လီဗာပူးအသင်းဟာ မန်နေဂျာ ယာဂင်ကလော့ပ်ကို လက်ရှိစာချုပ် ၂၀၂၄ မှာ ကုန်ဆုံးရင် ဆက်လက် သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ စတင်ထားပြီ ဖြစ်ပါတယ်။
အေဂျက်တိုက်စစ်မှူး ဟယ်လာဟာ အိုးထရက်ဖို့ဒ်ထံ တန်ဟက်နဲ့အတူ လိုက်ပါလာဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြသစ်အဖြစ် တရားဝင်ကြေညာခဲ့ပြီးဖြစ်သလို ရာသီသစ်မှာ ဟယ်လာကိုပါ ခေါ်လာနိုင်ပါတယ်။
နာမည်ကျော် အေးဂျင့် ရွိုင်းအိုလာဟာ အဖျားဝေဒနာနဲ့ ကွယ်လွန်သွားပြီလို့ အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ညာလက်ရုံး ဖောတက်စ် ရိုဒရီဂွက်ဇ်ကတော့ ရွိုင်းအိုလာ အခြေအနေ ဆိုးပေမယ့် မကွယ်လွန်သေးဘူးလို့ ပြန်လည် အသိပေးလာပါတယ်။

ဒါဘီအသင်းနည်းပြ ဝိန်းရွန်းနီဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဘန်လေအသင်းမှာ နည်းပြ အဖြစ် တာဝန်ယူဖို့ သတင်းထွက်လာပါတယ်။
အာဆင်နယ်အသင်းဟာ မြောက်လန်ဒန်မှာ ဆက်ရှိနေဖို့ မသေချာတော့တဲ့ ဝီလျံ ဆာလီဘာရဲ့ အေးဂျင့် ဖြစ်သူနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
မန်ယူနိုက်တက်ဟာ ဂိုးသမား ဒီဂီယာနဲ့ စာချုပ်သက်တမ်းတိုး ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ စပိန်သားဟာ မနှစ်က အိုးလ်ထရက်ဖို့ဒ်မှာ ယာယီ နေရာပျောက်သလို ဖြစ်ခဲ့ပေမယ့် ပွဲထွက်နေရာကို ပြန်လည်ရယူခဲ့ပြီး စာချုပ်သစ် ထပ်ချုပ်ဖို့ အလားအလာရှိနေပါတယ်။
အနာဂတ် မရေရာတဲ့ သတင်းတွေ ထွက်နေပေမယ့် ချယ်ဆီးနည်းပြ တူချယ်ကတော့ အသင်းအပေါ်မှာ အပြည့်အဝ အာရုံစိုက်သွားမှာ ဖြစ်ပြီး နောက်ရာသီ ဆက်ရှိနေမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

အာဆင်နယ် စိတ်ဝင်စားနေတဲ့ တိုက်စစ်မှုး တန်မီ အေဗရာဟမ် အတွက် ရိုးမားကတော့ ပေါင် ၆၇ သန်း လို့ ဈေးသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီဟာ ရူဒီဂါကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရာမှာ မသိသလို ဟန်ဆောင်နေခဲ့ပါတယ်။ ရူဒီဂါဟာ ဒီနွေမှာ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီး သူ့ရဲ့ ချယ်ဆီးကစားသမားဘဝက ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ရင် အဆုံးသတ်သွားတော့မှာပါ။
