ဘာမင်ဂမ်စီးတီး လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်က အင်္ဂလန်သား ဆန်ချို တစ်ယောက် ဒေါ့မွန်မှာ ခြေစွမ်းပြနေတာကို အထင်ကြီး အားကျနေတဲ့ အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်မခံလိုဘဲ ဘွန်ဒစ်လီဂါကလပ်ကို ရွေးချယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့သာ ရှိတာ မဟုတ်ဘဲ တခြား အားကိုးရတဲ့ ကွင်းလယ်သမားတွေ ရှိသေးကြောင်း မိုက်ကယ် ကားရစ်က ဆိုလိုက်ပြီး ဒီနှစ်ယောက် အကြောင်းချည်း ပြောနေတာက မျှတမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
နောဝစ်ချ်နဲ့ ပွဲမှာ ယူနိုက်တက် အသင်းသားတွေက လန်းဆန်းသင့်သလောက် မလန်းဘဲ ကွင်းလယ်မှာလည်း နှေးကွေးမှုတွေ ရှိခဲ့ကြောင်း အသင်းခေါင်းဆောင် မက်ဂွဲရားက ဆိုလိုက်ပြီး ထိုပွဲကို ပြန်ကြည့်ကာ သုံးသပ်ပြင်ဆင်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားက စီနီယာအသင်းမှာ ကစားသမား ငါးဦးထိ ရောင်းချသွားရန် ပြင်ဆင်နေပြီး လင်ဂတ်၊ ပါရဲရား၊ စမောလင်း၊ ဖီးလ်ဂျုံးစ်နဲ့ ဆန်းချက်တို့ ပါဝင်နေပါတယ်။
လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုက ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ကို လန်ဒန် ကလပ်ထံ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
ယူနိုက်တက် စိတ်ဝင်စားတယ် သတင်းထွက်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို အာဆင်နယ် အသင်းကတော့ လုံး၀ ရောင်းချဖို့ အစီအစဉ် မရှိကြောင်း အသိပေးခဲ့ပါတယ်။
Zawgyi – ဘာမင္ဂမ္စီးတီး လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟန္က အဂၤလန္သား ဆန္ခ်ိဳ တစ္ေယာက္ ေဒါ့မြန္မွာ ေျခစြမ္းျပေနတာကို အထင္ၾကီး အားက်ေနတဲ့ အတြက္ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို လက္မခံလိုဘဲ ဘြန္ဒစ္လီဂါကလပ္ကို ေရြးခ်ယ္တာ ျဖစ္တယ္လို႔ သိရပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္မွာ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔သာ ရွိတာ မဟုတ္ဘဲ တျခား အားကိုးရတဲ့ ကြင္းလယ္သမားေတြ ရွိေသးေၾကာင္း မိုက္ကယ္ ကားရစ္က ဆိုလိုက္ျပီး ဒီနွစ္ေယာက္ အေၾကာင္းခ်ည္း ေျပာေနတာက မွ်တမႈ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ေနာ၀စ္ခ်္နဲ႕ ပြဲမွာ ယူနုိက္တက္ အသင္းသားေတြက လန္းဆန္းသင့္သေလာက္ မလန္းဘဲ ကြင္းလယ္မွာလည္း ေႏွးေကြးမႈေတြ ရွိခဲ့ေၾကာင္း အသင္းေခါင္းေဆာင္ မက္ဂြဲရားက ဆိုလိုက္ျပီး ထိုပြဲကို ျပန္ၾကည့္ကာ သံုးသပ္ျပင္ဆင္သြားမယ္လို႔ ဆိုခဲ့ပါတယ္။
ယူနုိက္တက္ နည္းျပ ဆိုးရွားက စီနီယာအသင္းမွာ ကစားသမား ငါးဦးထိ ေရာင္းခ်သြားရန္ ျပင္ဆင္ေနျပီး လင္ဂတ္၊ ပါရဲရား၊ စေမာလင္း၊ ဖီးလ္ဂ်ံဳးစ္နဲ႕ ဆန္းခ်က္တို႔ ပါ၀င္ေနပါတယ္။
လက္ရွိ စပါးအသင္းကို ကိုင္တြယ္ေနတဲ့ ယူနုိက္တက္ နည္းျပေဟာင္း ေမာ္ရင္ညိဳက ယူနိုက္တက္ တိုက္စစ္သမား ဆန္းခ်က္ကို လန္ဒန္ ကလပ္ထံ ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း သတင္းထြက္လာပါတယ္။
ယူနိုက္တက္ စိတ္၀င္စားတယ္ သတင္းထြက္ခဲ့တဲ့ ကြင္းလယ္ကစားသမား ဂြမ္ဒူဇီကို အာဆင္နယ္ အသင္းကေတာ့ လံုး၀ ေရာင္းခ်ဖို႔ အစီအစဥ္ မရွိေၾကာင္း အသိေပးခဲ့ပါတယ္။