အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို တုန့်ပြန်လိုက်တဲ့ ဗလင်စီယာ ကွင်းလယ် ကားလို့စ်ဆိုလာ

အာဆင်နယ်အသင်း လိုက်လံ ချိတ်ဆက်နေတဲ့ ကွင်းလယ်ကစားသမား ကားလို့စ် ဆိုလာကတော့ ဗလင်စီယာမှာပဲ ၎င်းရဲ့ ကစားသမား ဘဝကို အဆုံးသတ်လိုနေပြီး အသင်းပြောင်းလိုခြင်း မရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက စပိန်သား ကွင်းလယ်သမားကို သဘောကျသူ ဖြစ်ပြီး ဒီတလော သတင်းပတ်တွေထဲမှာ ဂန်းနားတွေ ဘက်က ဆိုလာကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းကတော့ အသင်းပြောင်းဖို့ထက် လက်ရှိကလပ်မှာပဲ ဆက်နေ သွားချင်ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

အသက် ၂၃ နှစ် အရွယ် ကွင်းလယ်သမားဟာ ကွင်းလယ်ဗဟိုမှာ ကစားနိုင်သလို တောင်ပံလည်း ထွက်ကစားနိုင်သူ ဖြစ်ပါတယ်။ လူငယ် ကစားသမား ဘ၀ ၂၀၀၅ တည်းက စလို့ ဗလင်စီယာအသင်းမှာ ရှိခဲ့တဲ့ ဆိုလာက ပထမအသင်းကြီးနဲ့ အတူ ၂၀၁၆ မှာ စတင် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာကပဲ ဗလင်စီယာနဲ့ ၄ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာကြောင့် ၂၀၂၃ ထိ လက်ရှိကလပ်မှာ ဆက်ရှိနေနိုင်ပြီး ဆိုလာရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၁၅၀ လို့ စာချုပ်မှာ ထည့်သွင်းထားပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ဘောလုံးရာသီကုန်မှာ အငှားခေါ်ထားတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကို လက်လွှတ်ရဖွယ် ရှိပြီး ကွင်းလယ် အားဖြည့်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ကားလို့စ် ဆိုလာကို နည်းပြ အာတီတာက အကြိုက်တွေ့ပေမယ့် ကစားသမားက ပြောင်းဖို့ ဆန္ဒ မရှိတဲ အပြင် စာချုပ်ဖျက်သိမ်းကြေး မြင့်မားနေတာက အပြောင်းအရွှေ့ ဖြစ်လာဖို့ အခွင့်အရေး နည်းပါးစေမှာပါ။

Zawgyi – အာဆင္နယ္အသင္း လိုက္လံ ခ်ိတ္ဆက္ေနတဲ့ ကြင္းလယ္ကစားသမား ကားလို႔စ္ ဆိုလာကေတာ့ ဗလင္စီယာမွာပဲ ၄င္းရဲ႕ ကစားသမား ဘ၀ကို အဆံုးသတ္လိုေနျပီး အသင္းေျပာင္းလိုျခင္း မရွိေၾကာင္း တုန္႔ျပန္လိုက္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာက စပိန္သား ကြင္းလယ္သမားကို သေဘာက်သူ ျဖစ္ျပီး ဒီတေလာ သတင္းပတ္ေတြထဲမွာ ဂန္းနားေတြ ဘက္က ဆိုလာကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ၄င္းကေတာ့ အသင္းေျပာင္းဖို႔ထက္ လက္ရွိကလပ္မွာပဲ ဆက္ေန သြားခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆုိလာခဲ့တာပါ။

အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္သမားဟာ ကြင္းလယ္ဗဟိုမွာ ကစားနုိင္သလို ေတာင္ပံလည္း ထြက္ကစားနုိင္သူ ျဖစ္ပါတယ္။ လူငယ္ ကစားသမား ဘ၀ ၂၀၀၅ တည္းက စလို႔ ဗလင္စီယာအသင္းမွာ ရွိခဲ့တဲ့ ဆိုလာက ပထမအသင္းၾကီးနဲ႕ အတူ ၂၀၁၆ မွာ စတင္ ပါ၀င္ ကစားခြင့္ ရခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာကပဲ ဗလင္စီယာနဲ႕ ၄ နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆုိထားတာေၾကာင့္ ၂၀၂၃ ထိ လက္ရွိကလပ္မွာ ဆက္ရွိေနနုိင္ျပီး ဆိုလာရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူရို သန္း ၁၅၀ လို႔ စာခ်ဳပ္မွာ ထည့္သြင္းထားပါတယ္။

အာဆင္နယ္ဟာ လက္ရွိ ေဘာလံုးရာသီကုန္မွာ အငွားေခၚထားတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကို လက္လႊတ္ရဖြယ္ ရွိျပီး ကြင္းလယ္ အားျဖည့္ဖို႔ ရွာေဖြမႈေတြ ျပဳလုပ္ေနပါတယ္။ ကားလို႔စ္ ဆိုလာကို နည္းျပ အာတီတာက အၾကိဳက္ေတြ႔ေပမယ့္ ကစားသမားက ေျပာင္းဖို႔ ဆႏၵ မရွိတဲ အျပင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ျမင့္မားေနတာက အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ အခြင့္အေရး နည္းပါးေစမွာပါ။