့ လက်စတာရဲ့ ပစ်မှတ် ခံစစ်မှူး တဂ်လီရာဖီဂို ကို အေဂျက်က ထွက်ခွာခွင့် ပြုမှာ ဖြစ်ပါတယ်။

ဘန်ချေးဝဲလ်ကို လက်မလွှတ်ဘူး တင်းခံနေတဲ့ လက်စတာ အနေနဲ့လည်း အစားထိုးဖို့ စိတ်ကြိုက် ကစားသမား ရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ကောင်းနဲ့ အင်္ဂလန်သားကို လက်လွှတ်ဖို့ အလားအလာ များနေပါတယ်။ ဘရန်ဒန် ရော်ဂျာက အေဂျက် ခံစစ်မှူး တဂ်လီရာဖီဂို ရဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီး အာဂျင်တိုင်းသားကို ရမယ်ဆိုရင် ခေါ်ဖို့ အသင့် ရှိနေတာပါ။

တဂ်လီရာဖီဂို ကို တကယ်တော့ ချယ်ဆီးကလည်း ချေးဝဲလ်ကို မရရင် လှုပ်ရှားဖို့ စောင့်ကြည့်နေပြီး ၎င်းကို အာဆင်နယ်ကလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အေဂျက် နည်းပြ တန်ဟက်ကတော့ သူ့ ကစားသမားကို ထွက်ခွာခွင့် ပြုမယ် အတည်ပြုလိုက်တာကြောင့် အာဆင်နယ်နဲ့ လက်စတာတို့ အဓိက အားပြိုင်ဖို့ ရှိပြီး ချေးဝဲလ် ရောင်းရငွေ သေချာရင်တော့ လက်စတာက ပို အရေးသာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား အနေနဲ့လည်း ချန်ပီယံလိဂ် ကစားခွင့် ရဖွယ် ရှိတဲ့ လက်စတာကို ပို အလေးပေးဖွယ် ရှိနေတာပါ။

” အိုနာနာနဲ့ ဗန်ဒါဘိတို့ကတော့ အေဂျက်မှာ နောက်တစ်နှစ် ဆက်နေဖွယ် ရှိပါသေးတယ်။ တဂ်လီရာဖီဂို ကတော့ အသက်အရွယ် အရ အခြေအနေ မတူပါဘူး။ ဒီတော့ သူ့ကို လက်လွှတ်ဖို့ ကျနော်တို့ ပြင်ဆင်နေရပါတယ်။ ” လို့ အေဂျက် နည်းပြက ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းကတော့ အပြောင်းအရွှေ့ အတွက် ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီး ဇီယက်နဲ့ ဝါနာတို့ အပြီးမှာ ဦးစားပေး ပစ်မှတ်ထားနေတာက ချေးဝဲလ် ဖြစ်ပါတယ်။ လက်ရှိ အသင်းရဲ့ ဘယ်စွန်က အလွန်ဆို၊ အီမာဆန်တို့ဟာ ချယ်ဆီးနည်းပြ လမ်းပတ် စိတ်ချ အားထားရတဲ့ အနေအထား မရှိတာကြောင့် ဘယ်စွန်တစ်ဦးတော့ သေချာပေါက် ခေါ်ဖို့ ချယ်ဆီးတို့ အားထည့် ပြင်ဆင်နေပါတယ်။

Zawgyi – လာမယ့္ အေျပာင္းအေရႊ႕မွာ လက္စတာ ဘယ္စြန္ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကို ေခၚယူဖို႔ ခ်ယ္ဆီးအသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ အားေကာင္း လာေစမယ့္ အတည္ျပဳမႈမ်ိဳးကို ေအဂ်က္က ၾကားျဖတ္ ျပဳလုပ္သြားပါတယ္။ အဲဒါကေတာ့ ေခ်း၀ဲလ္ကို လက္လႊတ္ရရင္ အစားထိုးဖို႔ ကစားသမား ရွာေဖြေနတဲ့ လက္စတာရဲ႕ ပစ္မွတ္ ခံစစ္မွဴး တဂ္လီရာဖီဂို ကို ေအဂ်က္က ထြက္ခြာခြင့္ ျပဳမွာ ျဖစ္ပါတယ္။

ဘန္ေခ်း၀ဲလ္ကို လက္မလႊတ္ဘူး တင္းခံေနတဲ့ လက္စတာ အေနနဲ႕လည္း အစားထိုးဖို႔ စိတ္ၾကိဳက္ ကစားသမား ရမယ္ ဆိုရင္ ေျပာင္းေရႊ႕ေၾကး ေကာင္းနဲ႕ အဂၤလန္သားကို လက္လႊတ္ဖို႔ အလားအလာ မ်ားေနပါတယ္။ ဘရန္ဒန္ ေရာ္ဂ်ာက ေအဂ်က္ ခံစစ္မွဴး တဂ္လီရာဖီဂို ရဲ႕ ပရိသတ္ တစ္ဦး ျဖစ္ျပီး အာဂ်င္တိုင္းသားကို ရမယ္ဆိုရင္ ေခၚဖို႔ အသင့္ ရွိေနတာပါ။

တဂ္လီရာဖီဂို ကို တကယ္ေတာ့ ခ်ယ္ဆီးကလည္း ေခ်း၀ဲလ္ကို မရရင္ လႈပ္ရွားဖို႔ ေစာင့္ၾကည့္ေနျပီး ၄င္းကို အာဆင္နယ္ကလည္း ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

ေအဂ်က္ နည္းျပ တန္ဟက္ကေတာ့ သူ႔ ကစားသမားကို ထြက္ခြာခြင့္ ျပဳမယ္ အတည္ျပဳလိုက္တာေၾကာင့္ အာဆင္နယ္နဲ႕ လက္စတာတို႔ အဓိက အားျပိဳင္ဖို႔ ရွိျပီး ေခ်း၀ဲလ္ ေရာင္းရေငြ ေသခ်ာရင္ေတာ့ လက္စတာက ပို အေရးသာနိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကစားသမား အေနနဲ႕လည္း ခ်န္ပီယံလိဂ္ ကစားခြင့္ ရဖြယ္ ရွိတဲ့ လက္စတာကို ပို အေလးေပးဖြယ္ ရွိေနတာပါ။

” အိုနာနာနဲ႕ ဗန္ဒါဘိတို႔ကေတာ့ ေအဂ်က္မွာ ေနာက္တစ္နွစ္ ဆက္ေနဖြယ္ ရွိပါေသးတယ္။ တဂ္လီရာဖီဂို ကေတာ့ အသက္အရြယ္ အရ အေျခအေန မတူပါဘူး။ ဒီေတာ့ သူ႔ကို လက္လႊတ္ဖို႔ က်ေနာ္တို႔ ျပင္ဆင္ေနရပါတယ္။ ” လို႔ ေအဂ်က္ နည္းျပက ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းကေတာ့ အေျပာင္းအေရႊ႕ အတြက္ ခပ္သြက္သြက္ လႈပ္ရွားေနတဲ့ အသင္း ျဖစ္ျပီး ဇီယက္နဲ႕ ၀ါနာတို႔ အျပီးမွာ ဦးစားေပး ပစ္မွတ္ထားေနတာက ေခ်း၀ဲလ္ ျဖစ္ပါတယ္။ လက္ရွိ အသင္းရဲ႕ ဘယ္စြန္က အလြန္ဆို၊ အီမာဆန္တို႔ဟာ ခ်ယ္ဆီးနည္းျပ လမ္းပတ္ စိတ္ခ် အားထားရတဲ့ အေနအထား မရွိတာေၾကာင့္ ဘယ္စြန္တစ္ဦးေတာ့ ေသခ်ာေပါက္ ေခၚဖို႔ ခ်ယ္ဆီးတို႔ အားထည့္ ျပင္ဆင္ေနပါတယ္။