ယူနိုက်တက် ကြယ်ပွင့်ကစားသမား ငါးဦးထိ အရောင်းစာရင်း တင်ဖို့ ဆိုးရှား ပြင်ဆင်နေ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ဒီနွေမှာ ပြောင်းရွှေ့ကြေးမြင့်တဲ့ ဆန်ချိုကို ခေါ်ယူလိုနေတာကြောင့် အသုံးစရိတ် လုံလောက်စွာ ရနိုင်ဖို့ လက်ရှိ စီနီယာအသင်းမှ ကြယ်ပွင့် ကစားသမား ငါးဦးထိ ရောင်းချကာ ငွေရှာသွားဖို့ ပြင်ဆင်နေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ဒေါ့မွန် တောင်ပံတိုက်စစ်သမားဟာ တန်ကြေးမြင့် အလားအလာကောင်း ကစားသမား ဖြစ်ပြီး ဒေါ့မွန်က ပေါင် သန်း ၁၁၀ ထိ တောင်းဆိုနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြပ်အတည်းကြောင့် ယူနိုက်တက် ဘုတ်အဖွဲ့က အသုံးစရိတ် များစွာ သုံးစွဲနိုင်ခြင်း ရှိဖို့ မသေချာတာကြောင့် ဆိုးရှားက သူ့နည်းသူ့ဟန်နဲ့ အသုံးစရိတ် ရှာဖွေရန် စီစဉ်လာတာ ဖြစ်ပါတယ်။

အသင်း ကြယ်ပွင့် ကစားသမားတွေကို ရောင်းချတာက ပြန်ရမယ့် ပြောင်းရွှေ့ကြေး အပြင် ၎င်းတို့ရဲ့ မြင့်မားတဲ့ လစာ ဝန်ထုပ်လည်း လျော့ သွားမှာ ဖြစ်လို့ ဆိုးရှား အနေနဲ့ ပိုပြီး အခွင့်အလမ်း သာလာမှာပါ။

ယူနိုက်တက် တိုက်စစ်သမား ဂျေဆီ လင်ဂတ်က အသင်း က ထွက်ခွာလုနီး ဖြစ်ပြီး အကယ်ဒမီထွက် ပါရဲရားကလည်း ယူနိုက်တက်နဲ့ လမ်းခွဲဖွယ် ရှိတဲ့ ကစားသမား စာရင်းထဲ ပါဝင်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သား ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ စမောလင်းနဲ့ ဖီးလ်ဂျုံးစ်ကို လည်း အသင်းက ရောင်းချ လိုနေပါတယ်။

အဆိုပါ ကစားသမားလေးယောက်ကို ဆိုးရှားက ရောင်းချလိုတဲ့ အပြင် ဆန်းချက်ကိုတော့ ၎င်းရဲ့ တစ်ပတ် လစာ ပေါင် ၄ သိန်းက ဝန်ထုပ် ဝန်ပိုး ဖြစ်နေတာကြောင့် ချီလီသားကို ဆက်ခေါ်ထားချင်သည့်တိုင် လစာကြောင့် ရောင်းချဖို့ ထည့်သွင်း စဉ်းစားနေပါတယ်။

ဆန်းချက်က လက်ရှိမှာ အင်တာမီလန်မှာ အငှား သွားရောက် ကစားနေပြီး တကယ်လို့ အပြီးမရောင်းလိုသေးပါက ဆိုးရှား အနေနဲ့ ချီလီသားကို အငှား စေလွှတ်ထားတာ ဖြစ်ဖြစ် ဆက်လုပ်ကာ လစာဝန်ကို ထိန်းသွားနိုင်ဖွယ်တော့ ရှိပါတယ်။

လင်ဂတ်ရဲ့ တန်ကြေးကတော့ ဒီတလောမှာ သူ့ခြေစွမ်းကြောင့် ဆက်တိုက် ကျဆင်းနေပြီး ယူနိုက်တက် အနေနဲ့ ပေါင် သန်း ၂၀ လောက်ထိတော့ အင်္ဂလန်သား အတွက် ပြန်ရဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် စမောလင်းနဲ့ ဂျုံးစ် ရောင်းချခြင်းကနေ ပေါင် ၁၀ သန်းနဲ့ ပေါင် ၅ သန်း အသီးသီး ရဖွယ် ရှိနိုင်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ဒီေႏြမွာ ေျပာင္းေရႊ႕ေၾကးျမင့္တဲ့ ဆန္ခ်ိဳကို ေခၚယူလိုေနတာေၾကာင့္ အသံုးစရိတ္ လံုေလာက္စြာ ရနိုင္ဖို႔ လက္ရွိ စီနီယာအသင္းမွ ၾကယ္ပြင့္ ကစားသမား ငါးဦးထိ ေရာင္းခ်ကာ ေငြရွာသြားဖို႔ ျပင္ဆင္ေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမားဟာ တန္ေၾကးျမင့္ အလားအလာေကာင္း ကစားသမား ျဖစ္ျပီး ေဒါ့မြန္က ေပါင္ သန္း ၁၁၀ ထိ ေတာင္းဆိုေနပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ အၾကပ္အတည္းေၾကာင့္ ယူနိုက္တက္ ဘုတ္အဖြဲ႕က အသံုးစရိတ္ မ်ားစြာ သံုးစြဲနုိင္ျခင္း ရွိဖို႔ မေသခ်ာတာေၾကာင့္ ဆိုးရွားက သူ႔နည္းသူ႔ဟန္နဲ႕ အသံုးစရိတ္ ရွာေဖြရန္ စီစဥ္လာတာ ျဖစ္ပါတယ္။

အသင္း ၾကယ္ပြင့္ ကစားသမားေတြကို ေရာင္းခ်တာက ျပန္ရမယ့္ ေျပာင္းေရႊ႕ေၾကး အျပင္ ၄င္းတို႔ရဲ႕ ျမင့္မားတဲ့ လစာ ၀န္ထုပ္လည္း ေလ်ာ့ သြားမွာ ျဖစ္လို႔ ဆိုးရွား အေနနဲ႕ ပိုျပီး အခြင့္အလမ္း သာလာမွာပါ။

ယူနိုက္တက္ တိုက္စစ္သမား ေဂ်ဆီ လင္ဂတ္က အသင္း က ထြက္ခြာလုနီး ျဖစ္ျပီး အကယ္ဒမီထြက္ ပါရဲရားကလည္း ယူနိုက္တက္နဲ႕ လမ္းခြဲဖြယ္ ရွိတဲ့ ကစားသမား စာရင္းထဲ ပါ၀င္ပါတယ္။ ဒါ့အျပင္ အဂၤလန္သား ခံစစ္မွဴး နွစ္ဦး ျဖစ္တဲ့ စေမာလင္းနဲ႕ ဖီးလ္ဂ်ံဳးစ္ကို လည္း အသင္းက ေရာင္းခ် လိုေနပါတယ္။

အဆိုပါ ကစားသမားေလးေယာက္ကို ဆိုးရွားက ေရာင္းခ်လိုတဲ့ အျပင္ ဆန္းခ်က္ကိုေတာ့ ၄င္းရဲ႕ တစ္ပတ္ လစာ ေပါင္ ၄ သိန္းက ၀န္ထုပ္ ၀န္ပိုး ျဖစ္ေနတာေၾကာင့္ ခ်ီလီသားကို ဆက္ေခၚထားခ်င္သည့္တိုင္ လစာေၾကာင့္ ေရာင္းခ်ဖို႔ ထည့္သြင္း စဥ္းစားေနပါတယ္။

ဆန္းခ်က္က လက္ရွိမွာ အင္တာမီလန္မွာ အငွား သြားေရာက္ ကစားေနျပီး တကယ္လို႔ အျပီးမေရာင္းလိုေသးပါက ဆိုးရွား အေနနဲ႕ ခ်ီလီသားကို အငွား ေစလႊတ္ထားတာ ျဖစ္ျဖစ္ ဆက္လုပ္ကာ လစာ၀န္ကို ထိန္းသြားနုိင္ဖြယ္ေတာ့ ရွိပါတယ္။

လင္ဂတ္ရဲ႕ တန္ေၾကးကေတာ့ ဒီတေလာမွာ သူ႔ေျခစြမ္းေၾကာင့္ ဆက္တိုက္ က်ဆင္းေနျပီး ယူနိုက္တက္ အေနနဲ႕ ေပါင္ သန္း ၂၀ ေလာက္ထိေတာ့ အဂၤလန္သား အတြက္ ျပန္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါ့အျပင္ စေမာလင္းနဲ႕ ဂ်ံဳးစ္ ေရာင္းခ်ျခင္းကေန ေပါင္ ၁၀ သန္းနဲ႕ ေပါင္ ၅ သန္း အသီးသီး ရဖြယ္ ရွိနုိင္ပါတယ္။