ဂန်းနားတို့ ညာစွန်ပစ်မှတ်၊ ယူနိုက်တက်က ခွာမယ့် ပေါ့ဘာ၊ ရူဒီဂါကိစ္စ မပြောလိုခြင်းနဲ့ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းဟာ အူဒီးနိစ် အသင်းမှ ညာစွန်ခံစစ်သမား မိုလီနာ ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အာဆင်နယ်က အူဒီးနိစ်မှာ အငှားသွား ကစားနေတဲ့ ပက်ဘလို မာရီနဲ့ အလဲအထပ် လုပ်ဖို့ ကြံရွယ်နေပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေသလို ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ထံကနေ စာချုပ် ကမ်းလှမ်းမှုတွေ ရရှိ ထားပါတယ်။ သူဟာ ရာသီကုန်ခါနီး ဒီလိုအချိန်မှ ဒဏ်ရာ ရခဲ့တာကြောင့် အိုးထရက်ဖို့ဒ်နဲ့ ဇာတ်လမ်းပြတ်သွားပြီး ဒီနွေမှာ အလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။

ဂျူဗင်တပ်ဟာ ဘယ်အစွန်နေရာအတွက် ဟော့ဖန်ဟိန်းရဲ့ ဒေးဗစ်ရမ်ကို စောင့်ကြည့်နေပါတယ်။ သူဟာ အယ်လီဂရီရဲ့ ပုံစံနဲ့ အံဝင်မှာဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ကိုပါ ကူညီပေးနိုင်လိမ့်မယ်လို့ စီးရီးအေကလပ်က ယုံကြည်နေတာပါ။

ဘိုင်ယန်မြူးနစ်ဟာ အေဂျက်တိုက်စစ်မှူး ဆီဘက်ရှန်ဟယ်လာအပေါ် စိတ်ဝင်စားမှုကို ပြသခဲ့ပြီး သူ့ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး ထွက်ခွာသွားမယ်ဆိုရင် ဟယ်လာက ဘိုင်ယန်အတွက် အစားထိုးဖို့ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။

ဒေါ့မွန်ဟာ ဟာလန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ဟူဂို အီကီတီကီနဲ့ အဒမ်ဟိုဇက်တို့ကို ရွေးချယ်ထားပါတယ်။ ဟာလန်း ဟာ ဒီနွေမှာ မွေးရပ်မြေကို စွန့်ခွာတော့မှာဖြစ်ပြီး မန်စီးတီးထံ ရောက်ရှိဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။

မာဆေးဟာ အက်စ်တွန်ဗီလာကြယ်ပွင့် မော်ဂန် ဆန်ဆွန်ကို ဒီနွေမှာ ပြန်လည်ခေါ်ယူခဲ့ပြီး စိတ်ဝင်စားနေပါတယ်။ ၂၀၂၁ မှာ ဗီလာကို ရောက်လာပြီးကတည်းက ရုန်းကန်ခဲ့ရတဲ့သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ဗီလာက ထွက်ခွာခွင့်ပြုမှာပါ။

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကတော့ ရူဒီဂါနဲ့ သတင်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး ဂျာမန်သားဟာ အခု ချယ်ဆီး ကစားသမားပဲ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာမှာ ၁၂လ သက်တမ်းတိုးဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ဒီနွေမှာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ချိတ်ဆက်နိုင်တော့မှာ မဟုတ်ပါဘူး။

အင်တာမှာ ကွန်တီလက်အောက် ကစားခဲ့တဲ့ ဒီဗရစ်ဟာ စပါးနဲ့ ချိတ်ဆက်မှု ရှိခဲ့ပြီး နွေရာသီမှာ ကမ်းလှမ်းမှု ရရှိနိုင်ပါတယ်။ သူ့ရဲ့စာချုပ်က ၂၀၂၃ နွေရာသီမှာ သက်တမ်းကုန်တော့မှာဖြစ်လို့ အင်တာက လျှော့ဈေးနဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ဆန္ဒရှိနေတာပါ။

မန်ယူနိုက်တက်၊ မိုနာကိုနဲ့ လိုင်ယွန်တို့ဟာ ဝက်စ်ဟမ်း ဗဟိုနောက်ခံလူ ဒီယော့ကို စိတ်ဝင်စားနေပါတယ်။ သူ့ရဲ့ စာချုပ်က ၂၀၂၃ နွေရာသီမှာ သက်တမ်း ကုန်မှာ ဖြစ်ပေမယ့် နောက်တစ်နှစ် သက်တမ်းတိုးခွင့် ရှိနေတာပါ။