ဘရိုက်တန် Vs ယူနိုက်တက်ပွဲ စကိုင်းစပေါ့ သုံးသပ် ခန့်မှန်းချက်

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်ရောက်ပြီးတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲတွေဘက် ပြန်လှည့်ရတော့မှာ ဖြစ်ပြီး ဒီတစ်ပတ်မှာ ဘရိုက်တန်နဲ့ တွေ့ဆုံနေပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၄၅ နာရီမှာ ဘရိုက်တန်ကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ဒီပွဲအတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်ကတော့ အခုလို သုံးသပ်ထားပြီး ရလဒ်ပါ ခန့်မှန်းထားပါတယ်။

” ဒီပွဲကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း လက်ရှိ ဘယ်လိုအနေအထားလဲ အဖြေပေါ်စေမယ့် ပွဲပါ။ အရင်ကတော့ သူတို့တွေက ဘရိုက်တန်လို အသင်းတွေကို အဝေးကွင်းမှာ အနိုင်ယူဖို့ ရုနးကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီကဆို အေမက်စ် ကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒါ့အပြင် ပွဲတွေ ပြန်စချိန်မှာ ဘရိုက်တန်က နှစ်ပွဲ ကစား လေးမှတ် ရထားတော့ မဆိုးတဲ့ အခြေအနေ ရှိနေပါတယ်။

ဘရိုက်တန်က အသက်ရှူ ချောင်နေပေမယ့် အနားပတ်လည်က အသင်းတွေ အခြေအနေပေါ် မူတည်ပြီးလည်း ပြောင်းလဲသွားနိုင်လို့ သတိကြီး ထားနေရဆဲပါ။ အမှတ်ကွာဟချက်က တန်းဆင်းဇုန် အတွက် စိတ်ချရတဲ့ အနေအထား မဟုတ်ပါဘူး။

ယူနိုက်တက်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ညက်ညောတဲ့ အရွေ့တွေက အကောင်းဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ပေါ့ဘာက တိုက်စစ်သမားတွေ ကို လိုက်ပါ ပံ့ပိုး ပေးနိုင်ဦးမှာပါ။ ကျနော်ကတော့ ဘယ်ခြေသန်တဲ့ မေဆန် ဂရင်းဝုဒ် ညာတောင်ပံက ဝင်ကစားရင် သဘောကျမိပါတယ်။ ဘောလုံးရာသီရဲ့ ဒီလို အချိန် ဆိုတာက ရွေ့လျားမှုတိုင်း အရေးကြီးနေတာပါ။

ပြိုင်ဘက်အသင်းတွေဟာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရရင် အထိုင်ချ ခံစစ်ကစားဖို့ လိုနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာက သန်မာမှုတွေ ရှိနေပါပြီ။ သူတို့ ချယ်ဆီးနဲ့ ဝုဗ်တို့ဟာ အမှတ်ပေးဇယားမှာ အမှားခံလို့ မရဘဲ အပြင်းအထန် တိုက်ခိုက်နေရတဲ့ အနေအထား ရှိနေပါတယ်။ အဝေးကွင်းမှာ ယူနိုက်တက်တို့ သိပ်ကြီး မမာသည့်တိုင် ယုံကြည်မှုက တဖြည်းဖြည်း တက်နေပါတယ်။ သူတို့က ရလဒ်ကောင်း ပုံစံကောင်း ဆက်ယူသွားဦးမှာပါ။ ” လို့ ချာလီက သုံးသပ်ခဲ့ပါတယ်။

ချာလီ နစ်ကိုးလပ်စ် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် ၁-၃ ယူနိုက်တက်။

Zawgyi – အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ တက္ေရာက္ျပီးတဲ့ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ ပြဲေတြဘက္ ျပန္လွည့္ရေတာ့မွာ ျဖစ္ျပီး ဒီတစ္ပတ္မွာ ဘရိုက္တန္နဲ႕ ေတြ႔ဆံုေနပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၁ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၄၅ နာရီမွာ ဘရိုက္တန္ကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။

ဒီပြဲအတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္ကေတာ့ အခုလို သံုးသပ္ထားျပီး ရလဒ္ပါ ခန္႔မွန္းထားပါတယ္။

” ဒီပြဲကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း လက္ရွိ ဘယ္လိုအေနအထားလဲ အေျဖေပၚေစမယ့္ ပြဲပါ။ အရင္ကေတာ့ သူတို႔ေတြက ဘရိုက္တန္လို အသင္းေတြကို အေ၀းကြင္းမွာ အနိုင္ယူဖို႔ ရုနးကန္ခဲ့ရပါတယ္။ ျပီးခဲ့တဲ့ ရာသီကဆို ေအမက္စ္ ကြင္းမွာ ၃-၂ နဲ႕ အေရးနိမ့္ခဲ့တာပါ။ ဒါ့အျပင္ ပြဲေတြ ျပန္စခ်ိန္မွာ ဘရိုက္တန္က နွစ္ပြဲ ကစား ေလးမွတ္ ရထားေတာ့ မဆိုးတဲ့ အေျခအေန ရွိေနပါတယ္။

ဘရိုက္တန္က အသက္ရွဴ ေခ်ာင္ေနေပမယ့္ အနားပတ္လည္က အသင္းေတြ အေျခအေနေပၚ မူတည္ျပီးလည္း ေျပာင္းလဲသြားနုိင္လို႕ သတိၾကီး ထားေနရဆဲပါ။ အမွတ္ကြာဟခ်က္က တန္းဆင္းဇုန္ အတြက္ စိတ္ခ်ရတဲ့ အေနအထား မဟုတ္ပါဘူး။

ယူနိုက္တက္မွာေတာ့ ဘရူနို ဖာနန္ဒက္စ္ရဲ႕ ညက္ေညာတဲ့ အေရြ႕ေတြက အေကာင္းဆံုး ျဖစ္ေနပါတယ္။ ဒါ့အျပင္ ေပါ့ဘာက တိုက္စစ္သမားေတြ ကို လိုက္ပါ ပံ့ပိုး ေပးနုိင္ဦးမွာပါ။ က်ေနာ္ကေတာ့ ဘယ္ေျခသန္တဲ့ ေမဆန္ ဂရင္း၀ုဒ္ ညာေတာင္ပံက ၀င္ကစားရင္ သေဘာက်မိပါတယ္။ ေဘာလံုးရာသီရဲ႕ ဒီလို အခ်ိန္ ဆိုတာက ေရြ႕လ်ားမႈတိုင္း အေရးၾကီးေနတာပါ။

ျပိဳင္ဘက္အသင္းေတြဟာ ယူနုိက္တက္နဲ႕ ရင္ဆုိင္ရရင္ အထိုင္ခ် ခံစစ္ကစားဖို႔ လိုေနပါတယ္။ ဒါေပမယ့္ ယူနိုက္တက္မွာက သန္မာမႈေတြ ရွိေနပါျပီ။ သူတို႔ ခ်ယ္ဆီးနဲ႕ ၀ုဗ္တို႔ဟာ အမွတ္ေပးဇယားမွာ အမွားခံလုိ႕ မရဘဲ အျပင္းအထန္ တိုက္ခိုက္ေနရတဲ့ အေနအထား ရွိေနပါတယ္။ အေ၀းကြငး္မွာ ယူနိုက္တက္တို႔ သိပ္ၾကီး မမာသည့္တိုင္ ယံုၾကည္မႈက တျဖည္းျဖည္း တက္ေနပါတယ္။ သူတို႔က ရလဒ္ေကာင္း ပံုစံေကာင္း ဆက္ယူသြားဦးမွာပါ။ ” လို႔ ခ်ာလီက သံုးသပ္ခဲ့ပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္းရလဒ္။ ။ ဘရိုက္တန္ ၁-၃ ယူနိုက္တက္။